သားသမီးသုံးယောက်ရှိပေမဲ့...

မိဘဆိုတာ ကိုယ်ငယ်ငယ်လေးကတည်းကအရွယ်ရောက်တဲ့အထိကျွေးမွေးစောင့်ရှောက်ပေးခဲ့တဲ့သူတွေပါ။ အရွယ်ရောက်တော့လည်းသူတို့ဘ၀လေးတင့်တင့်တယ်တယ်ဖြစ်စေဖို့ဆောင်ရွက်ပေးရတာပါပဲ။ တစ်ချို့သားသမီးတွေကလည်းမိဘအပေါ်ပြန်ပြီးစောင့်ရှောက်ကျွေးမွေးကြသလို တစ်ချို့သားသမီးတွေကတော့ ကိုယ်ပိုင်မိသားစုရှိလာတာနဲ့မိဘတွေကိုဂရုတောင်မစိုက်ကြတော့ပါဘူး။

အသက် ၇၀အရွယ်အဘွားအိုတစ်ယောက်ရဲ့အဖြစ်ဟာလည်း ၀မ်းနည်းစရာပါပဲ။သူမမှာသားသမီးသုံးယောက်ရှိပေမဲ့ သားသမီးတွေက သူတို့ရဲ့မိသားစုတွေနဲ့ပဲအတူတူနေကြပြီး မွေးထားတဲ့အမေကိုရှိတယ်လို့တောင်မထင်ခဲ့ပါဘူး။

အသက်ကြီးနေပြီဖြစ်တဲ့အမေဆေးရုံတက်တာတောင်လာမကြည့်ကြဘူးလို့သိရပါတယ်။ သူမဆေးရုံတက်နေတဲ့အချိန်လာကြည့်တဲ့သူဆိုလို့ ခွေးလေးတစ်ကောင်ပဲရှိခဲ့ပါတယ်။

ပြည်မီဒီယာတစ်ခုဖြစ်တဲ့ Good Times ကဖော်ပြချက်အရ အဘွားအိုဟာလွန်ခဲ့တဲ့နှစ်အနည်းငယ်က လမ်းပေါ်မှာလျှောက်သွားနေတဲ့သနားစရာခွေးလေးကိုတွေ့ခဲ့ပြီး အိမ်ကိုခေါ်သွားခဲ့ပါတယ်။ ခွေးလေးကိုမိသားစုတစ်ယောက်လိုသဘောထားပြီးပြုစုစောင့်ရှောက်ခဲ့တာပါ။ သူမရဲ့သားသမီးတွေအိမ်ထောင်ကျပြီးခွဲထွက်သွားတဲ့အချိန်မှာသူမရဲ့ဘေးနားမှာခွေးလေးပဲရှိခဲ့တယ်လို့သိရပါတယ်။

ဆေးရုံတက်ရတဲ့နေ့မှာတော့ သားသမီးတွေကဂရုတစိုက်နဲ့လာတောင်မကြည့်ကြပါဘူး။ ဒါပေမဲ့အံ့သြစရာကောင်းစွာနဲ့ သူမရဲ့ခွေးလေးက အနားကနေမခွာပဲစောင့်ပေးခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။

ဆေးရုံစောင့်တွေက ခွေးလေးကို ထွက်သွားဖို့မောင်းထုတ်ခဲ့ပေမဲ့လည်းမသွားခဲ့ပါဘူး။ အဲ့ဒီနောက်မှာတော့ခွေးလေးရဲ့သံယောဇဉ်ကြီးမှုကိုသတိထားမိပြီး အဘွားအိုဟာလည်းခွေးလေးအနားမှာ ရှိနေလို့ပိုပြီးပျော်ရွှင်လာတာကိုဆေးရုံစောင့်တွေက သတိထားမိခဲ့ပါတယ်။အဲ့ဒါကြောင့် ခွေးလေးကိုမောင်းမထုတ်တော့ပဲအဘွားအိုရဲ့အနားမှာပဲလူနာစောင့်လုပ်ခိုင်းခဲ့ပါတယ်။ သိပ်မကြာခင်ကတော့အဘွားဟာနေပြန်ကောင်းသွားလို့ ဆေးရုံကဆင်းသွားခဲ့တယ်လို့သိရပါတယ်။

Source:Rachfeed

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations