ဘယ်လိုပုံစံမျိုးကို သူတို့က သဘောကျတတ်လဲဆိုတော့...

အမျိုးသားတွေမှာလည်း သူတို့ဘာသာသတ်မှတ်ထားတဲ့ပုံစံ၊ ဘယ်လိုပုံစံဆိုသူတို့အကြိုက်ဆိုပြီးရှိတတ်ကြပါတယ်။ ဘယ်လိုပုံစံတွေကို သူတို့ကသဘောကျတတ်လဲဆိုရင်....

၁။စာအုပ်တွေနှစ်သက်တဲ့မိန်းကလေး

၁။စာအုပ်တွေနှစ်သက်တဲ့မိန်းကလေး

စာများများဖတ်တဲ့သူကအသိပညာများတယ်ဆိုတဲ့အတိုင်း အမျိုးသားတွေကစာအုပ်တွေဖတ်လေ့ရှိတဲ့၊ စာပေဗဟုသုတရှိတဲ့မိန်းကလေးတွေကိုပိုပြီးသဘောကျတတ်ကြပါတယ်။ စာဖတ်တဲ့သူတွေကပိုပြီးသည်းခံစိတ်ရှည်တတ်တယ်လို့သူတို့သိကြတဲ့အတွက် သူတို့ကိုစိတ်ရှည်သည်းခံမယ့်မိန်းကလေးကိုသာလိုချင်ကြပါတယ်။

၂။စိတ်သဘောထားပွင့်လင်းတဲ့မိန်းကလေး

၂။စိတ်သဘောထားပွင့်လင်းတဲ့မိန်းကလေး

ယောက်ျားလေးတွေကစကားရှုပ်တတ်တဲ့မိန်းကလေးမျိုးကိုသဘောမကျကြပါဘူး။ သူတို့သဘောကျတာက စကားပြောပွင့်လင်းပြီးသူတို့အပေါ်မှာလည်း ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံတတ်တဲ့မိန်းကလေးမျိုးပါ။

၃။ချေတဲ့မိန်းကလေး

၃။ချေတဲ့မိန်းကလေး

မာနကြီးတာထက်သူ့ဘာသာတသီးတသန့်နေတတ်တဲ့မိန်းကလေးမျိုးကိုလည်းယောက်ျားလေးတွေက သဘောကျတတ်ပြန်ပါသေးတယ်။သူတို့ကိုဂရုမစိုက်တဲ့ပုံစံဖြစ်လေ သူတို့က ပိုသဘောကျလေပါပဲ။

၎။ကလေးဆန်တဲ့မိန်းကလေး

၎။ကလေးဆန်တဲ့မိန်းကလေး

ယောက်ျားလေးတွေက ကလေးဆန်ပြီးချစ်စရာကောင်းတဲ့မိန်းကလေးမျိုးကိုသဘောကျတတ်ပါတယ်။ဖြူစင်ပြီး ချစ်စရာကောင်းတဲ့ပုံစံမျိုးပေါ့။သူတို့ကအဲ့လိုမိန်းကလေးတွေရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးချင်ကြပါတယ်။

၅။ သူတို့ထက် အသက်ကြီးတဲ့မိန်းကလေး

၅။ သူတို့ထက် အသက်ကြီးတဲ့မိန်းကလေး

ယောက်ျားလေးတွေက ကလေးမလေးတွေကိုသဘောကျတတ်သလို မမတွေကိုလည်းရင်ခုန်တတ်ပါသေးတယ်။မမတွေကသူတို့ကိုဆုံးမတာ၊ ထိန်းချုပ်တာကိုလည်းခံချင်တဲ့သူတွေပါ။ပြီးတော့မမတွေကပိုပြီးရင့်ကျက်တော့ သူတို့ကလေးဆန်တာကိုနားလည်ပေးနိုင်တယ်လို့ယူဆထားကြလို့ပါ။

၆။ကြင်နာတတ်တဲ့နှလုံးသားရှိတဲ့မိန်းကလေး

၆။ကြင်နာတတ်တဲ့နှလုံးသားရှိတဲ့မိန်းကလေး

ရုပ်ရည်မချောမောရင်တောင်တခြားသူကိုကူညီတတ်တာ၊တိရစ္ဆာန်လေးတွေကိုစောင့်ရှောက်တတ်တာ၊ လူကြီးသူမတွေကိုကူညီပေးတတ်တာစသဖြင့်အဲ့လိုနူးညံ့တဲ့နှလုံးသားပိုင်ရှင်တွေကိုလည်းသူတို့က သဘောကျတတ်ပါတယ်။အဲ့လိုမိန်းကလေးတွေက သူတို့အပေါ်မှာလည်း နွေးနွေးထွေးထွေးဆက်ဆံလိမ့်မယ်လို့ယုံကြည်ထားကြပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations