နေ့တိုင်းအသုံးပြုနေတဲ့အရာတွေဖြစ်တာမို့မသိပါဖူးမဖြစ်ရအောင်ကြည့်ထားသင့်ပါတယ်။
သင်တို့ရဲ့လူမှု့နေစဉ်ဘဝတွေမှာ အမြဲလိုလိုတွေ့မြင်အသုံးပြုနေရတဲ့အရာတွေကို ရင်နှီးကျွမ်းဝင်နေကြပေမယ့်အဲ့ဒီအရာတွေရဲ့မူလဖန်တီးခဲ့တဲ့သူတွေက ဘယ်သူတွေပါဆိုတာကို သိသင့်သလောက်ဘဲသိပါလိမ့်မယ်။(ဥပမာ-တယ်လီဖုန်းတီထွင်သူဆိုရင်Alexander Graham Bell ) ထိုမျှသိလောက်သော်လည်းတယ်လီဖုန်းကဲ့သို့အခြားသောကြီးကြီးမားမားတီထွင်မှု့များကိုတီထွင်ခဲ့သူအချို့လည်း ရှိပါသေးသည်ဆိုတာ ကိုဖော်ပြပေးချင်ပါသည်။ထို့ကြောင့် နေ့စဉ်မြင်နေ သုံးနေကြတဲ့ ဘယ်ပစ္စည်းတွေကို ဘယ်သူတွေကစပြီးတီထွင်ခဲ့တာ လည်းဆိုတာကိုဗဟုသုတ အနေဖြင့်သိရှိနိုင်ရန်လည်းကောင်း၊ ကနဦးတီထွင်ခဲ့သူပညာရှင်များကိုလေးစားဂုဏ်ပြုသော အားဖြင့်လည်းကောင်းဝေမျှပေးလိုက်ရပါသည်။
 အပ်ချုပ်စက်(၁၈၃၃ခုနှစ်) Sewing Machine. Credit Jorge Royan
အပ်ချုပ်စက်(၁၈၃၃ခုနှစ်)
 ယနေ့ခေတ်တွင်များစွာအသုံးပြုနေသော စက်ပိုင်းဆိုင်ရာအပ်ချုပ်စက်များအတွက် ၁၉ရာစုနှစ်ကပထမဦးဆုံး အပ်ချုပ်စက်ကိုတီထွင်ခဲ့ကြသည့် တီထွင်သူသုံးဦးဖြစ်သော WalterHunt, Elias Howe နှင့် Isaac Singer တို့အားမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ WalterHunt ဆိုသူဟာ ပထမဦးဆုံး ချုပ်ရိုးချုပ်သည့်စက်ကို ၁၈၃၃ခုနှစ်တွင် တီထွင်ခဲ့သော်လည်းကိုယ်ပိုင်ဒီဇိုင်းကြောင့် မအောင်မြင်ခဲ့ပေ။သူ့ရဲ့တီထွင်မှု့ကြောင့်အပ်ချုပ်သမ လေးတွေတော်တော်များများအလုပ်လက်မဲ့ဖြစ်သွား မှာကိုသူစိုးရိမ်နေခဲ့ပါတယ်။ နောက်နှစ်ပေါင်း(၁၃)နှစ်ကြာတဲ့ အခါElias Howe ဟာ အပ်ချုပ်စက်ကိုနောက်ထပ် တစ်ကြိမ်ဒီဇိုင်းပိုင်းပြန်လည်ပြုုပြင်ကာ ထုတ်ခဲ့သော်လည်းစျေးကွက် ပိုင်းဆိုင်ရာကြောင့် မအောင်မြင်ခဲ့ပြန်ပေ။ Issac Singer လို့လူသိများတဲ့ပုံစံဝင်ရောက်လာတဲ့အခါမှာတော့ အဲ့ဒီလူဟာ ဘယ်လိုတီထွင်ရင်အဆင်ပြေမလည်းဆိုတာကိုသိခဲ့ပါတယ်။Singerက Howe ၏ဒီဇိုင်းကိုဘယ်လို ဘယ်ပုံစံပြန်လည်ပြုပြင်ရင်အဆင်ပြေနိုင်မလည်းဆိုတာကိုသိခဲ့ပါသည်။ ထို့နောက်WalterHunt လည်းလာရောက်ပူးပေါင်းကာသုံးယောက်လုံး၏လိုအပ်ချက်ကို ပြန်လည်ပြင်ဆင်ရင်းနောက်ဆုံး မှာတော့ယခုထက်တိုင်အသုံးပြုနေကြသော အပ်ချုပ်စက်ကိုတီထွင်နိုင်ခဲ့ပါသည်။
တယ်လီဖုန်း(၁၈၇၆)
တယ်လီဖုန်း(၁၈၇၆)
တယ်လီဖုန်း(၁၈၇၆)
တယ်လီဖုန်း(၁၈၇၆)
လူတိုင်းနီးပါးသိလောက်တဲ့Alexender Graham Bell ဟာ ၁၈၇၆ခုနှစ် မတ်လရရက်နေ့မှာ ကိုယ်ပိုင်ယူဆချက်တစ်ခုပေါ်အခြေခံပြီးတော့တီထွင်မှု့တစ်ခုကိုစထွင်ခဲ့ပါတော့သည်။ တယ်လီဖုန်းကိုBell တီထွင်သည်ဟုဆိုသောမူပိုင်ခွင့်ပေးမှု့များတွင်အငြင်းပွားဖွယ်ရာများလည်းရှိ ခဲ့ပါသည်။တကယ်တော့ "၀ါယာကြိုးမှတဆင့်အသံထုတ်လွှင့်"သည့်အပိုင်းမှာတင်တီထွင်သူပေါင်း အမြောက်အများပါ၀င်ခဲ့သည်။ ဒါပေမယ့်Alxender Graham Bell ကတော့ အစကနဦးမူပိုင်ခွင့်ပေးရမည့် သူသာဖြစ်သည်။အငြင်းပွားဖွယ်ဖြစ် ရပ်တော်တော်များများကတော့ တယ်လီဖုန်းရဲ့ပထမဦးဆုံး တီထွင်သူအစစ်အမှန်ဟာအမေရိကန်လျှပ်စစ်အင်ဂျင်နီယာ Elisha Gray ဖြစ်သည်ဟုပြောဆိုခဲ့ ကြပါသည်။အချို့စာရေးဆရာတွေကတော့ Bell ဟာ Gray ရဲ့အိုင်ဒီယာတစ်ခုဖြစ်တဲ့ အရည်ကိုအခြေခံသောအသံထုတ်လွှင့်မှု့နည်းပညာကိုအခြားသူများကန့်ကွက်နေစဉ် အတွင်း သူရဲ့ကိုယ်ပိုင်အိုင်ဒီယာဖြစ်စဉ်တစ်ခုလုံး၏သက်သေတစ်ခုထဲအဖြစ်ထားကာစီးပွားဖြစ်ဘယ်တော့မှ ထုတ်မသုံးခဲ့ဘူးဟုစွပ်စွဲထားခဲ့ကြပါသည်။
ဂျင်းဘောင်းဘီ(၁၈၇၃)
ဂျင်းဘောင်းဘီ(၁၈၇၃) Credit Blake Burkhart
ဂျင်းဘောင်းဘီ(၁၈၇၃)
ဂျင်းဘောင်းဘီ(၁၈၇၃)
အကြမ်းခံတယ် မင်းလေးရဲ့ကိုယ်ပါအချစ်ရေ ။ လောကဓံရယ်ရိုက်ပုတ်တဲ့ သံသရာအလယ်..... " အဲ့ဒီသီချင်လေးကြားဖူးကြမှာပါ။ ဘာလို့အခုလိုမေးရလည် ဆိုတော့ အခုတီထွင်မှု့က ဂျင်းဘောင်းဘီအကြောင်းဖြစ်ပါတယ်။ ဘယ်နေကိုသွားသွား ဘာတွေဘဲလုပ်လုပ် တစ်ကမ္ဘာလုံးက စွဲစွဲမြဲမြဲဝတ်နေကြတဲ့ ဂျင်းဘောင်းဘီဘဲဖြစ်ပါသည်။ ၄င်းဂျင်းဘောင်းဘီကိုပထမဦးဆုံးစတင်တီထွင်ခဲ့တဲ့သူကတော့ အမေရိကန်နိုင်ငံသား Jacob ဘဲဖြစ်ပါသည်။ Nevada ပြည်နယ်မှာစက်ချုပ်ဆရာတစ်ဦးအဖြစ်စတင်လုပ်ကိုင်ခဲ့ပြီး သစ်ခုတ်သမားတစ်ယောက်ရဲ့မိန်းမဟာ ခင်ပွန်းသည်အလုပ်မှာဝတ်ဖို့အတွက် အကြမ်းခံနိုင်တဲ့ ဘောင်းဘီတထည်လောက်ချုပ်ပေးဖို့အတွက်လာရောက်တောင်းဆိုခဲ့တာကစတင်ခဲ့တာဖြစ်ပါသည်။ နောက်ပိုင်းမှာတော့ ၄င်းဂျင်းဘောင်းဘီကိုလူကြိုက်များလာသောကြောင့် Jacob ဟာ ယခုခေတ်ထိသမိုင်းတွင်နိုင်သည်ဖြစ်သည့်စီးပွားရေးမြုပ်နှံမှု့တစ်ခုအဖြစ် Levi Strauss (LEVIS)Company အား သွားရောက်စာချုပ်ချုပ်ဆိုခဲ့ပါတော့သည်။
လွ်ပ္စစ္မီးသီး (၁၈၇၉)
လွ်ပ္စစ္မီးသီး (၁၈၇၉) Credit Richard Warren Lipack
လွ်ပ္စစ္မီးသီး (၁၈၇၉)
လျှပ်စစ်မီးသီး (၁၈၇၉)
ယနေ့မျက်မှောက်ခေတ်ညဘက်တွေမှာအလင်းရောင်ရဖို့အတွက် ဖန်တီး ခဲ့တဲ့ပညာရှင်ကိုတော့ မလေးစားဘဲမနေနိုင်တာကတော့အမှန်ဘဲဖြစ်ပါသည်။ ထိုပညာရှင်၏နာမည်ကတော့ Thomas Edisonလို့ခေါ်ပါတယ်။Thomas Edison မတိုင်ခင်က အပူပေးပြီးအလင်းဖြာအောင်လုပ်တဲ့မီးသီးကို တီထွင်သူပေါင်း ၂၂ယောက် တိတိက တီထွင်ခဲ့ဖူးခဲ့ရာဗြိတိန်ရူပဗေဒဆရာ Joseph Swan လည်းအပါအဝင်ဖြစ်သည်။ ဒါပေမယ့် Edison ၏တီထွင်မှု့ကသာလျှင်စီးပွားရေးဆိုင်ရာချဲ့ထွင်မှု့တို့တွင်အကောင်းဆုံး ဖြစ်ခဲ့သောကြောင့်တွင်ကျယ်လာခဲ့ခြင်းဖြစ်သည်။ Menlo Park ရဲ့မှော်ဆရာ လို့ခေါ်ကြတဲ့ Edison ကတော့တီထွင်မှု့ပညာအဖွဲ့အစည်းကြီး၏ပထမဆုံးသောတီထွင်သူလည်းဖြစ်ခဲ့ပါသည်။
လေအေးပေးစက်(သို့)  အဲယားကွန်း (၁၉၀၂) Credit Ralf Roletschek
လေအေးပေးစက်(သို့)  အဲယားကွန်း (၁၉၀၂)
ကမ္ဘာပေါ်မှာအဲယားကွန်းမရှိဘဲနွေရာသီပေါင်းများစွာကို ကြိုးစားဖြတ်သန်းခဲ့တာကိုကြည့်ခြင်း အားဖြင့် ယခုတီထွင်မှု့ဟာလည်းကြီးကျယ်ခန်းနားတဲ့တီထွင်မှု့တစ်ခုဖြစ်ကြောင်း အလွယ်တကူပင် သတ်မှတ်နိုင်ပါသည်။ အမေရိကန်အင်ဂျင်နီယာ Willis Carrier ကိုပထမဆုံးသောလျှပ်စစ်လေအအေး ပေးစက်ကို ၁၉၀၂ ခုနှစ်တွင်တီထွင်ခဲ့သူအဖြစ် သတ်မှတ်ခဲ့ပါတယ်။ ပထမကမ္ဘာစစ်ဖြစ်ပြီးနောက် ၁၉၀၂ခုနှစ်ရဲ့ဝန်းကျင်များ ဟာစီးပွားရေး အတွက်အခြေအနေကောင်းခဲ့တဲ့ အချိန်များဖြစ်ခဲ့သော်လည်း Wall St Crash လို့ခေါ်တဲ့အမေရိကန်နိုင်ငံရဲ့ အကြီးမားဆုံးသော စျေးကွက်စတော့ရှယ်ယာများပျက်စီးခဲ့တဲ့ အချိန်ကာလဖြစ်ခဲ့သောကြောင့် Company အနေနဲ့များစွာ ဆုံးရှုံးခဲ့ရပြီး အကြီးအကျယ်စိတ်ဓာတ်ကျခဲ့ရပါသည်။ ၁၉၅၀ ခုနှစ်များမတိုင်ခင်အထိကို ၄င်း လေအအေးပေးစက် ဟာကြီးမားကျယ်ပြန့်စွာ အသုံးပြူခဲ့ခြင်းမရှိခဲ့ကြောင်းမှတ်တမ်းများအရသိရှိရပါသည်။
စူပါမားကတ် (၁၉၁၆)
စူပါမားကတ် (၁၉၁၆)
စူပါမားကတ် (၁၉၁၆)
စူပါမားကတ် (၁၉၁၆)
စူပါမားကတ်ကိုလူတော်တော်များများသွားဖူးကြပါလိမ့်မည်။သို့သော်လည်း စူပါမားကတ်ဘယ်အချိန်က ဘယ်သူစတင်ခဲ့သလည်းဆိုတာကိုတော့မသိသူအတော်များနေမည်ဟုထင်ပါသည်။ စူပါမားကတ်ဆိုတာကို ကျွနု်ပ်တို့ စျေးဝယ်ထွက်လို့ရသည့်နေရာဟုပြောင်းလဲပေးခဲ့သည့်နောက်ခံသမိုင်းကတော့ ရှေးယခင်နှစ်များမှာ စျေးဝယ်သူတွေဟာ မိမိလိုချင်သောအရာများဝယ်ယူရန်အတွက်ဆိုင်ပေါင်းများစွာကိုသွားလာပြီးမှဝယ်ယူခဲ့ရပါသည်။ မြို့လယ်ခေါင်တွေမှာရှိတဲ့ဘဏ်တွေ၊အသားဆိုင်ငါးဆိုင်တွေ၊ဆေးဝါးဆိုင်တွေအပြင်အခြားအခြားသောဆိုင်များစွာ ကိုလှည့်ပတ်သွားလာခဲ့ရပါတယ်။ လူတွေဟာဝယ်မယ့်ဆိုင်တစ်ဆိုင်ချင်းစီရဲ့ရှေ့မှာရပ်ပြီးဝယ်မယ့် ပစ္စည်းတွေကိုဆိုင်ရှင် ကိုပြောပြကာအချိန်အတော်ကြာအောင်စောင့်ဆိုင်းရင်းဝယ်ခဲ့ရပါတယ်။ ၄င်းကြာမြင့်ချိန်ဟာ ၁နာရီခန့်မျှကြာသွားတာများလည်းရှိပါသည်။ အမေရိကန်နိုင်ငံရဲ့ စွန့်ဦးတီထွင်သူစီးပွားရေးသမား Clarence Saunders ဟာ ပထမဦးဆုံးသောကိုယ်တိုင်ယူစနစ်ဖြင့်ရောင်းချတဲ့ Piggly Wiggly ဟုအမည်တွင်သောစတိုးဆိုင် ကို ၁၉၁၆ခုနှစ်တွင် Memphis တွင်စတင်ဖွင့်လှစ်ခဲ့ပါသည်။ ယနေ့ခေတ်မှာတော့ ပြောင်းလဲမှု့များစွာဖြစ်လာသည့်အတိုင်း တစ်နေရာထဲကိုသွား၊ ပါကင်free ရပ်လို့ရတဲ့နေရာတွေနဲ့တစ်ပတ်စာစားဖို့အတွက် အစားအသောက်တွေနဲ့ပစ္စည်းတွေကိုတစ်နာရီလောက်အချိန်ပေးပြီး လိုချင်တဲ့ပစ္စည်းတွေ ကိုလက်တွန်းလှည်းလေးတွေနဲ့ ပစ္စည်းထားရှိတဲ့စင်လေးတွေကနေ ကိုယ်တိုင်ယူဆောင်ရင်းတောင် ၀ယ်ယူနိုင်နေပြီဖြစ်ပါသည်။ အနာဂတ်မှာတော့ ထုတ်ကုန်တိုင်းကိုဆင်ဆာတွေ ကပ်ထားပြီး ပစ္စည်းရဲ့စျေးနှုန်းကုန်ကျစရိတ်ကို ကျွနု်ပ်တို့၏ဘဏ်အကောင့်ထဲကဖြတ် သွားသည့်စနစ်ကိုအသုံးပြုသွား မည်ဖြစ်သည်။ တစ်ဖက်နည်းအရပြန်ကြည့်မည် ဆိုရင်လည်းအွန်လိုင်းမှ တဆင့်အော်ဒါများမှာယူနိုင်ပြီး အိမ်တိုင်ရာရောက်လိုက်လံပို့ဆောင် သည့်စနစ်များအပြင် drone ဟုခေါ်တဲ့အရာများဖြင့်လေပေါ်မှ တဆင့်လိုက်လံပို့ဆောင်နေပြီဖြစ်ပါသည်။
source : social learning
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations