သူ့အစားအသည်းတွေယားလိုက်တာ။


အမြင့်ကနေဒိုင်ဗင်ထိုးပြသူလေး Cesilie Carltonဟာအခုလိုမျိုးပုံစံတူဒိုင်ဗင်ထိုးနည်းများကို သွားနေတဲ့ အပျော်စီးသင်္ဘောပေါ်မှာ အကြိမ်ပေါင်းများစွာထိုးပြခဲ့ဖူးသူဖြစ်ပါတယ်။ တကယ်ကိုနှလုံး ရပ်မတက်ဖြစ်ရတဲ့ အခိုက်အတန့်ပါဘဲ။


ဘာဖြစ်လို့လည်းဆိုတော့ သွားနေတဲ့ အပျော်စီးသင်္ဘောပေါ်ရဲ့ အမြင့်ပေ(၅၅)ပေကနေ ဒိုင်ဗင်ပစ်ပြဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်လို့ပါ။ ပိုပြီးထူးဆန်းတာကဂျွမ်းအလှအပများပါထိုးပြပြီးဒိုင်ဗင်ပစ်ပြသွားတာဖြစ်ပါတယ်။ အဲ့ဒီလိုဒိုင်ဗင်ပစ်ပြသွားတဲ့အခိုက်အတန့်လေးကို မှတ်တမ်းတင်ထားပြီး ၄င်းဗီဒီယိုကို Instagramပေါ်တင်ခဲ့ရာ လွန်ခဲ့သည့်အပတ်တွင် ကြည့်ရှု့သူပေါင်း250,000 ရှိခဲ့ပြီဖြစ်ပါတယ်။

ပါတယ်။

သူမဒိုင်ဗင်ထိုးပြခဲ့တဲ့သင်္ဘောကြီးရဲ့အမည်ကတော့ Harmony of the seas ဖြစ်ပြီးတော့ အဲ့ဒီသင်္ဘောကြီးဟာ ကမ္ဘာ့အကြီးဆုံးသင်္ဘောများထဲမှ တစ်စီးအပါအဝင်ဖြစ်ပါတယ်။ Cesilie Carltonဟာ ၂၀၁၃ခုနှစ်တွင်ကျင်းပခဲ့သော ကမ္ဘာ့ရေပေါ်ရေအောက် အားကစားနည်းဖြင့် အမေရိကန်နိုင်ငံအတွက် ရွှေတံဆိပ်ဆုယူပေးထားခဲ့သူလေးဖြစ်ပါတယ်။

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations