ချစ်သူတွေဆိုပေမဲ့ အချိန်တွေကြာလာလို့တစ်ယောက်နဲ့တစ်ယောက်အဆင်မပြေတော့ဘူး ၊ညှိနှိုင်းလို့မရတော့ဘူးဆိုရင်လမ်းခွဲကြရမှာပါပဲ။အဆင်မပြေတာကိုမျက်စိမှိတ်ပြီးဇွတ်တွဲနေရင်တော့ အချိန်ကြာလေပိုပြီးအဆင်မပြေဖြစ်လေပါပဲ။အဲ့ဒါကြောင့်သင်တွဲနေတဲ့သူက ဒီအချက်တွေအတိုင်းဖြစ်နေပြီဆိုရင်မြန်မြန်ဖြတ်ဖို့စဉ်းစားသင့်ပါတယ်။
သင်ပြောတဲ့စကားကိုနားမထောင်ဘူး
ချစ်သူတွေစဖြစ်ကတည်းက ဘယ်လိုအကြောင်းအရာပဲဖြစ်ဖြစ် သင့်ရဲ့စကားကိုအလေးအနက် မထား၊နားမထောင်ဘူးဆိုရင်သင်လည်းနောက်ထပ်ပြောဖို့ ကိုစိတ်ပါတော့မှာမဟုတ်ပါဘူး။ အခုတောင်သင့်ရဲ့စကားကိုအလေးအနက်မထားတာရေရှည်ဆိုရင်တော့မလွယ်ပါဘူး။
အရက်အလွန်အကျွံသောက်တယ်
အပတ်တိုင်းအကြောင်းပြချက်မျိုးစုံပေးပြီးအရက်သောက်နေတယ်ဆိုရင်ဘယ်မိန်းကလေးကမှ သဘောထားကြီးကြီးနဲ့နားလည်ပေးမှာမဟုတ်ပါဘူး။တစ်ခါတစ်လေမှသောက်တာက အပြစ်မဟုတ်ပေမဲ့အမြဲတမ်းသောက်နေရင်အရက်စွဲသွားနိုင်ပါတယ်။
သင့်ကိုအထင်သေးတယ်
သင်ဘာပဲလုပ်လုပ် မကောင်းဘူးဆိုပြီးအပြစ်ရှာနေမယ်၊ သင့်ရဲ့အားနည်းချက်ကိုဝေဖန်မယ်ဆိုရင်ကြာလာတဲ့အခါ စိတ်ထဲမှာဒဏ်ရာတစ်ခုလိုဖြစ်သွားနိုင်ပါတယ်။ကိုယ့်ကိုအမြဲအထင်သေးနေတဲ့လူတစ်ယောက်နဲ့ရှေ့ဆက်လက်တွဲဖို့ ဆိုတာဖြစ်နိုင်ပါ့မလားစဉ်းစားပါ။
တခြားသူတွေကိုချီးမွမ်းတယ်
ဘယ်သူမဆိုကိုယ့်ချစ်သူက ကိုယ့်ကိုချီးမွမ်းတာပဲခံချင်ကြတာပါ။ကိုယ့်ကိုကျချောင်ထိုးထားပြီး တခြားသူတွေကောင်းတာကိုပဲမြင်နေမယ်၊ချီးကျူးနေမယ်ဆိုရင်တော့သင့်ရဲ့ချစ်သူကသင့်ထက် တခြားသူတွေကိုပိုပြီးအရေးပါတယ်လို့စဉ်းစားနေတဲ့သူတစ်ယောက်ပါ။ဒီလိုလူမျိုးကို ဆက်တွဲသင့်လားဆိုတာသေချာစဉ်းစားပါ။
ကတိခဏခဏဖျက်တယ်
ချိန်းထားပြီးနောက်ကျတာက နားလည်ပေးလို့ရပါသေးတယ်။အပြင်သွားဖို့ချိန်းထားပြီးရောက်မလာတာ၊ သင်နဲ့တွေ့ရမယ့်နေ့ကိုအလေးမထားပဲသူငယ်ချင်းတွေနဲ့လျှောက်သွားနေတာတွေကရေရှည်ဆိုရင် ဘယ်လိုမှနားလည်ပေးလို့မရပါဘူး။သူငယ်ချင်းတွေကိုလည်းအချိန်ပေးသင့်ပါတယ်။ ဒါပေမဲ့အမြဲတမ်းကြီးသူငယ်ချင်းတွေကိုပဲဦးစားပေးနေမယ်ဆိုရင်သင်တို့ရဲ့ ဆက်ဆံရေးက ရေရှည်မတည်မြဲနိုင်ပါဘူး။
အရင်ရည်းစားနဲ့ပြန်ပြီးဆက်သွယ်နေတယ်
ဒါကတော့ အဆိုးဆုံးအချက်ပါပဲ။သင်နဲ့တွဲနေတဲ့အချိန်မှာ သင့်ရဲ့ချစ်သူက အရင်ရည်းစားဟောင်းနဲ့ပြန်ပြီးဆက်သွယ်နေတယ်၊စကားပြောနေတယ်၊ အရင်ရည်းစားနဲ့သင်မသိအောင်လျှောက်သွားနေတယ်ဆိုရင်တော့အမြန်ဆုံးလမ်းခွဲသင့်နေပါပြီ။သင့်ရဲ့ တန်ဖိုးရှိတဲ့အချိန်ကို အဲ့ဒီလိုလူမျိုးအတွက်မကုန်ဆုံးသင့်ပါဘူး။
Facebook Conversations