ကာကွယ်ခြင်းသည်ကုသခြင်းထက်ကောင်းတယ်ဆိုတဲ့စကားအတိုင်း ရောဂါမဖြစ်ခင်ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားပေးသင့်ပါတယ်။တစ်ကိုယ်ရေသန့်ရှင်းရေးကအရေးကြီးသလို ကိုယ်တွင်းအင်္ဂါတွေကျန်းမာသန်စွမ်းဖို့လည်းလိုအပ်ပါတယ်။အခုအသည်းကျန်းမာရေးအတွက်စားပေးသင့်တဲ့အစားအစာ ၇မျိုးကိုေ

နနွင်းမှုန့်

နနွင်းမှုန့်

နနွင်းမှုန့်စားတာဟာအသည်းကိုသန့်ရှင်းပေးတယ်။သည်းခြေကိုကာကွယ်ပေးတယ်။သည်းခြေရဲ့ လုပ်ဆောင်မှုတွေကိုကူညီပေးတယ်။အဲ့ဒါကြောင့်ဟင်းချက်တဲ့အခါ နနွင်းမှုန့်နည်းနည်းထည့်ချက်တာက အရသာရှိစေရုံသာမက ကျန်းမာရေးကိုလည်းကာကွယ်ပေးပါတယ်။

ပန်းသီး

ပန်းသီး

ပန်းသီးမှာသကြားနဲ့တူတဲ့ဒြပ်တစ်မျိုးပါဝင်တာကြောင့်ခန္ဓာကိုယ်တွင်းသန့်စင်ဖို့နဲ့ အစာချေစနစ်ကဖြစ်ပေါ်တတ်တဲ့အဆိပ်တွေကိုဖယ်ရှားနိုင်ဖို့ကူညီပေးပါတယ်။

ရှောက်ခါးသီး

ရှောက်ခါးသီး

ရှောက်ခါးသီးမှာဗီတာမင်စီပါဝင်တာကြောင့် သွေးတွင်းတစ်ရှူးတွေရဲ့ စွန့်ထုတ်တာ၊စုပ်ယူတာတွေကိုကောင်းမွန်စေဖို့ပူးပေါင်းလုပ်ဆောင်ပေးပါတယ်။အဲ့ဒါအပြင် ဂလူတာသီဝမ်းလို့ခေါ်တဲ့ဓာတ်တစ်မျိုးဟာ ၇၀မီလီဂရမ်လောက်ပါဝင်တာကြောင့်အသည်းထဲမှာရှိတဲ့အဆိပ်အတောက်ဖြစ်စေတာတွေကို တိုက်ဖျက်ပေးဖို့ကူညီဆောင်ရွက်ပေးပါတယ်။

လက်ဖက်စိမ်းရည်

လက်ဖက်စိမ်းရည်

လက်ဖက်စိမ်းရည်မှာအန်တီအောက်ဆိုဒ်ဓာတ်တွေများစွာပါဝင်တာကြောင့် ကင်ဆာရောဂါအမျိုးမျိုးကိုကာကွယ်နိုင်တဲ့အစွမ်းတွေရှိတယ်လို့သိပ္ပံပညာရှင်တွေကပြောခဲ့ကြပါတယ်။

ဆေးဖက်ဝင်အပင်များနဲ့ဟင်းသီးဟင်းရွက်များ

ဆေးဖက်ဝင်အပင်များနဲ့ဟင်းသီးဟင်းရွက်များ

အစိမ်းရောင်ရှိတဲ့ဟင်းသီးဟင်းရွက်တွေဟာအသည်းကိုကာကွယ်ပေးပါတယ်။ဟင်းသီးဟင်းရွက်တွေစားပြီး ခန္ဓာကိုယ်ထဲ သွေးထဲမှာရှိတဲ့အညစ်အကြေးတွေကိုသဘာဝအတိုင်းသန့်စင်ပေးတယ်။အသည်းရဲ့လုပ်ဆောင်မှုတွေကိုမြင့်တက်စေပြီးအာဟာရဓာတ်တွေထုတ်လုပ်ဖို့ကူညီပေးပါတယ်။

သံလွင်ဆီ

သံလွင်ဆီ

သံလွင်ဆီထဲမှာပါဝင်တဲ့အဆီဓာတ်ဟာခန္ဓာကိုယ်ထဲမှာရှိနေတဲ့အဆိပ်အတောက်တွေကိုမြန်မြန်လောင်ကျွမ်းစေဖို့ ကူညီပေးပါတယ်။အသည်းရဲ့လှုပ်ရှားလုပ်ဆောင်မှုတွေကိုလည်း ပိုပြီးကောင်းမွန်စေပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာအသည်းအတွက်ကောင်းမွန်စေတဲ့ ဆီလီနီယမ်ဆိုတဲ့ဒြပ်စင်တစ်မျိုးပါဝင်နေပါတယ်။အဲ့ဒါအပြင်မိုင်နိုအက်ဆစ်ဓာတ်လည်းပါဝင်တာကြောင့် သွေးကြောတွေရဲ့ လှုပ်ရှားမှုကို ကူညီပေးပါတယ်။အသည်းထဲမှာရှိတဲ့သွေးဖိအားကိုလည်းလျှော့ချပေးတဲ့အစွမ်းတွေရှိပါတယ်။ဗီတာမင် ဘီ6၊ဗီတာမင်စီတို့လည်းပါဝင်တာကြောင့်သွေးကလပ်စည်းတွေမပျက်စီးအောင်အဓိက ကာကွယ်ပေးပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations