ဘာတွေပြင်ဆင်ရမလဲ ဖတ်ကြည့်ပါဦး။

ကိုယ့်ချစ်သူရဲ့ မျက်စိထဲမှာ ဘယ်မိန်းကလေးမဆိုအလှဆုံးဖြစ်ချင်ကြမှာပါ။ပထဆုံးတွေ့ဆုံတဲ့အခါမှာကိုယ်က ပေါ့ပေါ့ပါးပါးနေပေမဲ့ သူ့ဘက်ကအမြင်မှာ အလေးအနက်မထားတဲ့ပုံစံမျိုးဖြစ်သွားနိုင်ပါတယ်။ အဲ့ဒါကြောင့်ချစ်သူနဲ့တွေ့ဖို့ချိန်းထားပြီဆိုရင် မင်းသမီးတစ်ယောက်လိုလှပနေစေဖို့ ပြင်ဆင်ရမယ့်အချက်လေးတွေရှိပါတယ်။ဘာတွေလဲဆိုတော့…

၁။အချိန်ယူပြီးရေချိုးသန့်စင်ပါ

၁။အချိန်ယူပြီးရေချိုးသန့်စင်ပါ

အကျီအ၀တ်အစားတွေသစ်လွင်နေပြီး ခန္ဓာကိုယ်က ချွေးနံ့တွေထွက်နေရင်မကောင်းဘူးနော်။ရေမချိုးခင်နာရီဝက်လောက်မှာ သံလွင်ဆီဖြစ်စေ၊အုန်းဆီဖြစ်စေအသားအရည်ချောမွတ်အောင်လိမ်းပေးပါ။ သံလွင်ဆီကအသားအရည်မွဲခြောက်တာကိုကာကွယ်ပေးပါတယ်။

၂။Moisturizer ပါတဲ့Lotionလိမ်းပေးပါ

၂။Moisturizer ပါတဲ့Lotionလိမ်းပေးပါ

ရေချိုးသန့်စင်ပြီးတဲ့အခါမှာ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အစိုဓာတ်ကိုထိန်းသိမ်းဖို့moisturizer လေးလိမ်းပေးပါ။အသားအရည်ကို စိုပြည်တောက်ပေစေပါတယ်။

၃။ဆံပင်စတိုင်လ်ပြောင်းလဲပါ

၃။ဆံပင်စတိုင်လ်ပြောင်းလဲပါ

မြင်တွေ့နေကျပုံစံမဟုတ်ပဲ ဆံပင်စတိုင်လ်အသစ်ပြောင်းလဲပါ။ အရင်နဲ့မတူတဲ့ဆန်းသစ်တဲ့ဒီဇိုင်းကြောင့်သင့်ချစ်သူရဲ့မျက်စိထဲမှာ သင်ကအမြင်တစ်မျိုးနဲ့လှပနေပါလိမ့်မယ်။မိတ်ကပ်ကိုတော့ပါးပါးလေးပဲလိမ်းခြယ်ပေးပါ။

၎။လက်သည်း၊ခြေသည်းကိုတိုတိုညှပ်ပါ

၎။လက်သည်း၊ခြေသည်းကိုတိုတိုညှပ်ပါ

အများအားဖြင့်ယောက်ျားလေးတွေကလက်သည်းရှည်ရင်မကြိုက်ကြပါဘူး။ အဲ့ဒါကြောင့်ပထမဆုံးစတွေ့တဲ့အခါမှာသင့်ရဲ့လက်သည်းတွေကိုတိုတိုနဲ့ခပ်ရှင်းရှင်းပဲထားပါ။ လက်သည်းနီလည်းမဆိုးရင်ပိုကောင်းပါတယ်။

၅။ရေမွှေး

၅။ရေမွှေး

ရေမွှေးဆွတ်တဲ့အခါမှာ မသိမသာလေးနဲ့မွှေးပျံ့နေစေဖို့အဓိက ဆွတ်ပေးရမယ့်နေရာတွေရှိပါတယ်။လည်ပင်းအနောက်၊ လက်ဖမိုးနားစသဖြင့်ကြာကြာခံစေမယ့်နေရာတွေကိုဆွတ်ပါ။ရေမွှေးဆွတ်ပြီးရင် လက်နဲ့မပွတ်မိစေဖို့သတိထားပါ။

၆။အ၀တ်အစား

၆။အ၀တ်အစား

အ၀တ်အစားကတော့မိန်းကလေးတိုင်းအပြင်သွားပြီဆို ကြုံရတဲ့အခက်အခဲပါ။ဘာဝတ်ရမှန်းမသိအမြဲဖြစ်တတ်ပါတယ်။ အဓိကရိုးရိုးလေးနဲ့ကြည်ကော့င်းစေမယ့်အ၀တ်အစားကိုရွေးချယ်ပါ။ အရောင်တွေရှုပ်ယှက်ခတ်မနေပဲနဲ့ လိုက်ဖက်အောင်ရွေးချယ်ပါ။ ဒူးအတိဂါဝန်လေးတွေဖြစ်စေ၊စကတ်နဲ့ရှပ်အကျီလေးတွေဖြစ်စေ ၀တ်ဆင်ပါ။ဖရီးစတိုင်လ်ဝတ်ချင်တယ်ဆိုရင်တောင်နောက်နေ့တွေမှဝတ်ပါ။ပထမဆုံးအမြင်ကအရမ်းအရေးကြီးပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations