ပြန်ပြီးလက်မခံနိုင်ဘူးဆိုရင် ဒီအချက်တွေအတိုင်းလုပ်ဆောင်ဖို့လိုပါတယ်

လမ်းခွဲပြီးသားရည်းစားဟောင်းက သင့်ကိုပြန်ဆက်သွယ်ဖို့ကြိုးစားနေပါသလား?သင်ကရော သံယောဇဉ်မပြတ်နိုင်ပဲ သူဖုန်းဆက်ရင်ကိုင်ပြီးသူနဲ့အမြဲစကားတွေပြောဖြစ်နေပြီလား။သင်ကသူ့ကိုလုံးဝပြန်လက်မခံနိုင်ဘူးဆိုရင် အပြတ်ဖြတ်တာအကောင်းဆုံးပါပဲ။အဲ့လိုမဟုတ်ပဲ အချိန်တွေဆွဲထားပြီးသာယာနေမယ်ဆိုရင် နှစ်ယောက်လုံးအတွက်မကောင်းနိုင်ဘူးနော့။အဲ့ဒါကြောင့် ရည်းစားဟောင်းကပြန်ပြီးဆက်သွယ်ဖို့ကြိုးစားနေတယ် ဆိုရင်ဒီအချက်တွေကိုသိထားဖို့လိုပါတယ်။

၁။သူငယ်ချင်းအဖြစ်ပဲ လက်ခံပေးပါလို့ပြောရင် အပြတ်ငြင်းပါ

၁။သူငယ်ချင်းအဖြစ်ပဲ လက်ခံပေးပါလို့ပြောရင် အပြတ်ငြင်းပါ

လမ်းခွဲပြီုးသားစုံတွဲက သူငယ်ချင်းလိုပြန်နေတယ်ဆိုတာ တော်တော်လေးရှားပါတယ်။ သူငယ်ချင်းလိုပြန်ရင်းနှီးသွားမှ သူက ချစ်သူရည်းစားပြန်ဖြစ်အောင်ကြိုးစားပါလိမ့်မယ်။တကယ်လို့သူ့ကြောင့်သင်က အမြဲနာကျင်နေရတယ်၊ ၀မ်းနည်းနေရတယ်ဆိုရင် သူငယ်ချင်းအဖြစ်နေရအောင်ဆိုတဲ့စကားမှာသာယာမသွားမိပါစေနဲ့။

၂။ဖုန်းတွေမကြာခဏဆက်နေရင် အဲ့လိုမလုပ်ဖို့ပြောပါ

၂။ဖုန်းတွေမကြာခဏဆက်နေရင် အဲ့လိုမလုပ်ဖို့ပြောပါ

ပြတ်ပြီးကာမှ အရင်ကမပေးနိုင်ခဲ့တဲ့အချိန်တွေ၊လက်ဆောင်ပစ္စည်းတွေနဲ့လာချော့ရင် မပျော့ညံ့မိပါစေနဲ့။အဆင်မပြေလို့လမ်းခွဲခဲ့ကြတာမဟုတ်လား။ပြတ်ပြီးသားကြိုးတစ်ချောင်းကပြန်ဆက်ရင်တောင် အထုံးတော့ပါနေမှာပါ။ပြတ်ပြတ်သားသားပြောပြီးကိုယ့်စိတ်ကိုနိုင်အောင်ထိန်းဖို့လိုပါတယ်။

၃။အပြင်သွားတဲ့အခါ သူငယ်ချင်းတွေနဲ့အတူသွားပါ

၃။အပြင်သွားတဲ့အခါ သူငယ်ချင်းတွေနဲ့အတူသွားပါ

ကိုယ်တစ်ယောက်တည်းအပြင်သွားရင် သူက အနောက်ကနေကပ်ပါလာပြီး သင့်ကိုပြန်ချဉ်းကပ်ဖို့ကြိုးစားပါလိမ့်မယ်။အရင်ကရှိခဲ့ဖူးတဲ့သံယောဇဉ်ကိုထောက်တာတွေ ဘာတွေမလုပ်ပါနဲ့။ရှေ့ဆက်မဖြစ်နိုင်လို့လမ်းခွဲပြီးတဲ့စုံတွဲက အဆင်ပြန်ပြေသွားလည်း အဖုအထစ်တွေရှိနေဦးမှာမို့လို့သာယာတဲ့ဆက်ဆံရေးကိုမရနိုင်ပါဘူး။

၎။သူနဲ့ပြန်တွဲရင်ကောင်းမလားဆိုတဲ့အတွေးကိုဖျောက်ပစ်ပါ

၎။သူနဲ့ပြန်တွဲရင်ကောင်းမလားဆိုတဲ့အတွေးကိုဖျောက်ပစ်ပါ

ရည်းစားနဲ့ပြတ်သွားတဲ့အချိန်မှာ သံယောဇဉ်တွေကိုပြန်စဉ်းစားမိပြီး ပြန်တွဲလိုက်ရင်ကောင်းမလား၊ ဒီတစ်ခါဆိုအဆင်ပြေတော့မှာပါဆိုပြီးတွေးနေတဲ့အတွေးကိုဖျောက်လိုက်ပါ။မိန်းကလေးတိုင်း လိုလိုဖြစ်တတ်ပါတယ်။အဲ့ဒီအတွေးကလည်းခဏပဲဖြစ်တာပါ။ ရုပ်ရှင်ကြည့်တာ၊သီချင်းနားထောင်တာ စသဖြင့်စိတ်ကိုအနားပေးလိုက်ရင်တည်ငြိမ်သွားပါလိမ့်မယ်။ အဲ့လိုအတွေးမျိုးတွေးမိနေပြီဆိုရင် ဘာလို့လမ်းခွဲခဲ့ရတာလဲဆိုတဲ့ အကြောင်းကိုပြန်စဉ်းစားပါ။သူ့ကြောင့် သင့်စိတ်ချမ်းသာရတာများလား၊ငိုရတာများလား ပြန်သုံးသပ်ပါ။

၅။ပွင့်ပွင့်လင်းလင်းငြင်းပါ

၅။ပွင့်ပွင့်လင်းလင်းငြင်းပါ

သံယောဇဉ်မပြတ်နိုင်သေးဘူးဆိုပြီး မပြတ်မသားဖြစ်နေရင်နောက်တစ်ခါသင်ပဲ ထပ်ခံစားရမှာပါ။အဲ့ဒါကြောင့်သူက ဖုန်းတွေဆက်တာ၊အနောက်ကလိုက်ပြီးဖြေရှင်းချက်ပေးတာ၊စာတွေပို့တာစသဖြင့် ပြန်ဆက်သွယ်ဖို့ကြိုးစားနေပြီဆိုရင် ပွင့်ပွင့်လင်းလင်းပြောပြီးငြင်းပါ။သင့်ဘက်က ပျော့ညံ့နေရင်တော့သူကရှေ့ဆက်တိုးဖို့ကြိုးစားနေမှာပါ။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations