အင်တာနက်သုံးစွဲသူတွေကြားမှာ နာမည်ကြီးနေ...

ဖိလစ်ပိုင်နိုင်ငံသား Gomer Santos ဆိုတဲ့အမျိုးသားဟာ သူ့ရဲ့ စေ့စပ်ထားတဲ့မိန်းကလေးနဲ့အတူဂျပန်နိုင်ငံမှ Kyoto ၊Osaka၊ Hiroshima၊ Mt.fuji နဲ့Tokyo တို့ကို ခရီးထွက်ခဲ့ကြပါတယ်။သူတို့နှစ်ယောက်ဟာနာမည်ကျော်ကြားတဲ့ ဂျပန်Anime ဇာတ်ကားတွေထဲက ဇာတ်ဝင်ခန်းနေရာတွေကိုလည်းသွားခဲ့ပြီး နှစ်ယောက်အတူ ဓာတ်ပုံရိုက်ခဲ့ကြပါတယ်။

ကာတွန်းထဲက ပုံစံတွှေအတိုင်းဓာတ်ပုံတွေရိုက်ခဲ့ကြပြီး ဖေ့ဘွတ်ခ်ပေါ်တင်ခဲ့တဲ့အခါမှာတော့ ချစ်သူစုံတွဲတွေအားလုံးလိုလိုက အားကျနေခဲ့ပြီး သူတို့ရဲ့ ချစ်သူတွေကို tag တွဲပြီးတင်ထားခဲ့ကြတယ်လို့သိရပါတယ်။ သူတို့ရဲ့ ဓာတ်ပုံတွေကိုလည်းရှယ်တဲ့သူတွေအများကြီးရှိခဲ့ကြပါတယ်။

သူတို့နှစ်ယောက်လုံးဟာ တစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးကြတဲ့အပြင် စိတ်တူကိုယ်တူလည်းရှိကြပါတယ်။နှစ်ယောက်လုံးကAnime ဇာတ်ကားတွေကိုအရမ်းကြိုက်နှစ်သက်ကြတယ်လို့သိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations