TV ရှေ့ကနေမခွာနိုင်ဖြစ်သွားစေမယ့် ကားလေး...

ကိုရီးယားဇာတ်လမ်းတွဲကိုမှ နန်းတွင်းဇာတ်လမ်းမျိုးကြည့်ချင်တယ်ဆိုရင်ဒီ The Emperor:Owner of the Mask ကားလေး ကိုကြည့်ဖို့အကြံပေးချင်ပါတယ်။ဒီဇာတ်လမ်းတွဲဟာအရင်နန်းတွင်းဇာတ်လမ်းမျိုးနဲ့မတူတဲ့အတွက် ရုပ်ရှင်ချစ်ပရိသတ်တွေကြိုက်နှစ်သက်မယ့်ဇာတ်လမ်းကောင်းလေးလည်းဖြစ်ပါတယ်။

ဒါရိုက်တာ Noh Do Chul နဲ့ Park Won gook တို့ရိုက်ကူးထားတာဖြစ်ပြီးYoo Seung Ho ၊ Kim So Hyun ၊ Kim Myung Soo ၊Yoon So hee ၊ Heo Joon Ho နဲ့ Park Chul min တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

ဇာတ်လမ်းအကျဉ်းလေးကတော့-Josen ခေတ် ဘုရင်နဲ့ခေတ်အဆက်ဆက်ဘုရင်တွေအပေါ်မှာ အုပ်စိုးလာတဲ့အဖွဲ့အစည်းကြီးနဲ့စွမ်းအားချင်း၊ဥာဏ်ချင်းယှဉ်ပြိုင်ရတဲ့ပုံစံဖြစ်ပါတယ်။မင်းသားဖြစ်သူ Yoo Seung Hoရဲ့ အဖေဟာလည်း စွမ်းအားကြီးတဲ့အဖွဲ့အစည်းရဲ့ထိန်းချုပ်ခံထားရတဲ့သူတစ်ယောက်ပါ။ နန်းတွင်းအသိုင်းအ၀ိုင်းရဲ့သဘာဝအတိုင်း မင်းကြီးဖြစ်လာမယ့် မင်းသားလေးကိုအဖက်ဖက်က ရန်သူတွေကလုပ်ကြံကြတဲ့အကြောင်း ကိုလည်းစိတ်ဝင်စားစရာတင်ဆက်ပြထားပါတယ်။

The Emperor:Owner of the Maskဆိုတဲ့နာမည်အတိုင်း မင်းကြီးကမင်းသားလေးကို ရန်သူတွေမသိနိုင်အောင် ငယ်စဉ်ကတည်းကမျက်နှာဖုံးစွပ်ပေးထားခဲ့ပါတယ်။ လုပ်ကြံခံရပေမဲ့မသေတဲ့အပြင်စွမ်းအားတစ်မျိုးကိုတောင် ရရှိခဲ့တဲ့မင်းသားလေးကို အရွယ်ရောက်တဲ့အချိန်ထိဘယ်သူကမှမမြင်ဖူးခဲ့ပါဘူး။ မင်းသားလေးမျက်နှာကိုမြင်လိုက်တဲ့ သူကလည်းအကုန်အသတ်ခံရမှာပါ။ ဒီလိုနဲ့အရွယ်ရောက်လာတဲ့မင်းသားလေးဟာ တိုင်းပြည်ထဲမှာလှည့်လည်သွားလာရင်းနဲ့ စွမ်းအားမြင့်အဖွဲ့အစည်းကနန်းတွင်းအပေါ် ထိန်းချုပ်ထားတဲ့အကြောင်းသိလာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့မျက်နှာဖုံးတပ်ထားတဲ့ဘုရင်ဟာ မင်းသမီး၊ဇာတ်ပို့မင်းသားတွေနဲ့တွေ့ဆုံပြီးခေတ်အဆက်ဆက် အုပ်စိုးလာတဲ့အဖွဲ့အစည်းကို တွန်းလှန်ဖို့စတင်လုပ်ဆောင်ပါတော့တယ်။မင်းသားမှာလည်းနာကျင်စရာအတိတ်ရှိသလို မင်းသမီးဖြစ်တဲ့ Kim So Hyun မှာလည်းရင်နာစရာအဖြစ်အပျက်တွေရှိလာခဲ့ပါတယ်။

ဇာတ်ပို့မင်းသားတစ်ယောက်ဖြစ်တဲ့Kim Myung Soo ဟာလည်း သူ့ဇာတ်နဲ့လိုက်ဖက်အောင်သရုပ်ဆောင်ကောင်းတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။နောက်ပိုင်းမှာသူတို့သုံးယောက်ရဲ့ခံစားချက်အလှည့်အပြောင်း၊ ဘ၀အလှည့်အပြောင်းတွေ၊ဘယ်သူကမှလည်းမမြင်ဖူးထားတဲ့မျက်နှာဖုံးစွပ်ဘုရင်က အဖွဲ့အစည်းနဲ့အားပြိုင်ပုံတွေက တဖြည်းဖြည်းစိတ်ဝင်စားစရာကောင်းလာတာဖြစ်လို့ ပရိသတ်တွေ ကိုယ်တိုင် ခံစားကြည့်ရှုနိုင်အောင်မြန်မြန်ကြည့်ကြဖို့ တိုက်တွန်းပေးလိုက်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations