တစ်သက်လုံးအမှတ်တရဖြစ်သွားစေမယ့်လက်ထပ်ခွင့်တောင်းနည်းလေးတွေ...

ချစ်သူစုံတွဲတွေအတွက်လက်ထပ်ခွင့်အတောင်းခံရတဲ့အချိန်က တကယ့်ကိုစိတ်လှုပ်ရှားစရာကောင်းပြီးရင်ခုန်ရတဲ့အချိန်လေးပါ။

ကိုယ့်ရဲ့လက်တွဲဖော်ကိုဘယ်လိုပုံစံမျိုးနဲ့အံ့သြ၀မ်းသာသွားအောင်ဘယ်လိုလက်ထပ်ခွင့်တောင်းရမလဲဆိုတာစဉ်းစားရခက်နေရင်ဒီထဲကနည်းလမ်းလေးတွေအတိုင်းလုပ်ကြည့်ပါ။

၁။ယောကျာ်းလေးအများစုကတက်တူးထိုးရတာဝါသနာပါကြပါတယ်။အဲ့ဒီတော့ပုံထဲမှာပြထားတဲ့အတိုင်း လက်မှာတက်တူးလေးထိုးပြီးလက်ထပ်ခွင့်တောင်းမယ်ဆိုရင် တစ်သက်လုံးအမှတ်ရစရာအမှတ်တရဖြစ်သွားမှာပါ။

၂။ချီကာဂိုမှာနေတဲ့အမျိုးသားတစ်ယောက်ကတော့သူ့ရဲ့ မိန်းကလေးကို လက်ထပ်ခွင့်တောင်းပုံကအသည်းယားစရာပါပဲ။ငါးပြတိုက်ထဲက ဝေလငါးအဖြူရောင်ကိုသွားကြည့်တဲ့အချိန်မှာဝေလငါးလေးက "မင်းငါ့ကိုလက်ထပ်နိုင်မလား"ဆိုတဲ့စာလေးထည့်ထားတဲ့သေတ္တာကိုယူလာခဲ့တာပဲဖြစ်ပါတယ်။

၃။ရေခဲမုန့်ကြိုက်တဲ့မိန်းကလေးအတွက်သူ့ချစ်သူကစပါယ်ရှယ်ပြင်ဆင်ထားတဲ့ရေခဲမုန့်ကိုမှာယူခဲ့ပြီး ရေခဲမုန့်ဘူးပေါ်မှာစာရေးပြီးလက်ထပ်ခွင့်တောင်းခဲ့တာပဲဖြစ်ပါတယ်။

၎။ပေါလ်ဖီးလစ်ဆိုတဲ့အမျိုးသားတစ်ယောက်ကသူ့ရဲ့ချစ်သူမိန်းကလေးကိုလက်ထပ်ခွင့်တောင်းဖို့အတွက် သူတို့နှစ်ယောက်ရဲ့ စတွေ့တဲအချိန်ကနေစပြီး အရုပ်လေးတွေနဲ့ပုံဖော်ထားတဲ့စာအုပ်ကိုအထူးမှာယူခဲ့ပါတယ်။ပြီးတော့စာကြည့်တိုက်ထဲမှာဒူးထောက်ပြီး သူ့ချစ်သူကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။အမျိုးသမီးလေးက အံ့သြ၀မ်းသာစွာနဲ့လက်ခံခဲ့ပါတယ်။

၅။ဒီတစ်ခါတော့ကောင်လေးကတယ်လီစကုပ်အတွက်မှန်ဘီလူးတစ်ခုကိုကိုယ်တိုင်တီထွင်ခဲ့ပါတယ်။အဲ့မှန်ဘီလူးပေါ်မှာတော့လက်ထပ်ခွင့်တောင်းတဲ့စာကိုရေးခဲ့တာပဲဖြစ်ပါတယ်။ပြီးတော့သူ့ချစ်သူကောင်မလေးကို လကိုကြည့်ချင်လားမေးခဲ့ပြီးအံ့သြ၀မ်းသာသွားအောင်လုပ်ခဲ့တာပဲဖြစ်ပါတယ်။

၆။နောက်ဆုံးတစ်နည်းကတော့အဲဗစ်ရမ်နာဘမ်ဆိုတဲ့အမျိုးသားတစ်ယောက်က ဂျီပီအက်စ်မှာ Will You Marry Me ဆိုတဲ့စာသားလေးပေါ်နေအောင်သေချာလုပ်ခဲ့ပြီးစကရင်ရှော့ရိုက်ခဲ့ပါတယ်။ပြီးတော့ သူ့ကောင်မလေးကိုပြသခဲ့ပြီးလက်ထပ်ခွင့်တောင်းခဲ့တာပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations