အထူးအဆန်းဆိုသူတို့တွေထိပ်ဆုံးက
ကမ္ဘာပေါ်မှာသဘာဝအတိုင်းထူးထူးဆန်းဆန်းရှိနေတဲ့အရာတွေအများကြီးရှိပါတယ်။ လူသားတွေဖန်တီး လိုက်မှ ထူးထူးဆန်းဆန်းဖြစ်သွားတဲ့အရာတွေလည်းရှိပါတယ်။ အဲ့လိုလူသားတွေ တီထွင်ကြံဆလိုက်တဲ့ အထူးအဆန်းတွေထဲကမှ အခုဟာကတော့ ကမ္ဘာပေါ်က အထူးဆန်းဆုံး မင်္ဂလာဆောင်(၉)ခုရဲ့ အကြောင်းဘဲဖြစ်ပါတယ်။
(၁) ဧည့်သည်တော်(၂၅၀)ရဲ့ရှေ့မှာ အဝတ်အစားမပါဘဲလက်ထပ်ဖို့ဆုံးဖြတ်လိုက်တဲ့စုံတွဲ      (အကုန်အကျသက်သာချင်တဲ့သူတွေ အဲ့လိုဆောင်ပါ)
Ellie Bartonနှင့် Phil Hendicott တို့စုံတွဲဟာ မွေးရာပါအတိုင်း ကိုယ်လုံးတီးမင်္ဂလာဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ ဧည့်သည်တော်(၂၅၀)ရှိတဲ့ မင်္ဂလာအခမ်းအနားမှာ အဲ့ဒီစုံတွဲဟာ လက်ထပ်လက်စွပ်နှင့် ကျကျနနစည်းထားတဲ့နှင်းဆီပန်းစည်းက လွဲပြီးကျန်တာဘာမှမဝတ်ဘဲ အခမ်းအနားကိုကျင်းပခဲ့တာပါ။ သတို့သမီး Ellie Hendicott ရဲ့ အမျိုးသမီးအဂါင်္ကိုတော့ အဖြူရောင်ဆေးဖြင့်အကာအကွယ်ဖြစ်အောင် ချယ်သထားပြီး သူမတကယ်ဝတ်ထားတဲ့ တစ်ခုထဲသော သတို့သမီးဝတ်စုံဂါ၀န်အရှည်ကြီး အနေနဲ့ကတော့ အနီရောင် ပန်းစည်းတစ်ခုပါဘဲ။ သတို့သား Phil Hendicott ရဲ့အမျိုးသားအဂါင်္ကိုတော့ဦးထုပ်အမဲရောင် တစ်လုံးထဲနဲ့ဖုန်းအုပ်ထားခဲ့တာဖြစ်ပါတယ်။ ၄င်းမင်္ဂလာဆောင်ကို ယနေ့မနက်မှကျင်းပခဲ့ပြီး ထောင်သောင်း မကသော သြစတြေးလျလူမျိုးတွေဆီကို FM radio ကနေ Live ထုတ်လွှင့်ခဲ့ပါတယ်။
(၂) အမြင့်ကနေခုန်ချခဲ့ပြီးလက်ထပ်ပွဲကျင်းပခဲ့တဲ့စုံတွဲ (စိတ်လှုပ်ရှားစရာတွေကိုမှနှစ်သက်တယ်ဆိုရင်တော့ဒီနည်းသုံးပါ)  
Belgiumနိုင်ငံက Jeroen နှင့် Sandra Kippersတို့စုံတွဲဟာ လေပေါ်အမြင့် ၁၆၀ပေ ပေါ်ကို စင်မြင့်တစ်ခုတင်ခဲ့ပြီး အဲ့ဒီစင်မြင့်ပေါ်မှာသူတို့ရဲ့ မင်္ဂလာဆောင်အခမ်းအနားကိုကျင်းပခဲ့ပါတယ်။ ၄င်းစင်မြင့်ပေါ်မှာသူတို့နှစ်ယောက်ရယ် လက်ထက်ပေးမယ့်အကြီးအကဲတစ်ဦးနှင့် ဧည့်သည်၂၀ ခန့်လောက်သာ ပါ၀င်ခဲ့ပါတယ်။ ဘေးဘက်မှာစင်မြင့်တစ်ခုရှိပြီးတော့ အဲ့ဒီစင်မြင့် ကတော့ တေးဂီတဝိုင်းအတွက်ဖြစ်ပါတယ်။ ကျမ်းသစ္စာကျိမ်ဆိုပြီးနောက်မှာဘဲ သူတို့နှစ်ယောက်ဟာတရားဝင်ခွင့်ပြုထားတဲ့ bungee-jumping နည်းဖြင့်မြေပေါ်သို့ ခုန်ချခဲ့ခြင်းဖြစ်ပါတယ်။ ဒီလိုထူးခြားတဲ့မင်္ဂလာအခမ်းအနားအတွက် ကုန်ကျစရိတ်ကတော့ ပေါင် ၂၅,၀၀၀ပါတဲ့။
(၃) ကမ္ဘာစံချိန်တင်အောင် မီတာ ၂၀၀ ရှည်တဲ့မင်္ဂလာသတို့သမီးဝတ်စုံဝတ်ပြီးမင်္ဂလာဆောင်ခဲ့တဲ့စုံတွဲ    (ပိတ်စဖိုးကတော့ တော်တော်ကုန်မယ်)
တရုတ်ပြည် ဂွမ်ဆူးပြည်နယ်က စုံတွဲဟာဆိုရင် ကမာ်္ဘစံချိန်တင်ဖို့အတွက် ၂၁၉ကိုက်ရှည်တဲ့ မင်္ဂလာဝတ််စုံကိုဝတ်ဆင်ပြီး အခမ်းအနားကျင်း ပခဲ့ကြပါတယ်။ ၀တ်စုံရဲ့အရွယ်အစား ဟာ ပေ၆၀၀ကျော်ရှိပြီး ပေါင်၂၂၀အလေးချိန်ရှိပါတယ်။ ယခုဓာတ်ပုံကိုတော့သူတို့ရဲ့မင်္ဂလာဆောင် အခမ်းအနားကျင်းပရာ ဟိုတယ်ရှေ့မှာ ရိုက်ကူးထားခဲ့တာဖြစ်ပါတယ်။ ဂင်းနစ်စံချိန်များအရ ကမ္ဘာအရှည်ဆုံး ၀တ်စုံကို ၂၀၀၇ ခုနှစ်၊ဖေဖော်ဝါရီမှာ Cyprus နိုင်ငံ၊Paphos ပြည်နယ်က Andreas Evstratiou ဆိုသူက တီထွင်ခဲ့ပြီး ၄င်းဝတ်စုံရဲ့အရှည်ကတော့ ၁၃၆၃မီတာ (၄၄၆၈ ပေနဲ့ ၅.၉၄ လက်မ) ဖြစ်ပါတယ်။
(၄) နာမည်ကြီး စတိုးဆိုင်မှာ မင်္ဂလာပွဲကျင်းပခဲ့တဲ့ စုံတွဲ
Bride Lisa Satayut ဆိုတဲ့အမျိုးသမီးဟာ သူမရဲ့မင်္ဂလာပွဲကို T.J.Maxx လို့ခေါ်တဲ့ နာမည်ကြီးစတိုးဆိုင်မှာ ကျင်းပခဲ့ပါတယ်။T.J.Maxx ဆိုတာက အမေရိကန်နိုင်ငံမှာရှိတဲ့ ဆိုင်ခွဲပေါင်းမြောက်များစွာရှိတဲ့ နာမည်ကြီးစတိုးဆိုင်တဆိုင်ဖြစ်ပါတယ်။ စတိုးဆိုင်မှာလုပ်ဖြစ်ခဲ့တဲ့အကြောင်းက သူမအတွက် T.J.Maxx ဟာ ပျော်ဖို့ကောင်းတဲ့နေရာတခုဖြစ်လို့ပါတဲ့။ Satayut ဟာ Drwe Ellis နဲ့ T.J.Maxx စတိုးဆိုင်ကြီးထဲက ဖိနပ်ရောင်းဆိုင် တဆိုင်ရဲ့ရှေ့မှာလက်ထပ်ခဲ့တာဘဲဖြစ်ပါတယ်။
(၅) သတို့သမီး အတွက် suprise အနေနဲ့နှင်းဆီပန်းပေါင်း ၉၉,၉၉၉ ပွင့်ကိုအလှဆင်ခဲ့တဲ့သတို့သား
(ကဲ ကိုကိုတို့ရေ ဘယ်လိုလည်းဗျ)
သတို့သား Xiao Wang ဟာ တရုတ်ပြည်မမှာရှိတဲ့ Chongqing မြို့မှာပြုလုပ်မယ့် မင်္ဂလာပွဲမှာ သတို့သမီး Xiao Liu ၀မ်းသာရအောင်အတွက်ဆိုပြီး သူ့ရဲ့တစ်နှစ်စာလုပ်အားခ ကို နှင်းဆီပွင့်ပေါင်း ၉၉,၉၉၉ ပွင့်အလှဆင်ဖို့အတွက်အသုံးပြုခဲ့ပါတယ်။ အသက်(၂၄)ရှိပြီဖြစ်တဲ့ သူတို့နှစ်ယောက်ဟာ အဲ့ဒီ ပန်းတွေအလှဆင်ဖို့အတွက်ကားပေါင်း(၃၀)ကိုအလိုရှိခဲ့ပါတယ်။အဲ့တာနဲ့ သူတို့တွေဟာ ကားငှားဖို့အတွက်နဲ့ ပန်းတွေအလှဆင်ရာမှလုပ်ကိုင်ပေးမယ့်သူတွေကို အင်တာနက်ပေါ်မှာတင်ပြီးကြော်ငြာခဲ့ပါတယ်။ သတို့သမီးဖြစ်သူကတော့အရမ်းပျော်ရွှင်နေပြီးအံ့အားသင့်လို့လည်းမဆုံးဖြစ်နေပါတယ်။ သတို့သားဟာ အထိမ်းအမှတ်တခုအဖြစ် နှင်းဆီပန်းတွေအားလုံးကုန်ကျစရိတ်ရဲ့ ၂၀ ရာခိုင်နှုန်းကိုလည်း အလှုအတန်း ထပ်လုပ်ခဲ့ပါသေးတယ်။
(၆) သေဆုံးသွားတဲ့ အမျိုးသားနဲ့လက်ထပ်ခဲ့တဲ့အမျိုးသမီး
 အသက်(၂၉)နှစ်ရှိတဲ့ Kevin Lavelle ဆိုသူဟာ သူရဲ့မင်္ဂလာပွဲအတွက် အိမ်ကနေဝေးရာအရပ်ကိုထွက် ပိုက်ဆံစုဖို့အတွက် အလုပ်သွားလုပ်နေတဲ့ကာလအတွင်းမှာ လူရမ်းကားတွေရဲ့ သံတုတ်တွေနဲ့ ပြင်းပြင်းထန်ထန်ရိုက်နှက်မှု့ကြောင့်သေဆုံးခဲ့ရပါတယ်။သတင်းကြားလိုက်ရတဲ့ သတို့သမီးလောင်းလေးဟာ အရမ်းစိတ်ထိခိုက်ခဲ့ရပါတယ်။ဒါပေမယ့် သေခြင်းတရားဟာ သူတို့နှစ်ယောက်ကိုဝေးကွာအောင် မခွဲနိုင်ခဲ့ပါဘူး။ ဘာလို့လည်းဆိုတော့ သတို့သမီးလောင်းဟာ သေဆုံးသွားခဲ့တဲ့ သူမရဲ့ ချစ်သူကိုဘဲ သစ္စာရှိစွာနဲ့လက်ထက်ခဲ့ပါတယ်။
(၇) လုပ်စရာနေရာရှားလို့ဗျာ ငါးမန်းကန်ထဲမှာ မင်္ဂလာဆောင်ခဲ့တဲ့စုံတွဲ
(ဒီမှာဆိုရင်တော့ ငါးမန်းကန်တော့မရှိဖူး၊ သာကေတကမိကျောင်းကန်တော့ရှိတယ်။သွားဆောင်ကြပါလား။)
April Pignataro နဲ့ Michael Curry ဇွန်လ ၂၀၁၀ နယူးယောက်မြို့မှာလက်ထပ်ခဲ့ကြပါတယ်။ သတို့သားဟာ အဖြူရောင်ရေကူးဝတ်စုံကိုဝတ်ဆင်ခဲ့ပြီး သတို့သမီးကတော့ ရိုးရာ အမဲရောင်  ရေကူးဝတ်စုံကိုဝတ်ဆင်ခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာ ဂါလံ ၁၂၀၀၀၀ ရှိတဲ့ ငါးမန်းကန်ကြီးထဲကိုဝင်ရောက်ခဲ့ပြီး Atlantis Marine World  မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ နှစ်ယောက်စလုံးဟာ ဒိုင်ဗင်အတွေ့အကြုံရှိကျတဲ့သူတွေဖြစ်ပြီး ငါးမန်းတွေနဲ့ပတ်သက်လို့လည်းအတွေ့အကြံုရှိကြသူတွေဖြစ်ပါတယ်။
(၈) စက်ဘီးနင်းရင် မင်္ဂလာဆောင်ကြတဲ့ ရုရှား ကချစ်သူနှစ်ဦး
(ကို့ယို့ကားယားတွေတော့ဖြစ်ကုန်တော့မှာပါဘဲ)
စက်ဘီးချစ်သူ နှစ်ဦးဟာ သာမာန် မဟုတ်တဲ့မင်္ဂလာဆောင်ခြင်းမျိုးမဟုတ်ပေမယ့် ကျန်းမာရေးကောင်းတဲ့နည်းလမ်းပါဆိုပြီးတော့ မြို့တစ်ပတ် စက်ဘီးပတ်နင်းရင်းနဲ့ မင်္ဂလာဆောင်အခမ်းအနားကိုကျင်းပခဲ့ပါတယ်။ ဧည့်သည်တွေကလည်းမထူးခြားနားပါဘဲ။ အကုန်လုံးစက်ဘီးနင်းရင်းနဲ့ဘဲလိုက်ကြတာပေါ့။
(၉) သတို့သမီးအရံပေါင်း ၁၁၀ နဲ့ မင်္ဂလာဆောင်ရင်းကမ္ဘာ့စံချိန်တင်ခဲ့တဲ့ မင်္ဂလာပွဲ
(သတို့သားနဲ့သတို့သမီးနှစ်ယောက်ကုန်ကျစရိတ်ထက်တောင်များလောက်တယ်)
ဂင်းနစ်စံချိန်တင်ထားခဲ့တဲ့ ကမ္ဘာ့သတို့သမီးအရံအများဆုံးပါ၀င်တဲ့ မင်္ဂလာပွဲကိုသင်သိပါသလား။ အဲ့တာကတော့ ၂၀၁၀ခုနှစ်၊ဇွန်လ၁၁ရက်နေ့၊ အိုဟိုင်းရိုးပြည်နယ်မှာကျင်းပခဲ့တဲ့ပွဲဘဲဖြစ်ပါတယ်။ ဘယ်လိုမျိုးရှာယူမလည်းဆိုပြီးခေါင်းခြောက်မနေကြပါနဲ့။ ဘာလို့လည်းဆိုတော့သတို့သမီးဟာနာမည်ကြီး အကသင်တန်းကျောင်းကဆရာမဖြစ်ပြီး သူမရဲ့သင်တန်းကတပည့်မတွေကို အကူအညီတောင်းခဲ့တာဖြစ်ပါတယ်။ ယခုမှတ်တမ်းမတိုင်ခင်ကတော့ 90 ပြည့်နှစ်မှာ ကျင်းပခဲ့တဲ့မင်္ဂလာပွဲ ဘဲဖြစ်ပါတယ်။
source : ODDEE
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations