ရေနွေးပူနဲ့ ၅ခါတောင်လောင်းချခဲ့တာပါ

ကယ်လီဖိုးနီးယားနိုင်ငံမှာနေထိုင်တဲ့အမျိုးသားတစ်ယောက်ဟာခွေးလေးတစ်ကောင်ကိုရေနွေးပူနဲ့လောင်းချခဲ့လို့ အဖမ်းခံခဲ့ရတယ်လို့သိရပါတယ်။

အသက် ၂၂နှစ်အရွယ် Enping Qu ဆိုတဲ့အမျိုးသားဟာသူ့ရည်းစားရဲ့ခွေးလေးကို ၁၂၉ဒီဂရီရှိတဲ့ရေနွေးပူနဲ့ လောင်းချခဲ့တာပဲဖြစ်ပါတယ်။ သူ့ရဲ့ရည်းစားဟာအပြင်သွားနေတုန်းခွေးလေးကိုလှောင်အိမ်ထဲမှာ ခဏထည့်ထားခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်မှာQu က ရေနွေးပူနဲ့လောင်းချခဲ့တာပါ။မျက်မြင်သက်သေတစ်ယောက်ဖြစ်တဲ့ ဆယ်ကျော်သက်မိန်းကလေးရဲ့စကားအရ Qu ဟာ ခွေးလေးအပေါ် ၅ကြိမ်နီးပါလောင်းချခဲ့ပြီးခွေးလေးက နာကျင်လွန်းလို့အော်နေတာကိုကြားခဲ့ရတယ်လို့သိရပါတယ်။

ဆယ်ကျော်သက်မိန်းကလေးက ရဲတွေကိုအကြောင်းကြားခဲ့ပါတယ်။ရဲတွေရောက်လာတဲ့အချိန်မှာQu ဟာ ရေနွေးအိုးထပ်တည်နေခဲ့တာကိုမြင်တွေ့ခဲ့ပြီး အချိန်မီဖမ်းဆီးနိုင်ခဲ့တယ်လို့သိရပါတယ်။

ရဲတွေရောက်လာတဲ့အချိန်ထိ ခွေးလေးကကြောက်လန့်တကြားနဲ့အော်ဟစ်နေခဲ့ပါတယ်။ ခွေးလေးကိုလည်းတိရစ္ဆာန်ဆေးကုခန်းမှာပြသခဲ့ပြီး ဆေးကုသမှုခံယူစေခဲ့ပါတယ်။

ဒါပေမဲ့ Qu ကတော့ သူကရေအေးထင်လို့လောင်းချခဲ့တာပါ။ ခွေးလေးကိုစောစော ရေချိုးပေးခဲ့တာဖြစ်တယ်လို့ငြင်းဆိုခဲ့ပါတယ်။ ရဲတွေကတော့ စုံစမ်းစစ်ဆေးမှုတွေလုပ်နေပြီး သူ့ကိုတိရစ္ဆာန်ညှင်းပန်းနှိပ်စက်မှုနဲ့တရားစွဲဆိုခဲ့တယ်လို့သိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations