တော်တော်လွယ်ကူတဲ့နည်းလမ်းတွေပါ
သဘာဝကျခြင်းဆိုတာဟာအမြဲတမ်းဦးတည်ချက်ရှိပါတယ်။ ယနေ့ခေတ်မိန်းကလေးအများစုဟာမိတ်ကပ်မလိမ်းထားတဲ့ပုံပေါက်အောင်မိတ်ကပ်ဘယ်လိုလိမ်းရမလည်းဆိုတဲ့ အပေါ်မှာဘဲအချိန်တွေအများကြီးပေးနေကြတာကိုတွေ့ရပါတယ်။ဒါပေမယ့် တခုအကြံပေးချင်တာကအောက်မှာပါ တဲ့လွယ်ကူရိုးရှင်းတဲ့အချက်လေးတွေကသင်တို့ရဲ့ မျက်နှာလေးကိုဘာမိတ်ကပ်မှ မလိမ်းခြယ်ရပါဘဲ နဲ့ကြည့်ကောင်းအောင် ကူညီပေးနိုင်ပါတယ်။ ဒီအချက်လေးတွေကတော့ ဘယ်အောက်ခံမိတ်ကပ်မှမပါပါဘဲနဲ့၊ ဘယ်နှုတ်ခမ်း နီဆိုးဆေး ဒါမှမဟုတ်ဘယ်အလှကုန်ပစ္စည်းမျိုးမှမပါပါဘဲနဲ့  သင့်ကိုသဘာဝကျကျလှပနေနိုင်အောင်လို့ မိတ်ဆက်ပေးလိုက်ပါတယ်။
(၁) သင့်ရဲ့မျက်ခုံးကို အကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါ။
(၁) သင့်ရဲ့မျက်ခုံးကို အကောင်းဆုံးဖြစ်အောင်ကြိုးစားထားပါ။
မိတ်ကပ်မရှိတဲ့မျက်နှာတစ်ခုမှာ မျက်ခုံးဟာလူသတိထားမိဖို့အကောင်းနေရာဖြစ်လာပါတယ်။ သင့်ရဲ့မျက်ခုံးကိုမျက်နှာလေးနဲ့လိုက်အောင်ပုံဖော်ထားပါ။လိုအပ်မယ်ဆိုရင်တော့မျက်ခုံးမွှေးဆွဲထားလိုက်ပါ။ အရောင်ရွေးချယ်တဲ့အခါမှာသင့်ရဲ့ဆံပင်အရောင်နဲ့လိုက်အောင်ညီအောင်လည်းရွေးချယ်ပေးပါ။ အကယ်လို့များမွေးရာပါ မျက်ခုံးမကောင်းတဲ့သူဆိုရင်တော့ဗိုက်တာမင်အေပါတဲအဆီတစ်မျိုးမျိုးဖြင် နေ့တိုင်းလိမ်းပေးပါ။သီတင်းပတ်အနည်းငယ်ကြားလာရင်ဘဲ သင့်ရဲ့မျက်ခုံးပုံစံအံ့အားသင့်စရာပြောင်းလဲ သွားတာကိုတွေ့ရပါလိမ့်မယ်။
(၂) သင့်ရဲ့မျက်လုံးများကို ထင်းနေအောင်၊ပေါ်လွင်အောင်ထားပါ။
(၂) သင့်ရဲ့မျက်လုံးများကို ထင်းနေအောင်၊ပေါ်လွင်အောင်ထားပါ။
သင့်မျက်လုံးလေးထင်းနေတယ်လို့ထင်ရအောင် မျက်တောင်တုများကိုတပ်ထားပြီး အကြည်ရောင်ဂျလ်တခုခု လိမ်းထားပေးပါ။လိုအပ်ရင် လိုအပ်သလိုမျက်တောင်တုများကိုအကြီးအသေးညှိယူနိုင်ပါသည်။ မျက်ကွင်းညိုနေတာကိုဖယ်ထုတ်ချင်တယ်ဆိုရင်တော့ သင့်ရဲ့ဝိတ်ချနေတဲ့အစီအစဉ်ကိုပြန်စဉ်းစားသင့်နေပါပြီ။ မျက်ကွင်းညိုတယ်ဆိုတာဟာသင့်ရဲ့ခန္ဓာကိုယ်မှာသံဓာတ်(သို့မဟုတ်)ဗိုက်တာမင်ဘီဓာတ်(အသည်းအမြစ်များနှင့် အနီရောင်ပါတဲ့အသားတွေမှာအဲ့ဓာတ်တွေအများဆုံးပါ၀င်ပါတယ်။)ဆုံးရှုံးမှု့များနေလို့ဖြစ်ပါတယ်။သင့်ရဲမျက်လုံးခရမ်ကို အဖြူရောင်ခရမ်(သို့)သင့်တော်တဲ့အရောင်မျိုးရွေးသုံးပေးပါ။ရေစိုတို့ဖတ်မျိုး(သို့)လက်ဖက်စိမ်းတို့ဟာလည်းအရမ်းအသုံးဝင်တဲ့ အရာတွေဖြစ်ပါတယ်။
(၃) သွားတွေကို ဖြူဖွေးနေအောင်လုပ်ပါ။
 (၃) သွားတွေကို ဖြူဖွေးနေအောင်လုပ်ပါ။
တောက်ပတဲ့အပြုံးတစ်ပွင့်ဟာဘယ်လိုရုပ်ရည်မျိုးကိုမဆို အမှတ်(၁၀၀)အပြည့်ပေးနိုင်ပါတယ်။ဒါကြောင့်မို့လို့ သင်ဟာစွဲဆောင်မှု့ရှိတဲ့လူတစ်ယောက်ဖြစ်ဖို့အတွက်ဘယ်အရာကမှပိတ်ဆို့ထားတာမျိုးမဖြစ်အောင်သေချာဂရုစိုက် ဖို့လိုပါတယ်။ အဖြူရောင်ပါတဲ့သွားတိုက်ဆေးမျိုးကိုသုံးပါ။အထူးသဖြင့်ကော်ဖီသောက်ပြီးနောက် ဒါမှမဟုတ် ၀ိုင်သောက်ပြီးနောက်မှာပေါ့။ ဒါပေမယ့်တစ်ခုသတိထားရမှာသွားတိုက်ဆေးကိုအလွန်အကျွံအသုံးပြုမယ်ဆိုရင်တော့ သင့်ရဲ့သွားလေးတွေကြမ်းတမ်းသွားစေနိုင်ပါတယ်။ အကယ်လို့များသင့်ရဲ့သွားတွေဟာ သဘာဝအတိုင်းအညိုရောင်(သို့)အဝါရောင်သမ်းနေမယ်ဆိုရင်တော့ လုံးဝကျွမ်းကျွမ်းကျင်ကျင်နဲ့ဘဲ သူတို့ကိုဖြူနေအောင်လုပ်ထားလိုက်ပါ။
(၄) နှုတ်ခမ်းလေးတွေကိုလည်းမေ့ထားလို့မရပါဖူး။
(၄) နှုတ်ခမ်းလေးတွေကိုလည်းမေ့ထားလို့မရပါဖူး။
အာဟာရဓာတ်ပြည့်ဝနေဖို့၊ ခြောက်ခြောက်သွေ့သွေ့ဖြစ်မနေဖို့နှင့်ရာသီအလိုက် အသားလွှာတွေမပျက်စီးဖို့ကသင့်ရဲ့မျက်နှာအတွက် အရေးကြီးယုံသာမက သင့်ရဲ့နှုတ်ခမ်းလေးတွေ အတွက်လည်းအရမ်းအရေးပါပါတယ် ။နှုတ်ခမ်းနီတွေနေရာ မှာသံလွင်ဆီ(သို့)တခြားသဘာဝ ထွက်ဆီတွေကိုလည်းအစားထိုး အသုံးပြုနိုင်ပါသေးတယ်။ တစ်ပတ်ကိုတစ်ခါလောက်နှုတ်ခမ်းလေးတွေကို သွားတိုက်တံ(သို့)လက်ချောင်းထိပ်လေးတွေနဲ့ နှိပ်ပေးသင့်ပါတယ်။ မနှိပ်ခင်မှာတော့အဲ့ဒီလက်ချောင်းလေးတွေနဲ့သွားပွတ်တံတွေကို
စိုစွတ်အောင်အရင်လုပ်ထားပြီးဖြစ်နိုင်ရင်သကြား ထဲနှစ်ထည့်ထားနိုင်ပါတယ်။
(၅) ဆံပင်ကိုလည်းဂရုစိုက်ပါ။
 (၅) ဆံပင်ကိုလည်းဂရုစိုက်ပါ။
မွဲခြောက်ခြောက်ဆံပင်အရောင်နဲ့ညှပ်ထားတာကြာနေပြီဖြစ်တဲ့ဆံပင်ပုံံစံတွေဟာမိတ်ကပ်မရှိတဲ့သင့်ရဲ့မျက်နှာကို အထောက်အကူပြုမှာမဟုတ်ပါဖူး။အစအနထွက်နေတဲ့ဆံပင်တွေကိုပုံမှန်ညှပ်ပေးပြီးတော့အပူခံပစ္စည်းမျိုးကိုအသုံးပြုပေးပါ။ ပြီးတဲ့နောက်နေပူထဲသွားခြင်းမျိုးနဲ့ ပင်လယ်ရေကြောင်းခရီးသွားလာခြင်းမျိုးကိုရှောင်ကြဉ်ပါ။ အုန်းဆီဟာ သင့်ရဲ့ဆံပင်ကို အရောင်တောက်အောင်ပြုလုပ်ပေးနိုင်ပါတယ်။ အဲ့ဒီအပြင် ဗောက်ထခြင်း၊ ဆံသားခြောက်သွေ့ခြင်းမျိုးနဲ ့တခြားပြဿနာတွေကိုဖြေရှင်းပေးနိုင်ပါသေးတယ်။ အခြားဆေးဖက်ဝင်အပင်များနဲ့လည်း သင့်ရဲ့ဆံပင်ကိုကောင်းမွန်အောင်ပြင်ဆင်ပေးနိုင်ပါတယ်။ (ဥပမာအားဖြင့် ဆံပင်အညိုနဲ့အမဲပိုင်ရှင် များအတွက် ကလျာဏီအပင်မျိုးနှင့် ၀င်သစ်ချပင်ရဲ့ပင်စည်မျိုး ၊ ဆံပင်ရွေရောင်သမ်းသောသူများအတွက် ချာမိုမိုင်းအပင်မျိုးနှင့် သံပရာသီးကဲ့သို့အပင်မျိုး) တို့ကလည်းသင့်ရဲ့ဆံပင်ကိုတောက်ပလာအောင်ပြုလုပ်ပေးနိုင်ပါတယ်။
(၆) နေလောင်ကာသုံးပါ။
(၆) နေလောင်ကာသုံးပါ။
ခရမ်းလွန်ရောင်ခြည်ဒဏ်ခံရခြင်းဟာအလွန်အမင်းအသားအရေတွန့်သွားဖို့နဲ့အိုမင်းသွားသလို ဖြစ်လာဖို့အတွက် အကြီးမားဆုံးနှင့်အလျင်မြန်ဆုံး နည်းလမ်းဖြစ်ပါတယ်။အရေပြားကင်ဆာလိုမျိုးတွေကိုလည်းဖြစ်စေနိုင်ပြီးတော့ များသောအားဖြင့်အသားဖြူတဲ့ လူမျိုးတွေမှာပိုအဖြစ်များနိုင်ပါတယ်။ဒါကြောင့်မို့လို့ SPF ပါ၀င်တဲ့ပစ္စည်းတွေ ကိုနွေရာသီတစ်ခုထဲမှာ အသုံးပြုတာမျိုးမဟုတ်ဘဲနဲ့ ကမ်းခြေကိုသွားတဲ့ရာသီတွေမှာလည်းအသုံးပြုသင့်ပါတယ်။
(၇) သင့်ရဲ့အရေပြားကိုအာရုံစိုက်ထားပါ။
(၇) သင့်ရဲ့အရေပြားကိုအာရုံစိုက်ထားပါ။
အလှအပရေးရာပညာရှင်တွေရဲ့ ယုံကြည်ချက်အရ တစ်နေ့ကိုမျက်နှာနှစ်ခါ ထက်ပိုမသစ်သင့်ပါဖူးတဲ့။ ပြီးတော့လည်း အိပ်ယာဝင်ခါနီးနဲ့ အိပ်ယာကထတဲ့အချိန်တွေမှာလုပ်တာပိုအကောင်းဆုံးပါဘဲ။ မနက်ဘက်မှာသင်ဟာ နို့သန့်စင်ဆေးရည်မျိုး၊ lotion နဲ့ ရေခဲတုံးလေးတွေကိုအသုံးပြုနိုင်ပါတယ်။အရေးကြီးဆုံးအချက်ကတော့အသုံးပြုနေတဲ့အချိန်အတွင်း မျက်နှာကိုလိုတာထက်ပိုပြီးပြင်းပြင်းထန်ထန်မပွတ်မိစေဖို့ဘဲဖြစ်ပါတယ်။ မျက်နှာဖုံးပုံစံဖြင့်ပေါင်းတင်ခြင်းဟာ တစ်ပတ်မှာတခါလောက်တော့အသုံးဝင်ပါတယ်။ အကယ်လို့များသင့်ရဲ့အသားအရေဟာ အဆင်မပြေဖူးဆိုရင်တော့ သင့်တော်တဲ့အခြား မျက်နှာသစ်ဆေးများဖြင့် အသုံးပြုနိုင်ပါတယ်။
(၈) အိပ်ရေးဝအောင်အိပ်ပါ။
(၈) အိပ်ရေးဝအောင်အိပ်ပါ။
အနည်းဆုံးတော့ ရနာရီ (သို့) ၉နာရီအထိ အိပ်စက်ခြင်းကမှသာ သင့်ရဲ့အသားအရေ ကိုပြီးပြည့်စုံတဲ့အခြေအနေကို ရောက်စေနိုင်ပြီး အထွေထွေကျန်းမာရေးအတွက်လည်းအထောက်အကူပြုမှာဖြစ်ပါတယ်။ ညဘက်ဆိုရင် ၁၁ ဆိုတာနဲ့အိပ်ယာဝင်သင့်ပါတယ်။ ဘာလို့လည်းဆိုတော ့သန်းခေါင်းကျော်ပြီးတဲ့နောက်မှာ ခန္ဓာကိုယ်ကနေ အရေးပါတဲ့အရာတခုအဖြစ် "beauty hormones" ကိုစတင်ပြီးထုတ်လုပ်ပေးလို့ဘဲဖြစ်ပါတယ်။ အတွေးတွေများစွာထဲကနေ ရုန်းထွက်ပြီး ပက်လက်အနေအထားလေးနဲ့ ကြိုးစားပြီး အိပ်လိုက်ခြင်းဟာ မလိုလားအပ်တဲ့ မျက်ကွင်းညိုခြင်းတွေ ကိုလျော့ကျစေနိုင်ပါတယ်။ ဟိုသီချင်းလေးထဲကအတိုင်းပေါ့၊ အိပ်ရေးမပျက်စေနဲ့ အိပ်ရေးမပျက်စေနဲ့ မင်းရဲ့မျက်ကွင်းလေးတွေညိုပြီးမဲမယ်။ :P
(၉) အသေအချာစဉ်းစားပြီးမှဝိတ်ချပါ။
 (၉) အသေအချာစဉ်းစားပြီးမှဝိတ်ချပါ။
သင်စားသုံးနေတဲ့အစားအစာနဲ့ သင့်ရဲ့အသားအရေကြားထဲမှာဘယ်လိုဆက်သွယ်မှု့မျိုးတွေရှိနေလဲဆိုတာကို အရင်လေ့လာပြီးတော့မှဝိတ်ချပါ။အဆီများသော ပင်လယ်ငါးများ၊ အသီးအရွက်ဆီများ၊ အစေ့များ ပဲများဟာဆိုရင် အရေးကြီးဆုံးအစားအစာတွေဖြစ်ပါတယ်။ အဲ့ဒီအစားအစာတွေဟာ ၀လာစေနိုင်သော၊ ဗိုက်တာာမင် အီး၊ ဗိုက်တာမင်အေ တို့ ရဲ့မူလအရင်းအမြစ်ဖြစ်ပြီး အဲ့ဒီအရာတွေက လွတ်လပ်တဲ့မူလအရင်းအမြစ်တွေ ကိုတိုက်ထုတ်တဲ့အကောင်းဆုံး လက်နက်တွေဖြစ်ပါတယ်။ နို့ထွက်ပစ္စည်းတွေကလည်းသင့်ရဲ့စာရင်းထဲမှာပါနေသင့်ပါတယ်။ဘာလို့လည်းဆိုတော့ သူတို့ဟာကျန်းမာဖို့အတွက်အဓိကသော့ချက်မို့လို့ပါဘဲ။လ
(၁၀) မိမိရဲ့ကိုယ်ပိုင်အရောင်ကိုရွေးချယ်ပါ။
(၁၀) မိမိရဲ့ကိုယ်ပိုင်အရောင်ကိုရွေးချယ်ပါ။
မှန်ကန်တဲ့အင်္ကျီအရောင်ကိုရွေးချယ်ဝတ်ဆင်ချင်းဟာ သင့်ရဲ့အသားအရေကိုပိုပြီးထင်ရှားပေါ်လွင်စေပါတယ်။
မှန်ကန်တဲ့အကျင်္ီအရောင်ကိုရွေးချယ်ဝတ်ဆင်ချင်းဟာ သင့်ရဲ့အသားအရေကိုပိုပြီးထင်ရှားပေါ်လွင်စေပါတယ်။ ကြည့်ကောင်းအောင်ပြုလုပ်ပေးပြီး အရေးအကြောင်းနဲ့ဒဏ်ရာတွေကိုဖုံးကွယ်ပေးနိုင်ပါတယ်။အဲ့ဒီအပြင် သင့်ရဲ့ပုံပန်းသဏ္ဍန်ကိုပိုပြီးတော့ ပေါ်လွင်စေပါတယ်။ အောက်ခံမရှိတဲ့အသားအရေဟာဖြူလျော့လျော့ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် အရမ်းအလွန်အကျွံဖြစ်တဲ့အမဲဘက်လိုက်သော အရောင်များရွေးချယ်ခြင်းနဲ့ အအေးပတ်သလိုဖြူဖြူကြီးြ ဖစ်မနေဖို့က အလွန်အရေးကြီးပါတယ်။ အဖြူရောင်ဟာအကောင်းဆုံးမဟုတ်ပါဖူး။ အကောင်းဆုံးတစ်ခုကတော့ စစ်မှန်တဲ့တောက်ပတဲ့ကာလာတွေဖြစ်တဲ့ အပြာရောင်၊ မိုးပြာရောင်၊ မြကျောက်ရောင်၊ ပန်းနုရောင်တို့ဖြစ်ပါတယ်။ အကောင်းဆုံးအနေနဲ့ကတော့ သင်ဟာ သင့်ရဲ့အရောင်ကိုရွေးချယ်နိုင်ပြီးတော့ သင့်တော်တဲ့အကျီင်္အရောင်ကိုရွေးချယ် ၀တ်ဆင်တာဟာ အကောင်းဆုံးနည်းလမ်းတွေဘဲဖြစ်ပါတယ်။ ကဲ ဒီလိုဆိုရင်တော့ ပျိုမေတို့အနေနဲ့မိတ်ကပ်မပါဘဲဘယ်လို ကြည့်ကောင်းနေကြမလဲဆိုတဲ့နည်းလမ်းတွေကိုသိပြီးလောက်ပြီလို့ထင်ပါတယ်။အဲ့တော့ အခုဘဲစလိုက်ကြရအောင်။
source : brightside
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations