ဘယ်လိုထူးခြားချက်တွေပါလာမလည်း
တရုတ်နိုင်ငံရဲ့နာမည်ကြီးဖုန်းcompanyတစ်ခုဖြစ်တဲ့ Xiaomi Company က Xiaomi Redmi Note 4X ကို ဖေဖော်ဝါရီလ(၁၄)ရက်နေ့တွင်တရုတ်ပြည်တွင်စတင်ရောင်းချမည်ဖြစ် ကြောင်းတရားဝင်ကြော်ငြာခဲ့ပါသည်။ Companyက ဖုန်းရဲ့ထူးခြားချက်တွေနဲ့လုပ်ဆောင်ချက် အချို့ကိုဖော်ပြခဲ့သော်လည်း လုပ်ဆောင်ချက်အပြည့်အစုံနဲ့ စျေးနှုန်းကိုတော့ မပြောပြခဲ့ဖူးလို့သိရပါတယ်။ ထို့အပြင် ချစ်သူများနေ့အထိမ်းအမှတ်အဖြစ်နဲ့ Xiaomi က
Hatsune MikuLimited Edition စမတ်ဖုန်းကိုလည်း ရောင်းချမည်ဖြစ်ကြောင်းတခါထဲ မိတ်ဆက်ခဲ့ပါသည်။
Xiaomi Redmi Note 4X Key Specifications
Xiaomi မှာ Redmi Note 4X ရဲ့လုပ်ဆောင်ချက်အချို့တွေကိုသာတရားဝင်ဖွင့်ဟခဲ့တာဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်ဟာ Redmi Note 4 ကဲ့သို့ 5.5လက်မ(1080x1920 pixels) ရှိပြီး Redmi Note 4X processor အနေနဲ့က တော့ Qualcomm's Snapdragon 625 octa-core processor ကိုအသုံးပြုထား တာဖြစ်ပါတယ်။ ကင်မရာပိုင်းမှာတော့ အနောက်ကင်မရာအနေနဲ့ 13-megapixel ရှိပြီး ဘထ္တရီကတော့ 4100mAh ဖြစ်ပါတယ်။ ယခုလက်ရှိ အထိတော့ Xiaomi က၄င်းအချက်အလက်တွေကိုသာ တရားဝင်မိတ်ဆက်ထားပါ တယ်။ ယခုကနဦးမိတ်ဆက်ခဲ့တဲ့ လုပ်ဆောင်ချက်တွေကတော့အရောင်အသစ်များနဲ့ processor ကလွဲလို့ အရင်ဖုန်းများအတိုင်းဘဲဖြစ်သည်။
Xiaomi Redmi Note 4X Hatsune Miku Limited Edition
Xiaomi ကချစ်သူများနေ့မှာစတင်ရောင်းချမယ့်  Redmi Note 4X Hatsune Miku Limited Edition ကိုလည်း တပါတည်းမိတ်ဆက်ပေးခဲ့ပါတယ်။ Xiaomi ဟာ ဂျပန်နိုင်ငံရဲ့Crypton Future Media ရဲ့စီးပွားရေး ပါတနာဖြစ်ကြောင်း သိခဲ့ရပြီး  Redmi Note 4X Hatsune Green variant ကိုလည်း အလုံးရေ အကန့် အသတ်ဖြင့်ထုတ်လုပ်မည်ဟုသိရပါသည်။ ၄င်းအကန့်အသတ်အလုံးများကို Hatsune Miku တံဆိပ်များဖြင့် ထုတ်ပိုးထားမည်ဖြစ်ပြီး အပိုလက်ဆောင်ပစ္စည်းအနေဖြင့် Mi Power Bank တစ်လုံးစီကိုလည်း ထည့်သွင်းပေး သွားမည်ဟုပြောကြားခဲ့ပါသည်။
source : gadgets
Pyae Phyoe (buzzy.com.mm)
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations