မိန်းကလေးတွေက သူတို့နဲ့လမ်းခွဲချင်တယ်ဆိုရင် ဒီအချက်လေးတွေကိုသိထားဖို့လိုပါတယ်တဲ့

လူတော်တော်များများက သူတို့ရဲ့ ချစ်သူနဲ့လမ်းခွဲချင်တဲ့အခါမှာဘယ်လိုအဆင်ပြေအောင်လုပ်ရမလဲဆိုတာမသိကြ ပါဘူး။နှစ်ဦးနှစ်ဖက်နာကျင်ခံစားရမှုမရှိအောင်အဆင်ပြေမယ့်နည်းလမ်းမရှိဘူးလားဆိုတော့ရှိပါတယ်။ မိန်းကလေးအများစုကိုလေ့လာကြည့်တဲ့အခါ သူတို့နဲ့လမ်းခွဲချင်ရင်ဒီနည်းလမ်းတွေနဲ့လမ်းခွဲဖို့ကိုပြောပြထားပါတယ်။ ဒီနည်းလမ်းတွေကနှစ်ယောက်လုံးအတွက်သက်တောင့်သက်သာဖြစ်စေပါတယ်တဲ့။ ထူးထူးခြားခြားပါပဲ။မိန်းကလေးတွေကိုယ်တိုင်ပြောပြတဲ့ "သူတို့နဲ့လမ်းခွဲချင်တဲ့အခါသိထားဖို့လိုတဲ့အချက်လေးတွေ…"

၁)ဖုန်းနဲ့လမ်းခွဲစကားမပြောပါနဲ့

၁)ဖုန်းနဲ့လမ်းခွဲစကားမပြောပါနဲ့

ယောက်ျားလေးအများစုက လမ်းခွဲစကားပြောချင်ပြီဆိုရင်ဖုန်းကနေပြောလေ့ရှိတယ်၊အွန်လိုင်းကနေပြောလေ့ရှိပါတယ်။ ဒါကမိန်းကလေးတစ်ယောက်အတွက် နာကျင်စေပါတယ်။ရည်းစားစကားပြောတုန်းကတောင်နှစ်ယောက် သားအပြင်မှာတွေ့ပြီးပြောခဲ့ကြတာမဟုတ်လား။ချစ်သူတွေဖြစ်တော့လည်းအပြင်မှာလျှောက်လည်ခဲ့ကြတယ်ဟုတ်! အခုလမ်းခွဲတဲ့အချိန်မှာလည်းအပြင်မှာတွေ့ပြီးလမ်းခွဲပါ။

၂)ချိုသာစွာပြောပါ

၂)ချိုသာစွာပြောပါ

လမ်းခွဲချင်တယ်ဆိုရင် ဒေါသထွက်စွာ၊အပြစ်တင်စွာနဲ့အော်ဟစ်ပြောဆိုမနေပါနဲ့။လမ်းခွဲချင်တဲ့ အကြောင်းရင်းကိုအေးအေးဆေးဆေးပြောပါ။နောက်ဆုံးလမ်းခွဲစကားပြောချိန်မှာတောင်တစ်ဖက်လူကိုဒဏ်ရာမပေးပါနဲ့။

၃)လမ်းခွဲချင်တဲ့အကြောင်းပြချက်ကိုသေချာပြောပါ

၃)လမ်းခွဲချင်တဲ့အကြောင်းပြချက်ကိုသေချာပြောပါ

လမ်းခွဲချင်တဲ့အကြောင်းပြချက်ကိုခိုင်မာအောင်၊သေချာအောင်ပြောပါ။တကယ်လို့သင်က ဟိုဟိုဒီဒီပြောနေရင် မိန်းကလေးတွေကသူတို့ လမ်းခွဲခံရတာတောင် ဘာလို့လမ်းခွဲခံရမှန်းသိမှာမဟုတ်ပါဘူး။ အဲ့ဒီအခြေအနေကလမ်းခွဲပြီးသွားရင်တောင် စိတ်ထဲမှာတနုံနုံဖြစ်နေစေမှာပါ။

၎)သူရဲဘောမကြောင်ပါနဲ့

၎)သူရဲဘောမကြောင်ပါနဲ့

ချစ်သူမိန်းကလေးနဲ့လမ်းခွဲချင်တဲ့အခါမှာ မတွေ့ချင်ဘူးဆိုရင်တောင်ထွက်မပြေးပါနဲ့။ရှောင်မနေပါနဲ့။ အဆက်အသွယ်ဖြတ်မထားပါနဲ့။တည့်တည့်ရင်ဆိုင်ပြီးလမ်းခွဲချင်တဲ့အကြောင်းကိုပြောပါ။ အဲ့ဒါကနှစ်ယောက်လုံးအတွက်အချိန်လည်းမကုန်စေပဲ အေးအေးဆေးဆေးပြီးသွားနိုင်ပါတယ်။

၅)ရိုးသားပါ

၅)ရိုးသားပါ

တခြားတစ်ယောက်ကိုချစ်မိနေလို့ လက်ရှိမိန်းကလေးကိုလမ်းခွဲချင်တာဆိုရင်သူမကိုအမှန်အတိုင်းပြောပါ။ အကြောင်းပြချက်မျိုးစုံလျှောက်ပေးမနေပဲအမှန်အတိုင်းဝန်ခံပြီးလမ်းခွဲစကားပြောပါ။ ဒီမိန်းကလေးဟာလည်းသင်တစ်ချိန်ကချစ်တယ်လို့ပြောခဲ့တဲ့မိန်းကလေးမဟုတ်လား။သူမအပေါ်လေးစားမှုရှိပါ။

၆)တိုက်ရိုက်လမ်းခွဲစကားပြောပါ

၆)တိုက်ရိုက်လမ်းခွဲစကားပြောပါ

ဖုန်းနဲ့လမ်းခွဲစကားပြောတာ၊တခြားတစ်ယောက်နဲ့အထင်လွဲအောင်လုပ်ပြီးတောင်းပန်လမ်းခွဲတာ၊စသဖြင့် သွယ်ဝိုက်ပြီးလမ်းခွဲစကားပြောဖို့မစဉ်းစားပါနဲ့။အဲ့လိုလုပ်တာဟာ မိန်းကလေးတစ်ယောက်ရဲ့ သိက္ခာကျစေသလို သူ့အပေါ်တန်ဖိုးမထားရာလည်းရောက်ပါတယ်။

၇)အချိန်ဆွဲတာမျိုးမလုပ်ပါနဲ့

၇)အချိန်ဆွဲတာမျိုးမလုပ်ပါနဲ့

တော်တော်များများကလမ်းခွဲချင်နေရင်တောင်တစ်ဖက်မိန်းကလေးကိုငဲ့ပြီးငါပြောလိုက်ရင် အခြေအနေတွေက ဘယ်လိုဖြစ်သွားမလဲ၊သူတော်တော်ဝမ်းနည်းသွားမလားစသဖြင့်တွေးတောပြီးအဆင်ပြေမယ့် အချိန်ကောင်းကိုစောင့်လေ့ရှိပါတယ်။တကယ်တော့အဲ့လိုစောင့်နေတာက နှစ်ယောက်လုံးအတွက် အချိန်ကုန်ပြီးအကျိုးမရှိစေပါဘူး။ကိုယ်လည်း ဆွဲမထားချင်တဲ့အတူတူမြန်မြန်လက် လွှတ်ပေးလိုက်တာမကောင်းဘူးလား။အဲ့ဒါကြောင့် လုံးဝအဆင်မပြေတော့ဘူး။ လမ်းခွဲချင်နေပြီဆိုရင်အချိန်ဆွဲမနေပါနဲ့။အချိန်ဆွဲနေတာက နှစ်ယောက်လုံးအတွက်ဒဏ်ရာပဲပိုဖြစ်စေတာပါ။

ဒီနည်းလမ်းတွေအတိုင်းလမ်းခွဲဖို့ကြိုးစားပါ။အဲ့ဒါက နှစ်ယောက်လုံးနာကျင်ခံစားရတာသက်သာစေပါတယ်တဲ့။အဓိက မိန်းကလေးတစ်ယောက်ကိုလမ်းခွဲချင်တယ်ဆိုရင် သူမနဲ့တိုက်ရိုက်တွေ့ဆုံလမ်းခွဲပါ။ သွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့သွေးကြောင်ပြီးလမ်းမခွဲပါနဲ့။

Source:meaww

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations