ဘာတွေလဲဆိုတာကြည့်လိုက်ပါဦး

ချစ်သူတွေဖြစ်လာကြပြီဆိုရင် တစ်ယောက်ကိုတစ်ယောက်နားလည်ပြီး သည်းခံလိုက်လျောမှရေရှည် အဆင်ပြေစွာနဲ့လက်တွဲနိုင်မှာပါ။အဲ့ဒီလိုမဟုတ်ပဲ ချစ်သူတွေစဖြစ်ပြီဆိုတည်းက ဒီအပြုအမူ၆ချက်ကို လုပ်မိနေတယ်ဆိုရင်သင်တို့ရဲ့ဆက်ဆံရေးက တဖြည်းဖြည်းပျက်စီးလာပါလိမ့်မယ်။အဲ့ဒါတွေကတော့...

၁။အမြဲတမ်းသူ့အကြောင်းကိုစုံစမ်းနေခြင်း

၁။အမြဲတမ်းသူ့အကြောင်းကိုစုံစမ်းနေခြင်း

ချစ်သူဖြစ်ကတည်းက သူနဲ့ပတ်သက်တဲ့သတင်းတွေကြားရမလားဆိုပြီး ဖုန်းတွေနေ့တိုင်းစစ်တာ၊ အီးမေးလ်စစ်တာ၊တစ်ယောက်ယောက်ကိုစုံစမ်းခိုင်းတာစသဖြင့် သူမသိအောင်သူ့အကြောင်းကိုစုံစမ်းနေတာက ရုပ်ပျက်ဆင်းပျက်နိုင်ပါတယ်။တကယ်တမ်းသူက မကောင်းတဲ့လူတစ်ယောက်ဆိုရင်သင့်အတွက်ကောင်းပေမဲ့ သူကသင်ထင်ထားသလိုမဟုတ်တဲ့အခါ သူပြန်သိသွားရင်စိတ်အနှောင့်အယှက်ဖြစ်သွားပါလိမ့်မယ်။ သူ့ကိုအမြဲတမ်းချက်ခ်နေတယ်ဆိုတဲ့စိတ်ဖိစီးမှုကသင်တို့နှစ်ယောက်ကိုမကြာခဏပြဿနာတက်စေပါလိမ့်မယ်။

၂။အတိတ်အကြောင်းကိုခဏခဏပြန်ပြောခြင်း

၂။အတိတ်အကြောင်းကိုခဏခဏပြန်ပြောခြင်း

ကိုယ်ကြိုက်လို့ရွေးချယ်ပြီးမှ တစ်ခုခုအဆင်မပြေရင် အတိတ်တုန်းကအကြောင်းတွေပြန်ပြောပြီး စိတ်အနှောင့်အယှက်ပေးတာက ဆိုးဝါးတဲ့အပြုအမူတစ်ခုပါပဲ။လူတိုင်းမှာ အတိတ်ရှိသလို အားနည်းချက်၊အားသာချက်ကရှိကြတာပါပဲ။ဒါကိုပြန်ပြီး တူးဆွနေတာက သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုအေးစက်သွားစေပါတယ်။

၃။သူ့ရဲ့မိသားစုကိုအပြစ်ပြောခြင်း

၃။သူ့ရဲ့မိသားစုကိုအပြစ်ပြောခြင်း

ချစ်သူရယ်လို့ဖြစ်လာရင်ရေရှည်အတည်တကျလက်ထပ်ဖို့စဉ်းစားတဲ့အခါနှစ်ဖက်မိဘတွေကိုလည်းထည့်ပြီးစဉ်းစားရတော့မှာ။ ဒါကို ချစ်သူဘ၀တည်းက တစ်ဖက်မိဘတွေ၊မိသားစုဝင်တွေကိုအပြစ်ပြော၊အပြစ်ရှာနေတာက မကောင်းတဲ့အပြုအမူတစ်ခုပါပဲ။ဘယ်သူကမှ ကိုယ့်ရဲ့မိသားစုဝင်တွေကိုအပြစ်ပြောတာ၊အပြစ်ရှာတာမကြိုက်ပါဘူး။

၎။စိတ်ဆိုးတဲ့အခါ စကားမပြောခြင်း

၎။စိတ်ဆိုးတဲ့အခါ စကားမပြောခြင်း

ပြဿနာတစ်ခုဖြစ်လာရင် ကိုယ့်ရဲ့ ချစ်သူကို စကားမပြောပဲနေတတ်တဲ့ အကျင့်ကနှစ်ယောက်ကြားဆက်ဆံရေးကိုအေးစက်လာစေပါတယ်။ တိတ်ဆိတ်နေရုံနဲ့ပြဿနာကို မဖြေရှင်းနိုင်ပါဘူး။ခေါင်းအေးအေးနဲ့နှစ်ယောက်သားညှိနှိုင်းပြီးဖြေရှင်းမှရမှာပါ။

၅။ချစ်သူကိုလျစ်လျူရှုခြင်း

၅။ချစ်သူကိုလျစ်လျူရှုခြင်း

သင့်မှာချစ်သူရှိတယ်ဆိုရင်သူ့ရဲ့စကားတွေ၊အကြံဥာဏ်တွေကိုလျစ်လျူရှုမထားပါနဲ့။ ကိုယ့်စိတ်ကြိုက်ပဲလုပ်ပြီးတစ်ဖက်လူကိုတိုင်ပင်ဆွေးနွေးတာမျိုးမလုပ်ချင်ဘူးဆိုရင် တစ်ယောက်တည်းနေတာကအကောင်းဆုံးပါ။သင့်ချစ်သူရဲ့စကားတွေကိုလျစ်လျူရှုထားတာက ရေရှည်ဆက်ဆံရေးမှာမလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်ပါတယ်။

၆။လူကြားထဲမှာရန်ဖြစ်ခြင်း

၆။လူကြားထဲမှာရန်ဖြစ်ခြင်း

တစ်ချို့စုံတွဲတွေက လူတွေကြားထဲမှာလည်းမရှောင်ကြပဲအော်ဟစ်ငြင်းပွားကြတာတွေရှိပါတယ်။တစ်ခါတစ်လေ နှစ်ယောက်လုံးမှားနေရင်တောင် လူကြားထဲမှာမို့ယောက်ျားလေးဘက်က အလျှော့ပေးတာရှိသလို မိန်းကလေးဘက်ကလည်းအလျှော့ပေးလေ့ရှိပါတယ်။အဲ့လိုမဟုတ်ပဲ အော်ကြီးဟစ်ကျယ်နဲ့လူကြားထဲမှာ ရန်ဖြစ်တာကတစ်ဖက်လူရဲ့ သိက္ခာကိုထိခိုက်စေသလို အမြဲတမ်းဒီလိုပဲဖြစ်နေမယ်ဆိုရင် တစ်ယောက်မဟုတ်တစ်ယောက်ကစိတ်ကုန်သွားပါလိမ့်မယ်။ အငြင်းပွားစရာတစ်ခုခုဖြစ်လာခဲ့ရင် တိတ်ဆိတ်တဲ့နေရာမှာဖြစ်စေ၊အိမ်ရောက်မှဖြစ်စေပွင့်ပွင့်လင်းလင်းညှိနှိုင်းပြောဆိုသင့်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations