Singleဖြစ်နေလို့ပါ။ FAဘွကြီးကဆိုးပါတယ်ကွာ။ဒီတသက်တော့လမ်းမြင်ကမ်းမမြင်မို့ ငှက်ပျောပင်စိုက်ရပါတော့မယ်ဆိုတဲ့သူတွေ ဘာမှအားမငယ်ကြပါနဲ့တော့။အဲ့ဒီလို single တွေ FA တွေအတွက် ခဏတဖြုတ်လည်ပတ်ဖို့ဘဲဖြစ်ဖြစ်၊သွားရောက်နေထိုင်ဖို့ဘဲဖြစ်ဖြစ် အသင့်တော်ဆုံးနှင့်အကောင်းဆုံးနိုင်ငံတွေကို အင်တာနက်votingတွေအရ သတ်မှတ်ထားလိုက်ပါပြီတဲ့ဗျာ။ ကိုင်း၊ ဘယ်လောက်အားရစရာကောင်းသလဲ။ ဒါဆိုရင်အဲ့တာတွေကဘယ်နိုင်ငံတွေလည်း? ဘယ်လိုအရာတွေကြောင့်သတ်မှတ်ခံခဲ့ရတာလည်း ဆိုတာသိရဖို့အတွက်နဲ့အတူတူသွားမယ့်ဘော်ဒါတွေရှိတယ် ဆိုရင်လည်းအမြန်လက်တို့ပြီးပြောပြရအောင် လင်ခ့်ကိုနှိပ်ပြီး ၀င်ရောက်ဖတ်ရှု့လိုက်ပါ။့။
Atlanta
Atlanta
Atlanta
Atlanta မြို့ဟာဆိုရင်singleတွေအတွက်အကောင်းဆုံးမြို့များဆိုပြီး စာရင်းသုံးခုကောက်ရာမှာ သုံးခုလုံးရဲ့နံပါတ်တစ်နေရာမှပါလာတာပါတဲ့။ ညဘက်ထွက်စရာနေရာတွေအများအပြားရှိတာတွေ ကလပ်အမြောက်အများရှိတာတွေ၊ယောက်ကျားမိန်းမ လူဦးရေမျှတာတွေအပြင် အဲ့ဒီမှာ လက်မထပ်ရသေးတဲ့ လူဦးရေက မြို့တစ်မြို့လုံး လူဦးရေရဲ့(၇၀)ရာခိုင်နှုန်းနီးပါးရှိပါတယ်တဲ့ဗျာ။ (ဒီလိုဆိုရင်တော့ချက်ချင်းတောင်ပြေးသွားချင်မိတယ်။)
San Francisco
San Francisco
San Francisco
ဒီမြို့ကတော့အခုစာရင်းထဲကစျေးအပေါဆုံးမြို့မဟုတ်တာတော့သေချာတယ်။ ဒါပေမယ့် စာရင်းသုံးခုကောက်လိုက်တဲ့အချိန်မှာဒီမြို့ကလည်းအခန်းကဏ္ဍတစ်ခု အဖြစ်နဲ့ကိုပါလာတယ်။ဘာလို့လည်း ဆိုတော့ San Francisco မြို့ရဲ့ ညဘက်အချိန် လမ်းမတွေမှာ မီးရောင်စုံတွေနဲ့အရမ်းစည်ကားပြီးတော့ မီးရောင်တွေနဲ့ဆိုမှ အချစ်စိတ်တွေ ပိုထတက်တယ်ဆိုတဲ့အချက်တွေကြောင့် သူကလည်းနံပါတ်(၂)နေရာ မှာပါ၀င်လာတာဖြစ်ပါတယ်။ (ဟိုသီချင်းလေးတောင်သတိရမိတယ်။ နေဝင်ချိန်တွေအတူလျှောက်လည် ၊အိမ်ပြန်ချိန်ဆို အတူရှိမယ်။)
Minneapolis
Minneapolis
Minneapolis
Minneapolis မြို့မှာဆိုရင် Singleဖြစ်နေတဲ့ ယောက်ကျား၊မိန်းမလူဦးရေ ဟာတူတူပါဘဲ။ (ကိုယ်ဒွေသွားရင် အားငယ်စရာမလိုတော့ဖူး။ သူလိုကိုယ်လို တွေချည်းဘဲ။ငိငိ။) ပြီးတော့ လက်မထပ်ရသေးတဲ့စုံတွဲဦးရေ ရာခိုင်နှုန်း ကလည်း ၆၄ ရာခိုင်နှုန်းအထိရှိပါတယ်။ အနုပညာနဲ့ပတ်သက်ပြီးလေ့လာစရာတွေနဲ့ ညဘက်လည်ပတ်ဖို့ အတွက်ခေါင်းစဉ်ကောင်းတွေအများကြီးရှိတဲ့မြို့ဖြစ်တာကြောင့် သူလည်းစာရင်းထဲမှာ ပါ၀င်လာခဲ့ပါတယ်။
Austin
Austin
Austin
နောက်ထပ်တစ်မြို့ဖြစ်တဲ့ Austinမြို့ကတော့ အရမ်းထူးဆန်းပြီး၊ အရမ်းဂုဏ်ယူ စရာကောင်းတာကြောင့် အဲ့ဒီမှာ ချစ်သူရပြီးတော့ ချိန်းတွေ့ကြမယ်ဆိုရင်တော့ အရမ်းပျော်ဖို့ကောင်းမှာပါ။ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ အများကြီးနဲ့၊ အရက်သောက်စရာ နေရာတွေ၊ စားသောက်ဆိုင်တွေအများကြီး ရှိတာကြောင့် ကျွန်တော်တို့ရဲ့စာရင်းမှာ အချက်အချာကျတဲ့နေရာမှာဒီမြို့ကိုလည်းသတ်မှတ်ထားလိုက်ရပါတယ်။
Boston
Boston
Boston
Boston မြို့ကြီးမှာလမ်းလျှောက်ရတာအရမ်းကောင်းတဲ့နေရာတွေရှိပြီးတော့ အစားအသောက်ကောင်းတွေ အရမ်းလှတဲ့ရေကန် ကြီးတွေရှိတာကြောင့် လုံးဝမိုက်တဲ့မြို့ဖြစ်တယ်ဆိုတာတော့ငြင်းလို့မရပါဖူး။ အဲ့တာတွေအပြင် မြို့နေလူဦးရေရဲ့ (၇၀)ရာခိုင်နှုန်းကလက်မထပ်ရသေးတဲ့သူတွေပါတဲ့ဗျာ။ (Singleတွေနည်းတာမှမဟုတ်တာ)
Cleveland
Cleveland
Cleveland
Single လူဦးရေပမာဏဟာ ၆၈ရာခိုင်နှုန်းဆိုတဲ့အတွက်ကြောင့်မို့လို့ Clevelandဟာဆိုုရင်လည်း singleတွေများတဲ့နိုင်ငံတွေထဲမှာမှအတော်များတဲ့နိုင်ငံလို့ဆိုရပါမယ်။ ပြီးတော့ အတော်လှတဲ့ရေကူးကန်တွေ လည်းရှိတယ်။ ဘားတွေလည်းအများအပြားရှိပြီးတော့ ရိုးရာပုံရိပ်တွေလည်းှရှိပါပြီးတော့ ချစ်ခွင့်ပန်ဖို့အတွက် လည်းနေရာတွေပြင်ဆင် ပေးထားတာကြောင့် အရမ်းအဆင်ပြေတဲ့မြို့တစ်မြို့ပါဘဲ။
Los Angeles
Los Angeles
Los Angeles
နာမည်တော်တော်များများရင်းနှီးနေတဲ့မြို့ပါဘဲ။ အဲ့ဒီမြို့ကမှာချစ်သူရှာမယ်ဆိုရင်တော့ ယောက်ကျားလေးတွေအတွက်ကတော့ နတ်သမီးတွေအတွက်ကားတော့လိုပါလိမ့်မယ်။ဒါပေမယ့် ကလပ်တွေအများကြီးကို ဖိတ်ထားလို့ဆိုပြီးတော့ အဝေးကြီးတွေမသွားသင့်ပါဖူး။ Los Angeles မှာနေဖို့နိုင်ငံတခုလုံးကလာတဲ့သူကော တစ်ကမ္ဘာလုံးကလာတဲ့သူတွေကောထဲမှာ အများဆုံးကတော့ လက်မထပ်ရသေးတဲ့လူတွေပါတဲ့။ (ပိုက်ဆံတော့အများကြီးယူသွားမှရမယ်ထင်တယ်။)
Tampa
Tampa
Tampa
Florida အနောက်ဘက်မှာရှိတဲ့ဒီမြို့မှာတော့ ပိုက်ဆံအကုန်အကျမများဘဲ အလွယ်တကူတွေ့ ပြီး ရောရောနှောနှောနေလို့ရအောင် ပြုလုပ်ပေးထားတာကြောင့် Single တွေရဲ့အသည်းနှလုံး ကိုသိမ်းပိုက်ထားတာဖြစ်ပါတယ်။
New York City
New York City
New Yorkမြို့ထဲကဈေးပေါပါတယ်ဆိုတဲ့နေရာတွေကတောင် တခြားနေရာ တွေမှာ သာမာန်အားဖြင့်ဈေးကြီးပါတယ်။ သတင်းကောင်းတစ်ခုကတော့ တစ်နေရာကနေတစ်နေရာသွားဖို့ဆိုရင် မြေအောက်ရထားကိုဈေးပေါပေါနဲ့ စီးနိုင်ပြီးတော့ ဒါမှမဟုတ်ရင်လည်း ကိုယ့်ခြေထောက်ကိုယ်သုံးသွားပြီး အချစ်ဇာတ်လမ်းလေးတွေရိုက်ဖို့အတွက် single အမြောက်အများကို ရှာဖွေနိုင်ပါတယ်တဲ့ဗျာ။
New York City
New Yorkမြို့ထဲကစျေးပေါပါတယ်ဆိုတဲ့နေရာတွေကတောင် တခြားနေရာ တွေမှာ သာမာန်အားဖြင့်စျေးကြီးပါတယ်။ သတင်းကောင်းတစ်ခုကတော့ တစ်နေရာကနေတစ်နေရာသွားဖို့ဆိုရင် မြေအောက်ရထားကိုစျေးပေါပေါနဲ့ စီးနိုင်ပြီးတော့ ဒါမှမဟုတ်ရင်လည်း ကိုယ့်ခြေထောက်ကိုယ်သုံးသွားပြီး အချစ်ဇာတ်လမ်းလေးတွေရိုက်ဖို့အတွက် single အမြောက်အများကို ရှာဖွေနိုင်ပါတယ်တဲ့ဗျာ။
Chicago
Chicago
Chicago
Chicago မှာဆိုရင်တော့ အိမ်နီးနားချင်းအချင်းချင်းတောင်ကြိုက်လို့ရပါတယ်တဲ့။ စားသောက်ဆိုင်တွေနဲ့ညဘက် လည် ပတ်စရာတွေအများကြီးရှိကြပြီးတော့ ၆၃ရာခိုင်နှုန်းက လက်မထပ်ရသေးတဲ့သူတွေပါတဲ့။ ကဲ ဒီလောက်ရိုးရှင်းပြီးပွင့်လင်းလှတဲ့မြို့မှာသွားနေတာ ပိုကောင်းမယ်ထင်တယ်နော်။
Las Vegas
Las Vegas
Las Vegas
ရုပ်ရှင်တွေထဲကြည့်ဖူးကြမှာပါ။ Las Vigas ဆိုတဲ့မြို့ထဲမှာ ညဘက်သွားလို့မကုန်နိုင်တဲ့ နေရာတွေအများကြီးရှိတယ်ဆိုတာကိုလည်းသိပြီးဖြစ်မှာပါ။ မြို့ထဲမှာ single တွေများလာတာကြောင့် တကမ္ဘာလုံးကလာလည်တဲ့သူတွေနဲ့အမြောက်အများ စိတ်လှုပ်ရှားစရာကောင်းတဲ့ အတွေ့အကြုံသစ်တွေကို လာလာဖန်တီးကြတဲ့အတွက်ကြောင့်မို့လို့ အခုစာရင်းထဲ သူလည်းပါလာခြင်းဖြစ်ပါတယ်။
Seattle
Seattle
Seattle
ကမ္ဘာအရပ်ရပ်က နဲ့အဆက်အသွယ်များစွာရှိတဲ့မြို့ဖြစ်ပြီးတော့ လူဦးရေရာခိုင်နှုန်းရဲ့ ၆၈ ရာခိုင်နှုန်းက လက်မထပ်ရသေးတဲ့သူတွေဖြစ်ကြပြီး ဘာသာရေးအရခွဲခြားထားခြင်း လူမျိုးရေးအရခွဲခြား ထားခြင်းမရှိတဲ့မြို့ဖြစ်တာကြောင့် အရမ်းကြိုးစားလို့ကောင်းတဲ့ နေရာပါတဲ့။
Source : Forbes
Facebook Conversations