Kylieဟာ မကြာသေးခင်က ကိုယ်ဝန်လွယ်ထားရပြီလို့ကြေညာခဲ့ပါတယ်။

Kylie Jennerဟာ မကြာသေးခင်က သူမမှာကိုယ်ဝန်ရှိနေပြီဖြစ်တဲ့အကြောင်း ပရိသတ်တွေကို အသိပေးကြေညာခဲ့ပါတယ်။ကလေးလေးရဲ့အဖေကတော့ အားလုံး သိကြတဲ့အတိုင်း ရက်ပ်ပါတစ်ယောက်ဖြစ်တဲ့ Travis Scott ပါ။ Kylieဟာ စနေနေ့ညကလက်စ်ဗီးဂတ်စ်မှာ ကျင်းပတဲ့ iHeartRadio Music Festival ပွဲတော်မှာသီဆိုမယ့် Travis Scottကို အားပေးဖို့အတွက်ရောက်ရှိလာခဲ့တယ်လို့သိရပါတယ်။

အသက် ၂၀အရွယ်သာရှိသေးတဲ့ Kylie ဟာသူမရဲ့ ဗိုက်လေးကိုလုံခြုံအောင်ဖုံးထားပေးနိုင်တဲ့ မီးခိုးရောင်တီရှပ်အပွကြီးကိုဝတ်ဆင်လာခဲ့တာကိုမြင်တွေ့ရပါတယ်။

Kylie Jenner ဟာ Travis Scott နဲ့ ဧပြီလမှာတည်းက အတူတူနေထိုင်ခဲ့တာဖြစ်ပြီးအခုဆိုရင်ရင်သွေးလေးတောင် ရှိနေပြီဖြစ်ပါတယ်။ဇွန်လ ၁၂ရက်နေ့က အသက် ၂၅နှစ်အရွယ် ရက်ပ်ပါအဆိုတော်Travis Scott ဟာ သူ့ရဲ့ တွစ်စ်တာပေါ်မှာ "Legit Happiest dayof my Life" ဆိုပြီးရေးသားထားခဲ့ပါတယ်။နောက်တစ်နေ့မှာသူတို့စုံတွဲက တက်တူးဆင်တူထိုးခဲ့တာပဲဖြစ်ပါတယ်။

လူအများက သူတို့နှစ်ယောက်ရဲ့ အကြောင်းကိုခန့်မှန်းပြောဆိုနေကြပေမဲ့Kylie Jenner ရဲ့ အတည်ပြုချက်မရရှိခဲ့ပါဘူး။အခုမှ ကိုယ်ဝန်ရှိနေပြီဖြစ်တဲ့အကြောင်းကြေညာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေကအံ့သြ၀မ်းသာစွာနဲ့ဂုဏ်ပြုစကားတွေပြောခဲ့ကြတယ်လို့သိရပါတယ်။

စက်တင်ဘာ၂၂ရက်နေ့ကသတင်းတင်ခဲ့တာဖြစ်ပြီး သူမရဲ့ သတင်းက ကမ္ဘာတစ်ဝှမ်းလုံးကိုပျံ့နှံ့သွားခဲ့ပါတယ်။၁.၃သန်းကျော်လိုက်ခ်ပေးခဲ့ကြပြီး မရေမတွက်နိုင်တဲ့ကွန်းမန့်တွေအများကြီးရရှိခဲ့တယ်လို့သိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations