သင့်ရဲ ချစ်သူက သင့်ဆီကဘာလိုချင်တာလဲဆိုတာဖတ်ကြည့်သင့်ပြီနော်။

ချစ်သူစုံတွဲတွေမှာ ယောက်ျားလေးတွေက သူတို့ရဲ့ ချစ်သူမိန်းကလေးတွေဆီက လိုချင်တဲ့အရာတွေရှိပါတယ်။ဒါကိုမိန်းကလေးတွေက သိချင်မှသိကြမှာပါ။သူတို့မပြောလည်း လေ့လာချက်တွေအရ ယောကျာ်းလေးတွေက မိန်းကလေးတွေဆီကလိုချင်တဲ့အရာ ၇ချက်တောင်ရှိတယ်လို့သိရပါတယ်။ ဘာတွေလဲဆိုတာကြည့်လိုက်ရအောင်။

ချီးမွမ်းခံချင်တယ်

ချီးမွမ်းခံချင်တယ်

ယောက်ျားလေးတွေကသူတို့ရဲ့ ချစ်သူအတွက်အမြဲတမ်းဟီးရိုးဖြစ်ချင်ကြပါတယ်။ သူတို့ကသင့်အတွက်အကူအညီတစ်ခုခုလုပ်ပေးပြီးပြီဆိုရင် သူတို့ကိုချီးမွမ်းပြောဆိုပေးပါ။ အလွန်အကျွံမဖြစ်ဖို့တော့လိုတယ်နော်။

သူတို့ရဲ့ အကျင့်စရိုက်တွေကိုလက်ခံစေချင်တယ်

သူတို့ရဲ့ အကျင့်စရိုက်တွေကိုလက်ခံစေချင်တယ်

လူတိုင်းမှာကောင်းတဲ့အချက်ရှိသလို ဆိုးတဲ့အချက်လည်းရှိပါတယ်။ယောက်ျားလေးတွေက သူတို့မှာရှိတဲ့အကျင့်စရိုက်တွေကိုသိပြီး နားလည်လက်ခံစေချင်ကြပါတယ်။သူတို့ကိုချုပ်ချယ်ပြောင်းလဲတာ ကိုမကြိုက်ကြပါဘူး။

သူတို့ကို လေးစားစေချင်ကြတယ်

သူတို့ကို လေးစားစေချင်ကြတယ်

ယောက်ျားလေးတွေကသူတို့ချစ်သူဆီကလေးစားမှုကိုခံယူချင်ကြပါတယ်။ကိစ္စတစ်ခုခုလုပ်ခါနီးရင်သူတို့ကိုတိုင်ပင်တာမျိုးပေါ့။ သူတို့ကိုဘေးနားမှာထားပြီး မတိုင်ပင်ပဲ လုပ်ချင်တာလုပ်တာမျိုးကို သဘောမကျပါဘူး။

သူတို့ရဲ့ ဝါသနာကိုလေးစားစေချင်တယ်

သူတို့ရဲ့ ဝါသနာကိုလေးစားစေချင်တယ်

လူတိုင်းမှာ ဘ၀အိပ်မက်ဆိုတာရှိပါတယ်။နှစ်သက်ရာဝါသနာလည်းကိုယ်စီရှိကြပါတယ်။ သင့်မှာလည်းသင်အရမ်းရူးသွပ်တဲ့ဝါသနာတစ်ခုရှိမှာဖြစ်သလိုသူတို့မှာလည်းရှိပါတယ်။သူတို့ရဲ့ဝါသနာက ဘာပဲဖြစ်ဖြစ်သင့်မှာလှောင်ပြောင်ခွင့်၊ရှုတ်ချခွင့်မရှိပါဘူး။ယောက်ျားလေးတွေက သူတို့ဝါသနာပါတာကိုအားပေးစေချင်ကြပါတယ်။

သူတို့ကိုလွတ်လပ်ခွင့်ပေးစေချင်ကြတယ်

သူတို့ကိုလွတ်လပ်ခွင့်ပေးစေချင်ကြတယ်

ချုပ်ချယ်တာလည်းမကြိုက်သလို သူတို့မှာလည်းသူတို့ယောက်ျားလေးအချင်းချင်းသွားရလာရ လည်ပတ်ရမယ့်အချိန်ဆိုတာရှိပါတယ်။သင့်အနားမှာပဲတစ်ချိန်လုံးရှိနေခိုင်းလို့မရပါဘူး။

သူတို့အပေါ်ရိုးသားပွင့်လင်းမှုရှိစေချင်တယ်

သူတို့အပေါ်ရိုးသားပွင့်လင်းမှုရှိစေချင်တယ်

ဘယ်သူမှလိမ်ညာပြောဆိုတာကိုမကြိုက်ပါဘူး။သူ့ကိုအားနာလို့လည်းညာမပြောပါနဲ့။ စိတ်မကောင်းဖြစ်မှာစိုးလို့ဆိုပြီးလိမ်မပြောပါနဲ့။ယောက်ျားလေးတွေကသူတို့အပေါ်ရိုးသားပြီး ပွင့်ပွင့်လင်းလင်းဆွေးနွေးတိုင်ပင်တာမျိုးလိုချင်ကြပါတယ်။

သူတို့အပေါ်ဂရုစိုက်စေချင်တယ်

သူတို့အပေါ်ဂရုစိုက်စေချင်တယ်

နောက်ဆုံးတစ်ခုကတော့ ယောက်ျားလေးတွေကသူတို့ကိုဂရုစိုက်တာခံချင်ကြပါတယ်။ မိန်းကလေးတွေကလည်းဂရုစိုက်ခံချင်ကြသလိုယောက်ျားလေးတွေလည်းအတူတူပါပဲ။နေ့လည်စာကို သူ့အတွက်လုပ်ပေးတာ၊တစ်ခုခုဝယ်လာပေးတာစသဖြင့်သူနဲ့ပတ်သက်ပြီးအသေးအဖွဲလေးတွေ ဂရုစိုက်ပေးတာကိုလိုချင်ကြပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations