ဆွေမျိုးဖြစ်တဲ့ဦးလေးက နေခွင့်ပေးထားတဲ့ဝက်ခြံလေးထဲမှာနေခဲ့ရတာပါ

လွန်ခဲ့တဲ့နှစ်နှစ်ကျော်က မိဘတွေရဲ့ စွန့်ပစ်ခြင်းကိုခံလိုက်ရပြီးဝက်ခြံထဲမှာနေနေရတဲ့ မောင်နှမငါးယောက်ရဲ့ ဝမ်းနည်းစရာအဖြစ်အပျက်က အင်တာနက်မှာပျံ့နှံ့လာခဲ့ပါတယ်။

မောင်နှမငါးယောက်က ဖိလစ်ပိုင်မြောက်ပိုင်း၊ဗီဂန်မြို့မှာနေထိုင်ကြပါတယ်။ ပထမဆုံးသူတို့ရဲ့ အဖေကထားခဲ့တာပါ။အဖေဖြစ်သူထားခဲ့ပြီး လအနည်းငယ်အကြာမှာပဲအမေဖြစ်သူက ထားပြီးထွက်သွားခဲ့တာဖြစ်ပါတယ်။

သူတို့နဲ့အတူနေတဲ့အဘွားဖြစ်သူကလည်းသူတို့ကိုမုန်းတာကြောင့်သူတို့ကနေရတာလည်းစိတ်မချမ်းသာခဲ့ပါဘူး။အဲ့ဒါကြောင့် အကြီးဆုံးနှစ်ယောက်က အိမ်ကထွက်ပြေးခဲ့တယ်လို့သိရပါတယ်။ကျန်တဲ့အငယ်သုံးယောက်ကလည်း အိမ်ကနေထွက်ပြေးခဲ့ပြီး အစ်ကိုဖြစ်သူကိုရှာခဲ့ပါတယ်။နောက်ဆုံးမှာသူတို့ ငါးယောက်ပြန်ဆုံကြပြီးဆွေမျိုးတွေဆီက အကူအညီတောင်းခဲ့ပါတယ်။ ဦးလေးတစ်ယောက်သာပဲသူတို့အတွက်ဝက်ခြံထဲမှာနေဖို့ခွင့်ပေးခဲ့တယ်လို့သိရပါတယ်။

သူတို့က နှစ်နှစ်လုံး ၀က်တွေနေတဲ့ခြံရဲ့ ဘေးနားလေးမှာနေခဲ့ကြပါတယ်။အကြီးဆုံးကောင်လေးက စက်ပစ္စည်းတွေလိုက်ပြင်ပြီး အငယ်တွေကိုကျောင်းထားပေးခဲ့ပါတယ်။ ဒါပေမဲ့ပိုက်ဆံကိုလုံလုံလောက်လောက် မရှာဖွေနိုင်လို့ရက်ပေါင်းများစွာအစာမစားပဲနေခဲ့ရတယ်လို့သိရပါတယ်။

ကံကောင်းစွာနဲ့အကြီးဆုံးသားဖြစ်သူ Jhon Mark ဟာ ရေဒီယိုကနေသူတို့အကြောင်းကိုပြောပြခဲ့ရာမှ Ramos ဆိုသူက ထပ်ပြီးတခြားသူတွေကိုရှယ်ခဲ့ပါတယ်။အဲ့ဒီနောက်လူတွေအများကြီးက သူတို့မောင်နှမငါးယောက် အတွက်ငွေကြေးတွေအကူအညီပေးခဲ့ပါတယ်။ အစိုးရကလည်းသူတို့အတွက်အိမ်သေးသေးလေးတစ်လုံးဆောက် ဖို့လိုအပ်တဲ့ပစ္စည်းတွေပေးခဲ့ပါတယ်။သူတို့ကဦးလေးဖြစ်သူရဲ့အိမ်မှာပဲ အိမ်သေးသေးလေးဆောက်ပြီးနေခဲ့ပါတယ်။

ကလေးတွေအားလုံးကလည်းကျောင်းတွေပြန်တက်နေရပြီး နောက်ဆုံးမှာသူတို့အတွက် အခက်အခဲဆိုတာမရှိသလောက်ဖြစ်သွားခဲ့ပါပြီ။ သူတို့ရဲ့မိဘတွေကိုပြန်လိုချင်လားလို့မေးတဲ့အခါမှာတော့ ကလေးငယ်တွေကသူတို့အဖေရဲ့ အသံကိုရေဒီယိုထဲကကြားလို့ငိုခဲ့ကြပေမဲ့ အကြီးဆုံးသားတွေက သူတို့ဘာသာသူတို့ရပ်တည်နိုင်တယ်လို့ပြောခဲ့ပါတယ်။ အစိုးရကလည်းသူတို့ကိုကူညီချင်တဲ့သူတွေဆက်သွယ်လို့ရအောင် အကြီးဆုံးကောင်လေးအတွက်ဘဏ်အကောင့်လုပ်ပေးထားတယ်လို့သိရပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations