ရွာသားတွေကတော့နဂါးအရိုးဖြစ်မယ်လို့အခိုင်အမာပြောဆိုနေကြပါတယ်။

နဂါးကို ရုပ်ရှင်တွေ၊ဂိမ်းတွေ၊စာအုပ်တွေထဲမှာသာမြင်တွေ့ရပြီးအပြင်မှာ ဘယ်သူမှမမြင်ဖူးကြပါဘူး။အဲ့ဒါကြောင့်နဂါးဆိုတာတကယ်ရောရှိရဲ့လားဆိုပြီး သံသယ၀င်နေကြတဲ့သူတွေလည်းအများကြီးပါ။ဒါပေမဲ့ တရုတ်နိုင်ငံကရွာလေးတစ်ရွာမှာတွေ့ခဲ့ရတဲ့ အရိုးစုကလူတွေအများကြီးရဲ့ စိတ်ကိုဖမ်းစားနိုင်ခဲ့ပါတယ်။

တရုတ်နိုင်ငံကရွာလေးတစ်ရွာမှာနေထိုင်ကြတဲ့သူတွေက ပေ၆၀ရှည်တဲ့တိရစ္ဆာန်အရိုးစုတစ်ခုကို ရှာတွေ့ခဲ့ကြပါတယ်။အဲ့ဒီအရိုးစုမှာ ကြီးမားတဲ့ချိုနှစ်ခုလည်းပါပါတယ်။

အဲ့ဒါကြောင့်ရွာသားတွေကတော့ ဒီအရိုးစုဟာ ရှေးတုန်းကနဂါးတစ်ကောင်ရဲ့အရိုးစုအကြွင်းအကျန်ပဲဖြစ်လိမ့်မယ်လို့ အခိုင်အမာပြောဆိုနေကြတယ်လို့သိရပါတယ်။ဒါပေမဲ့ ဘယ်သူကမှအတိအကျအမှန်ကို မသိကြသေးပါဘူး။ ဗီဒီယိုလည်းရိုက်ပြီးတင်ပေးထားတာကြောင့်ကြည့်ရှုသူတွေကလည်း အများကြီးရှိနေပါတယ်။ပရိသတ်တွေလည်းကြည့်ပြီးခန့်မှန်းနိုင်အောင်ဗီဒီယိုလေးပြန်ပြီးမျှဝေလိုက်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations