ဂျင်းရဲ့ အသုံးဝင်ပုံလေးတွေကို သိထားရအောင်မျှဝေပေးလိုက်ပါတယ်

၁။ခန္ဓာကိုယ်ကိုနွေးထွေးစေတယ်

၁။ခန္ဓာကိုယ်ကိုနွေးထွေးစေတယ်

မီးဖိုချောင်ထဲမှာအမြဲတမ်းထားပြီး ဟင်းချက်ပစ္စည်းအဖြစ်သုံးနေကြတဲ့ဂျင်းဟာ ကျန်းမာရေးအတွက်လည်းအသုံးဝင်ပါတယ်။မိုးရာသီ၊ဆောင်းရာသီမှာဆိုရင်ပိုပြီးအသုံးဝင်တဲ့ အိမ်တွင်းသဘာဝဆေးလေးပဲဖြစ်ပါတယ်။ဂျင်းကိုဘယ်လိုနေရာတွေမှာသုံးနိုင်လဲဆိုရင်

၁။ခန္ဓာကိုယ်ကိုနွေးထွေးစေတယ်

အရမ်းချမ်းအေးနေတဲ့အခါမျိုးမှာရေနွေးပူပူထက် ဂျင်းပြုတ်ရည်သောက်လိုက်တာက ပိုပြီးသက်ရောက်မှုရှိေိစပါတယ်။ပွက်ပွက်ဆူနေတဲ့ရေထဲကိုပါးပါးလှီးထားတဲ့ဂျင်းစိတ်လေး ငါးစိတ်လောက်ထည့်ပါ။ ၁၀မိနစ်လောက်ထားပြီးရင်သောက်လို့ရပါပြီ။ခန္ဓာကိုယ်ထဲကသွေးလည်ပတ်မှုကောင်းမွန်စေပြီး နေလို့ထိုင်လို့ကောင်းစေပါတယ်။

၂။ခြေထောက်တွေနာကျင်ကိုက်ခဲနေတာကိုသက်သာစေပါတယ်

၂။ခြေထောက်တွေနာကျင်ကိုက်ခဲနေတာကိုသက်သာစေပါတယ်

၂။ခြေထောက်တွေနာကျင်ကိုက်ခဲနေတာကိုသက်သာစေပါတယ်။

ဆူနေတဲ့ရေနွေးအိုးထဲကိုဂျင်းစိတ်တွေထည့်ပြီးမွှေပါ။ပြီးရင်အအေးခံထားပါ။အေးသွားပြီဆိုရင် ၁၅ မိနစ်လောက်ခြေထောက်ကိုစိမ်ထားပါ။ တစ်ရက်ကို၂ကြိမ်လုပ်ပေးမယ်ဆိုရင် ခြေထောက်ကိုက်ခဲတာကိုသက်သာပျောက်ကင်းစေပါတယ်။

၃။အအေးမိတာကိုလည်းပျောက်ကင်းစေပါတယ်

ရာသီဥတုအပြောင်းအလဲကြောင့်အအေးမိရောဂါခံစားနေရတယ်ဆိုရင်ဂျင်းစိတ်လေးနည်းနည်းနဲ့ ပျားရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းကိုရောစပ်ပြီးသောက်ပါ။ ခဏကြာရင်အနွေးဓာတ်ရလာပြီး အအေးမိရောဂါကိုသက်သာစေပါလိမ့်မယ်။အအေးမိရောဂါအရှင်းပျောက်တဲ့အချိန်ထိတစ်ရက်တစ်ခွက်ပုံမှန်သောက်ပေးပါ။

၎။နာကျင်မှုကိုလျှော့ချပေးတယ်

၎။နာကျင်မှုကိုလျှော့ချပေးတယ်

၎။နာကျင်မှုကိုလျှော့ချပေးတယ်

ခန္ဓာကိုယ်တစ်ခုလုံးညောင်းညာကိုက်ခဲနေတယ်ဆိုရင် နာကျင်မှုတွေလျှော့ချပစ်ဖို့ ဂျင်းလက်ဖက်ရည်ကိုသောက်ပေးရပါမယ်။ဂျင်းအတုံးသေးတစ်တုံးကိုပါးပါးလှီးပါ။ ပွက်ပွက်ဆူနေတဲ့ရေနွေးထဲထည့်ပြီး၁၀မိနစ်လောက်ထားပါ။ပြီးရင်အအေးခံပါ။ အေးသွားရင်သံပုရာသီးတစ်စိတ်၊နှစ်စိတ်ညှစ်ထည့်ပြီးသောက်ပေးပါ။ ညောင်းညာကိုက်ခဲတာတွေကိုယူပစ်လိုက်သလိုပျောက်ကင်းသွားတာတွေ့ရမှာပါ။

၅။အစာအိမ်ကိုသန့်ရှင်းကောင်းမွန်စေတယ်

ပူရှိန်းပြီးနွေးထွေးမှုပေးနိုင်တဲ့ဂျင်းကိုနေ့တိုင်း ပုံမှန်ထမင်းဟင်းထဲထည့်ချက်စားတဲ့အခါမှာသင့်ရဲ့ အစာအိမ်ထဲကအညစ်အကြေးတွေကိုရှင်းလင်းပေးပြီးအစာအိမ်ရဲ့ လုပ်ဆောင်ချက်တွေကိုပိုမိုကောင်းမွန်အောင်ကူညီပေးပါတယ်။

၆။ဗိုက်အောင့်တာကိုလည်းသက်သာစေပါတယ်

၆။ဗိုက်အောင့်တာကိုလည်းသက်သာစေပါတယ်

၆။ဗိုက်အောင့်တာကိုလည်းသက်သာစေပါတယ်

အစာအခန့်မသင့်လို့ဗိုက်အောင့်၊ဗိုက်နာဖြစ်တဲ့အခါမှာ ဂျင်းအရည် လက်ဖက်ရည်ဇွန်း၂ဇွန်း၊သံပုရာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ဆားအနည်းငယ်ထည့်ရောမွှေပြီးသောက်ပေးပါ။ ရေမသောက်ပါနဲ့။ မကြာခင်ဗိုက်အောင့်သက်သာသွားပါလိမ့်မယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations