ကိုယ်က ဂိမ်းဆော့ရတာမကြိုက်ပေမဲ့ချစ်သူက Gamer ဖြစ်နေသောအခါ ဘာတွေသိထားဖို့လိုမလဲ

သင်က ဂိမ်းဆော့ရတာကို မကြိုက်ပေမဲ့ ဂိမ်းကစားတာကိုဝါသနာပါပြီးဂိမ်းတွေကို အရူးအမူးစွဲလန်းတဲ့ယောက်ျားလေးတစ်ယောက်နဲ့ချစ်သူဖြစ်နေပြီဆိုရင် သင်တို့ရဲ့ချစ်သူဆက်ဆံရေးကိုမပျက်စီးစေဖို့သိထားသင့်တဲ့အချက် ၃ချက်ရှိပါတယ်။

၁။သူတို့ရဲ့ အဓိက၀ါသနာက ဂိမ်းဆော့ရတာပါ

၁။သူတို့ရဲ့ အဓိက၀ါသနာက ဂိမ်းဆော့ရတာပါ

ဂိမ်းကစားတာက အပြစ်တစ်ခုမဟုတ်ပါဘူး။လူတိုင်းမှာမတူညီတဲ့ဝါသနာတစ်ခုစီရှိကြပါတယ်။ သင့်မှာလည်းဝါသနာပါတဲ့အရာရှိသလိုသူတို့ရဲ့ ဝါသနာကလည်းဂိမ်းဆော့ရတာကိုနှစ်သက်ကြတာပါ။ မိန်းကလေးတွေအတွက် ရှော့ပင်းထွက်ဈေးဝယ်ရတာဝါသနာတစ်ခုဖြစ်သလိုဂိမ်းထိုင်ဆော့နေရတာကလည်း ယောက်ျားလေးတွေရဲ့ ဝါသနာတစ်ခုပါ။အဲ့ဒါကြောင့်ဂိမ်းကစားတာကိုအပြစ်မတင်ပါနဲ့။ သင်လုပ်ရမှာကသူ့အတွက်ဂိမ်းကစားရမယ့်အချိန်ကိုသတ်မှတ်ပေးရမှာပါ။ အဲ့ဒါဆိုသူလည်းဂိမ်းဆော့ရသလိုသင်နဲ့လည်း လျှောက်လည်ဖို့အချိန်ပေးနိုင်ပါလိမ့်မယ်။

၂။ဂိမ်းက မကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး

၂။ဂိမ်းက မကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး

၂။ဂိမ်းက မကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူး

တကယ်တော့ဂိမ်းကစားတာဟာ တစ်ယောက်နဲ့တစ်ယောက်ပိုပြီးရင်းနှီးစေသလို ၀ါသနာတူသူငယ်ချင်းတွေလည်း အများကြီးရလာစေပါတယ်။ အွန်လိုင်းဂိမ်းတွေ၊အုပ်စုလိုက်ကစားရတဲ့ဂိမ်းတွေဆိုရင်လူမှုဆက်ဆံရေးကိုလည်း ပိုကောင်းလာစေပါတယ်။ အတွေးအခေါ်လည်းပိုပြီးကောင်းလာစေပါတယ်။အဲ့ဒါကြောင့် သင်ကဂိမ်းကစားရင်ရရှိနိုင်မယ့်အကျိုးကျေးဇူးလေးတွေကို သင့်ချစ်သူအတွက်ရှာဖွေပြီး ပါရမီဖြည့်ပေးလိုက်ပါ။အလွန်အကျွံမကစားဖို့လည်းအမြဲသတိပေးပါ။

၃။ဂိမ်းကိုအတူတူဆော့ပါ

၃။ဂိမ်းကိုအတူတူဆော့ပါ

သင့်ရဲ့ ချစ်သူကိုဂိမ်းမဆော့ဖို့တိုက်တွန်းချုပ်ချယ်မယ့်အစားသင်ပါဂိမ်းလိုက်ဆော့ကြည့်ပါ။ သူတို့ကစားတဲ့ဂိမ်းတွေကိုနားမလည်ဘူး၊စိတ်မ၀င်စားဘူးဆိုရင်တောင် သင့်စိတ်ကိုပျော်ရွှင်စေမယ့်၊စိတ်လှုပ်ရှားစေမယ့်ဂိမ်းတွေရှိပါတယ်။ အားလပ်ချိန်လေးမှာသင့်ချစ်သူနဲ့ဂိမ်းအတူဆော့ပေးမယ်ဆိုရင်ပိုပြီးတော့ရင်းနှီးစေပြီး သင့်ချစ်သူကလည်းသင့်အပေါ်ပိုပြီးယုံကြည်နားလည်လာပါလိမ့်မယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations