အရမ်းလွယ်ကူပါတယ်
ယနေ့ခေတ်လူနေမှု့ပုံစံအရပျိုမေတို့ရဲ့ ခြေထောက်အသားအရေ ကို ထိန်းသိမ်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဖူး။ဒီနားက နာပြန်ပီ၊ ဟိုနားက ပွန်းပြန်ပီ ၊ ဒီဘက်နားက ရှပြန်ပီ အဲ့တာအပြင် ဝယ်လာတဲ့ဖိနပ်ကကြပ်နေပြန်ပီ စသဖြင့် ဖြစ်တက်ကြပါတယ်။ အလုပ်ကအပြန် အိမ်ရောက်တော့မှသာ ငါ့ခြေထောက်လေးဘယ်နားကတော့ ခြစ်မိသွားပီ၊ ဘယ်နားမှာတော့ အနာလေးတွေဖြစ်ကုန်ပီ ဆိုပြီး သတိထားမိကြတာပါ။ဒါပေမယ့် မပူပါနဲ့။ ဒီပြသနာတွေကို အလွယ်ဆုံး ၊အရိုးရှင်းဆုံး ၊အဓိကျဆုံးနှင့် စျေးအသက်သာဆုံးသောနည်းလမ်းလေးတခုနှင့် ဖြေရှင်းလို့ရပါတယ်။ ပျိုမေတို့ရဲ့ ခြေထောက်လေးတွေ တကယ်ကို အနာအဆာကင်းပြီးတော့လှပကျော့ရှင်းနေဖို့အတွက် နည်းလမ်းကောင်းလေးတစ်ခုကို ဝေမျှပေးလိုက်ပါတယ်။
*ရေချိုးဆပ်ပြာရည်
လိုအပ်သောပစ္စည်းများ
*မုန့်ဖုတ်ဆိုဒါမှုန့်လက်ဖက်ရည်ဇွန်း 5 ဇွန်း
*ရေချိုးဆပ်ပြာရည်
*ဆီအနည်းငယ်(လိမ္မော်ဆီ သို့မဟုတ် lavender ဆီ သို့မဟုတ် လီမွန်ဆီ) အဆင်ပြေတာထည့်သုံးနိုင်
အသုံးပြုနည်း
အသုံးပြုနည်း
(1) အစီအစဉ်တစ်ခုလုံး မစတင်ခင်ပျိုမေတို့ရဲ့ခြေထောက်တွေကို (5)မိနစ်ခန့် ရေနွေးထဲစိမ်ထားပေးပါ။  အဲ့လိုစိမ်ပေးထားခြင်းဟာပျိုမေတို့ ခြေထောက်တွေကို ပိုပြီး အကျိုးအာနိသင်သက်ရောက်စေပါတယ်။
(2) ရေချိုးဆပ်ပြာရည် မုန့်ဖုတ်ဆိုဒါ နဲ့ ဆီ တို့ကို အဆတူရောထည့်ပြီးနှံ့အောင် မွှေပေးရပါမယ်။ 
(3) ပြီးတဲ့အခါမှာ ပျိုမေတို့ရဲ့ ရောမွှေလို့ရလာတဲ့ ဟာကိုခြေထောက်လေးတွေအပေါ်ကိုသုတ်လိမ်းပြီးနှိပ်နယ်ပေးလိုက်ပါ။
(4) အကယ်လို့ ခြေထောက်ဟာအရမ်းပျက်စီးနေတယ်ဆိုရင်တော့brush                                                             ဒါမှမဟုတ် ရေမြုပ်ကျောက်တုံးလေးနှင့်အသာလေးပွတ်တိုက်ပေးလိုက်ပါ။
(5)နောက်ဆုံးအဆင့်အနေနှင့်အဲ့ဒီဟာတွေကိုသန့်စင်အောင် ဆေးကြောပစ်ပြီးပျိုမေတို့ရဲ့ခြေထောက်ကို moisturizing cream လေး သုတ်လိမ်းပေးထားလိုက်ပါ။
မုန့်ဖုတ်ဆိုဒါဟာဆိုရင်သင့်ခြေထောက် ရဲ့အသားအရည်ကိုပြုပြင်ပေးနိုင်တဲ့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ဒီအပြင်မကောင်းတဲ့အနံ့အသက်တွေ သွေးထွက်သံယိုဖြစ်ပြီးရတဲ့ ဒဏ်ရာတွေနဲ့ မှိုကြောင့်ဖြစ်တဲ့ အနာတွေကိုလည်းအကောင်းဆုံးသက်သာပျောက်ကင်းစေနိုင်ပါတယ်။
Source : BrightSide
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations