လူကြီးတွေရဲ့ စိတ်သဘောအတိုင်းမလုပ်ပဲ ငါးနှစ်သမီးလေးရဲ့ ဆန္ဒကိုပါမေးမြန်းခွင့်တောင်းခဲ့တာပါ

အမေဖြစ်သူကိုလက်ထပ်ခွင့်ရဖို့ငါးနှစ်သမီးလေးကိုခွင့်တောင်းခဲ့တဲ့ အမျိုးသား

၂၉နှစ်အရွယ်အမျိုးသားတစ်ယောက်ဟာအမေဖြစ်သူကိုလက်ထပ်ခွင့်ရဖို့ငါးနှစ်သမီးလေးဆီမှာ ခွင့်တောင်းခဲ့ပါတယ်။လူအများစုဟာကလေးတွေရဲ့ ခံစားချက်ကိုထည့်မတွက်ပဲ သူတို့ရဲ့ စိတ်ခံစားချက်အတိုင်းလုပ်ကြပေမဲ့ ဂရန့်ထရစ်ဗက်ဆိုတဲ့အမျိုးသားကတော့ယဉ်ကျေးစွာနဲ့ပဲကလေးရဲ့ ခံစားချက်ကိုမေးမြန်းခဲ့ပါတယ်။။ဂရန့်ထရစ်ဗက်ဆိုတဲ့ အမျိုးသားဟာကတ်စန်ဒရာရစ်ချာဆိုတဲ့အမျိုးသမီးလေးနဲ့ ဖေ့ဘွတ်ခ်ပေါ်မှာစတင်ပြီး ချစ်ခဲ့ကြပါတယ်။တွဲလာတာ၇လကျော်တဲ့အခါမှာတော့ ဂရန့်ဟာ ကတ်စန်ဒရာဆီမှာ အန်ဒရီရာနာဆိုတဲ့ငါးနှစ်သမီးလေးရှိနေတာကိုသိခဲ့ပါတယ်။ဒါပေမဲ့ဂရန့်ဟာ ကတ်စန်ဒရာကိုလက်ထပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူက အမေဖြစ်သူကိုလက်ထပ်ချင်တဲ့အတွက်သမီးဖြစ်သူဆီကခွင့်ပြုချက်တောင်းဖို့လိုတယ်ဆိုတာ နားလည်တဲ့သူတစ်ယောက်ပါ။

ဂရန့်ဟာ ကတ်စန်ဒရာနဲ့သမီးဖြစ်သူကိုနံနက်စာစားဖို့ဖိတ်ခဲ့ပါတယ်။နံနက်စာစားပြီးတဲ့နောက်မှာ ပန်းခြံထဲကိုလမ်းလျှောက်လာခဲ့ပြီးပန်းခြံထဲကသစ်သားတံတားရဲ့ အလယ်မှာ ရပ်လိုက်ပါတယ်။ဂရန့်ဟာ သူ့ရဲ့ ဒူးတစ်ဖက်ကိုထောက်ပြီးကတ်စန်ဒရာကိုလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။ကတ်စန်ဒရာက လက်ခံခဲ့ပြီး ၀မ်းသာလွန်းလို့ငိုတောင်ငိုခဲ့ပါတယ်။ပြီးတော့ဂရန့်ဟာသမီးဖြစ်သူကိုလည်း သူမရဲ့ အဖေအဖြစ်လက်ခံလားဆိုပြီး ဒူးထောက်ပြီးခွင့်တောင်းခဲ့ပါတယ်။အန်ဒရီရာနာလေးကလည်းနောက်ဆုံးတော့ပျော်ရွှင်တဲ့မိသားစုဘ၀လေးပိုင်ဆိုင်ရတော့မယ်ဆိုပြီး ၀မ်းသာစရာအဖြေကိုပေးခဲ့ပါတယ်။လက်ထပ်ခွင့်တောင်းနေတဲ့ပုံလေးတွေကိုတော့အတူလိုက်ပါလာတဲ့သူငယ်ချင်းဖြစ်သူက တိတ်တိတ်လေးရိုက်ပေးထားခဲ့တာလို့သိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations