ကြောက်စရာကြီး...

စင်္ကာပူလူမျိုးတစ်ယောက်ဟာ ဗိုက်ထဲက မခံမရပ်နိုင်လောက်အောင်အောင့်လာလို့ဆရာဝန်နဲ့သွားပြပြီး စစ်ဆေးကြည့်တဲ့အခါသူ့ရဲ့ ဗိုက်ထဲမှာခြေထောက်၈ချောင်းပါတဲ့အင်းဆက်ပိုးမွှားတစ်ကောင်ကိုတွေ့ခဲ့ရပါတယ်။ အဲ့ဒီအင်းဆက်ပိုးဟာသူ့ရဲ့ ဗိုက်ထဲကအူတွေ၊အသားတွေကိုဖြည်းဖြည်းချင်းကိုက်စားနေတာပဲဖြစ်ပါတယ်။ဆရာဝန်က သူ့ရဲ့ဗိုက်ထဲက အင်းဆက်ပိုးကောင်ကို ဆေးပစ္စည်းကိရိယာတွေသုံးပြီးဖယ်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်။ နားထဲကနေညှပ်အရှည်တစ်ချောင်းထိုးထည့်ပြီးအစာအိမ်ထဲက ပိုးကောင်ကိုဖယ်ထုတ်ခဲ့ပါတယ်။သူက ဖယ်ထုတ်နေတဲ့အချိန်မှာလည်းဗီဒီယိုရိုက်ပြီးတင်ခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီဗီဒီယိုအောက်မှာတော့ ကြောက်လန့်တကြားရေးထားတဲ့ကွန်းမန့်တွေအများကြီးမြင်တွေ့ခဲ့ရပါတယ်။ စင်္ကာပူနိုင်ငံသားတစ်ယောက်က "တစ်ကိုယ်လုံးကအပေါက်တွေကို ဆေးစစ်ကြည့်မှ ရတော့မယ်၊ကြောက်ဖို့ကောင်းလိုက်တာ"ဆိုပြီးရေးသားထားတာကိုမြင်တွေ့ရပါတယ်။ နောက်ထပ်ဖေ့ဘွတ်ခ်သုံးစွဲသူတစ်ယောက်ကလည်း"အဲ့ဒီပိုးကောင်ဟာ အသားစားတဲ့ပိုးကောင်မျိုးမဟုတ်ဘူး"လို့ ရေးသားထားတာမြင်တွေ့ရပါတယ်။နောက်တစ်ယောက်ကလည်း"အသားစားတာမဟုတ်ဘူး။ သွေးစုပ်တဲ့ပိုးကောင်"လို့ရေးသားထား တာတွေ့ရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေထဲမှာ အင်းဆက်ပိုးကောင်တွေရှိနေတာဟာအန္တရာယ်အရမ်းများပါတယ်။ ပုံမှန်မဟုတ်တဲ့နာကျင်မှုတွေခံစားလာရပြီဆိုရင်ဆရာဝန်နဲ့အမြန်ဆုံးပြပြီးစစ်ဆေးသင့်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations