အဖေဖြစ်သူရဲ့ အာရုံစိုက်ခံရအောင်၊ဂရုစိုက်ခံရအောင် သူလုပ်ခဲ့တဲ့အလုပ်ကတော့...

မိဘတွေကသားသမီးတွေအတွက်အကောင်းဆုံးပေးဆပ်ချင်ကြတာပါ။သူတို့ကသားသမီးတွေ စားဝတ်နေရေး အဆင့်မြင့်ကောင်းမွန်အောင်နေ့တိုင်းအလုပ်ကြိုးစားပြီးဝင်ငွေရှာဖွေကြပါတယ်။ ဒါပေမဲ့ချမ်းသာတဲ့ဘ၀ဆိုတာ တကယ်အစစ်အမှန်လိုအပ်တဲ့၊ပိုကောင်းတဲ့ဘ၀မဟုတ်ပါဘူး။ကလေးတွေကသူတို့ရဲ့ မိသားစုနဲ့အတူပျော်ရွှင်တဲ့အချိန်တွေကိုဖြတ်သန်းချင်ကြတာပါ။

တရုတ်နိုင်ငံ၊Zhejiang ပြည်နယ်မှာနေထိုင်တဲ့ အသက် ၁၇နှစ်အရွယ်Fan ဆိုတဲ့ကောင်လေးဟာလည်း သူ့ရဲ့ အဖေနဲ့အတူခရစ်စမတ်အားလပ်ရက်မှာအတူရှိချင်လို့ မထင်မှတ်ထားတဲ့ကိစ္စတစ်ခုကိုလုပ်ခဲ့ပါတယ်။

သူငယ်ချင်းတွေကမိသားစုတွေနဲ့တွေ့ဆုံပြီးပျော်ပွဲရွှင်ပွဲတွေလုပ်နေကြပေပေမဲ့Fan ရဲ့ မိဘတွေကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်ကကွာရှင်းခဲ့ပါတယ်။သူ့ရဲ့ အဖေကလည်းစီးပွားရေးလုပ်ငန်းလုပ်ဖို့Guizhou မြို့ကိုသွားခဲ့ပါတယ်။

Fan ကိုတော့ဆွေမျိုးတွေဆီမှာထားခဲ့ပြီး အဖေဖြစ်သူက၀င်ငွေရဖို့အလုပ်သွားလုပ်ခဲ့ပါတယ်။ပိုက်ဆံတွေ လတိုင်းပို့ပြီးချမ်းချမ်းသာသာနေရပေမဲ့တကယ်တမ်းသားဖြစ်သူလိုအပ်နေတာက အဖေနဲ့အတူ အချိန်တွေဖြတ်သန်းဖို့ပါ။

ခရစ်စမတ်အားလပ်ရက်မှာလည်းအဖေဖြစ်သူကိုအိမ်လာဖို့ပြောခဲ့ပေမဲ့စီးပွားရေးသမားတစ်ယောက်ဖြစ်လို့အလုပ်တွေက ပစ်ထားလို့မရခဲ့ပါဘူး။အဖေဖြစ်သူက သူမလာနိုင်တဲ့အတွက် ခရစ်စမတ်မှာကြိုက်တာသုံးလို့ရအောင် ဆိုပြီးငွေတွေအများကြီးပို့ပေးခဲ့ပါတယ်။ဒါပေမဲ့ အဲ့ဒီငွေတွေကFan ကို စိတ်ဓာတ်ကျသွားစေခဲ့ပါတယ်။ အဖေက သူ့အပေါ်လုံးဝကိုဂရုမစိုက်ပဲ ငွေရဖို့သာစဉ်းစားနေတယ်လို့တွေးမိခဲ့ပါတယ်။ သူငယ်ချင်းတွေက သူတို့မိသားစုတွေနဲ့ပျော်ရွှင်နေတာ ကြည့်ပြီးစိတ်မကောင်းဝမ်းနည်းနေတဲ့သားက အဖေဖြစ်သူရဲ့ အာရုံစိုက်ခံရဖို့ ကားပါကင်မှာရှိတဲ့ကားတစ်စီးကိုပျက်စီးအောင်လုပ်ခဲ့ပါတယ်။ အဲ့ဒီနောက်သူ့အဖေရဲ့ဖုန်းနံပါတ်ကို ကားဘေးမှာရေးထားခဲ့ပါတယ်။

ကားပိုင်ရှင်တွေ့တဲ့အခါမှာတော့ အံ့သြဒေါသထွက်သွားခဲ့ပြီးရေးထားတဲ့ဖုန်းနံပါတ်ကိုခေါ်ဆိုခဲ့ပါတယ်။ အဖေဖြစ်သူကလည်းသူ့သားလက်ချက်မှန်းသိခဲ့ပြီး ရဲစခန်းကိုဖုန်းခေါ်ခဲ့ပါတယ်။သူ့သားဖြစ်သူကိုရှာပြီး သူလုပ်သွားတဲ့အလုပ်ကိုတာဝန်ယူခိုင်းပါလို့ပြောခဲ့ပါတယ်။

ဆယ်ကျော်သက်အရွယ်သားဖြစ်သူက အဖေဖြစ်သူနဲ့တွေ့ချင်လို့၊အာရုံစိုက်ခံချင်လို့ဒီလိုလုပ်ရပ်မျိုးကို လုပ်ခဲ့တာပါလို့ရဲစခန်းမှာဝန်ခံခဲ့ပါတယ်။သူက အဖေဖြစ်သူပြန်လာပြီးခရစ်စမတ်မှာအတူအချိန်ကုန်ဆုံးမယ် လို့စဉ်းစားပြီးလုပ်ခဲ့တာဖြစ်ပေမဲ့ သူ့ရဲ့ လုပ်ရပ်အတွက်ထောင်ထဲမှာ၁၀ရက်လောက်နေခဲ့ရပါတယ်။သူ့ရဲ့ အဖေက တရုတ်နှစ်သစ်ကူးပွဲတော်မှာတော့ အတူတူရှိဖို့ကတိပေးထားခဲ့တယ်လို့သိရပါတယ်။ သားအဖနှစ်ယောက်ပြေလည်မှုရပြီး ဒီထက်ပိုပြီးအန္တရာယ်များတဲ့လုပ်ရပ်မျိုး Fan နောက်ထပ်မလုပ်မိစေဖို့မျှော်လင့်ရမှာပါပဲ။

Source:Rachfeed

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations