ကိုယ့်မှာဘာအကျင့်ဆိုးတွေရှိလဲ? ရှိရင်ပြင်ရအောင်ဖတ်ကြည့်လိုက်နော်

လူတစ်ယောက်မှာ အလေ့အကျင့်ကောင်းတွေရှိသလို တစ်ချို့မထင်မှတ်ထားတဲ့အလေ့အကျင့်လေးတွေက သင့်ရဲ့ဘ၀မှာရှိနေတဲ့ပျော်ရွှင်မှုတွေကိုဖြည်းဖြည်းချင်းခိုးယူနေပါတယ်။ဘာတွေလဲဆိုတာကြည့်ပြီးပြင်လိုက်ရအောင်

ပိုကောင်းတဲ့အရာကိုရဖို့စောင့်နေတတ်ခြင်း

ပိုကောင်းတဲ့အရာကိုရဖို့စောင့်နေတတ်ခြင်း

ကိုယ်တွေ့နေတဲ့အလုပ်ဖြစ်စေ၊ချစ်သူဖြစ်စေ ကိုယ့်လက်ထဲမှာရှိနေတာကိုတန်ဖိုးမထားပဲ နောက်ထပ်ပိုကောင်းတဲ့အရာ ရဦးမလားဆိုပြီး မရေရာတဲ့အလုပ်ကိုစောင့်နေတာဟာသင့်ရဲ့ ဘ၀ပျော်ရွှင်မှုကိုခိုးယူနေတာပါတဲ့။ဘယ်အလုပ်မှာမဆို ကောင်းမွန်တဲ့အခွင့်အရေးရှိပါတယ်။ဘယ်သူကမှလည်း အကောင်းဆုံး၊အပြည့်စုံဆုံးဆိုတာမရှိပါဘူး။အဲ့ဒါကြောင့် သင့်ရဲ့ရှေ့ကိုရောက်နေတဲ့၊သေချာတဲ့လူကို ချက်ချင်းဖမ်းဆုပ်လိုက်ပါ။

တခြားသူတွေနဲ့ကိုယ့်ကိုယ်ကိုနှိုင်းယှဉ်ခြင်း

တခြားသူတွေနဲ့ကိုယ့်ကိုယ်ကိုနှိုင်းယှဉ်ခြင်း

ကိုယ့်ကိုယ်ကိုတခြားသူတွေနဲ့နှိုင်းယှဉ်တွေးမြင်တာဟာသင့်ရဲ့စိတ်ကိုဖိအားပေးသလိုပါပဲ။စိတ်ပင်ပန်းစေသလို ကိုယ်ကသူများလောက်မလုပ်နိုင်ဘူးဆိုတဲ့စိတ်ကတကယ့်ကိုပင်ပန်းစေပြီးဘာမှမလုပ်နိုင်ပဲစိတ်ဓာတ်ကျဆင်းသွားနိုင်ပါတယ်။

ကိုယ်ဝါသနာမပါတဲ့အလုပ်ကိုရွေးချယ်ခြင်း

ကိုယ်ဝါသနာမပါတဲ့အလုပ်ကိုရွေးချယ်ခြင်း

ငွေများများရလို့ ကိုယ်ဝါသနာမပါတဲ့အလုပ်တစ်ခုကိုရွေးချယ်မယ်ဆိုရင်အဲ့ဒီအတွေးကိုချက်ချင်းဖျက်ပစ်သင့်ပါတယ်။ငွေက ပျော်ရွှင်မှုကိုမ၀ယ်ယူနိုင်ပါဘူး။ ကိုယ်ဝါသနာမပါတဲ့၊မကြိုက်တဲ့အလုပ်ကိုလုပ်နေရတာဟာ အဆင်မပြေတာတွေကြုံတွေ့ရတဲ့အခါ ရင်ဆိုင်ဖို့မလွယ်ပါဘူး။အလုပ်ကြောင့်စိတ်ဖိစီးမှုတွေဖြစ်လာနိုင်ပါတယ်။

အဆိုးဘက်ကမြင်ခြင်း

အဆိုးဘက်ကမြင်ခြင်း

ကိစ္စတစ်ခုလုပ်တော့မယ်လို့စဉ်းစားလိုက်တိုင်း ဒါကမဖြစ်လာနိုင်ဘူးငါလုပ်နိုင်မှာမဟုတ်ဘူးစသဖြင့် အဆိုးဘက်ကပဲမြင်နေတာဟာ အလုပ်ကိုအဟန့်အတားဖြစ်စေသလို စိတ်ကိုလည်းညစ်နွမ်းစေပါတယ်။သင့်ကိုယ်သင်ယုံကြည်မှုမရှိရင်ဘယ်အလုပ်မဆိုမလုပ်နိုင်သလို ပျော်ရွှင်မှုကိုရရှိဖို့ကလည်းအဝေးကြီးဖြစ်သွားပါပြီ။

ဆင်ခြေပေးတတ်ခြင်း

ဆင်ခြေပေးတတ်ခြင်း

လူတိုင်းကဆင်ခြေပေးတတ်ကြပါတယ်။ဒါပေမဲ့အလွန်အကျွံမဖြစ်ဖို့လိုပါတယ်။ ကိုယ်လုပ်လိုက်တဲ့ပြဿနာတစ်ခုကိုတခြားသူကြောင့်လို့ဆင်ခြေပေးမယ်၊ တခြားအကြောင်းပြချက်တွေပေးပြီးအဲ့ဒါတွေကြောင့်ဖြစ်ရတာလို့ဆင်ခြေပေးတဲ့အကျင့်ကိုပြင်သင့်ပါတယ်။ ဘယ်အရာမဆိုဆင်ခြေပေးမယ့်အစားပြဿနာရဲ့ အဖြေကိုရှာပြီးဖြေရှင်းသင့်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations