သူတို့နှစ်ယောက်တွေ့ဆုံတဲ့ဗီဒီယိုကိုကြည့်ရှု့သူအလွန်များနေပါပြီ။


ကမ္ဘာကျော်နာမည်ကြီးအဆိုတော်Justin Biber နဲ့ You Tube မှာလူကြည့်များတဲ့ PPAP ဗီဒီယိုရဲ့ဖန်တီးရှင် Piko Taroတို့နှစ်ယောက်ကို ဂျပန်နိုင်ငံက နည်းပညာကုမ္ပဏ္ဏီတစ်ခုက ကြော်ငြာရိုက်ဖို့အတွက် ကမ်းလှမ်းခဲ့ပြီဖြစ်ပါသည်။ Piko Trao အနေနဲ့ သူ့ရဲ့နာမည်ကြီး "Pen Pineapple Apple Pen" ဗီဒီယိုကြောင့် Justin Bieber ကိုယ်တိုင်က သူ့ရဲ့ပရိသတ်ဖြစ်လာတဲ့အတွက်ကြောင့် အရမ်းဝမ်းသာနေပါတယ်။ Justin Bieber ကိုယ်တိင်ကလည်း ၄င်း၏ Twitter အကောင့်မှာ Internet မှာကျွန်တော်အကြိုက်ဆုံး Video ပါလို့တင်ထားခဲ့ဖူးပါတယ်။


အခုတော့သူတို့နှစ်ယောက်က ဂျပန်နိုင်ငံရဲ့နည်းပညာcompanyတစ်ခုရဲ့ကြော်ငြာကြောင့်ပေါင်းစည်းခဲ့ပြီး တခါမှမဆုံးစည်းဖူး အလုပ်တူတူမလုပ်ခဲ့ဖူးကြပေမယ့် သူတို့နှစ်ယောက်ရဲ့ကြော်ငြာတကယ် ထွက်လာမယ့်အချိန်ကတော့ ၂၀၁၇ ခုနှစ်ကိုအများကြီးလှုပ်ခတ်စေမှာအသေအချာပါဘဲ။ သူတို့နှစ်ယောက်ရဲ့စတင်တွေ့ဆုံခဲ့တဲ့အချိန်ကို CNET က နောက်ကွယ်ကပုံရိပ်များအဖြစ်နဲ့ တစ်မိနစ်စာ ဗီဒီယိုကိုထုတ်လွှင့်ခဲ့ပါတယ်။


အဲ့ဒီဗီဒီယိုထဲမှာဆိုရင် Justin Bieber ကအပြာရောင်ဝမ်းစက်ဖြစ်တဲ့ ဂျပန်ကျောင်းကဝတ်စုံကို ၀တ်ထားပြီးနောက်ကျောင်းမှာလမ်းလျှောက်နေရင်း စာသင်ခန်းတခန်းထဲသို့အဝင် ၄င်းအခန်းထဲမှာ Taroက စာသင်ပြနေသည့်ပုံစံနှင့် သူတို့နှစ်ယောက်စတင်တွေ့ရှိခဲ့ပုံကိုရိုက်ပြထားပါတယ်။ နှစ်ယောက်လုံးကပျော်ရွှင်နေကြပြီး နာမည်ကျော် PPAP သီချင်းကိုပါတူတူသီဆိုခဲ့ကြပါတယ်။ RocketNews24 ရဲ့ပြောကြားချက်အရ Trao အနေနဲ့ Softbank's ရဲ့စီးပွားရေးလုပ်ငန်းတွေမှာပါ၀င်မှု့နည်းခဲ့ပေမယ့်ယခုအခါမှာတော့ Justin Bieber နဲ့အတူတူ အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိတဲ့ကျောင်းသူလေးတွေအတွက် Softbank's ကပြုလုပ်ပေးတဲ့ "Super Student" campaing မှာ ပါ၀င်လာခဲ့တာ ဖြစ်ပါတယ်။

source : nextshark

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations