သုံးသာသုံးနေတယ်။ဘာမှန်းမသိမဖြစ်ရအောင်ဖတ်ကြည့်လိုက်ပါ။
အခုရက်ပိုင်းအတွင်းအရမ်းခေတ်စားနေတယ်ဆိုလို့ အဲ့ဒီစတစ်ကာလေးကို စိတ်ဝင်စားသွားမိတယ်။ အဲ့တာနဲ့ကိုယ်ကိုတိုင်လည်း ဒေါင်းကြည့်ပြီး အသိမိတ်ဆွေတွေရဲ့ပိုစ့်တွေအောက် စနောက်ရင်းနဲ့ သွားပြီး မန့်တာကတစ်မျိုး၊ မက်ဆေ့ဘောက် ဆီတကူးတကသွားပြီးနောက်ရင်းပြောင်ရင်းပို့တာကတစ်ဖုံနဲ့ အလုပ်တွေ ရှုပ်မိတယ်။နောက်ပိုင်းကျလာတော့ ကိုယ်ကိုတိုင်လည်းသုံးမိနေတာနဲ့ဘဲ အဲ့ဒီစတစ်ကာလေးရဲ့အကြောင်းကို အင်တာနက်မှာ လိုက်ရှာစပ်စုမိတာလေးတွေကို မသိသေးတဲ့သူတွေပါသိရအောင်လို့ ဝေမျှပေးလိုက်ပါတယ်။
သူ့ရဲ့နာမည်လေးက Trash Dove တဲ့။ Trash Doves ဆိုတာက Adobe Creative Resident က Syd Weiler တီထွင်လိုက်တဲ့ facebook စတစ်ကာတစ်ခုပါ။ Syd Weilerဆိုတာကတော့ ဖလော်ရီဒါပြည်နယ် ဆာရာဆိုတာမြို့မှာနေထိုင်တဲ့ အမေရိကန် Graphic Designer မလေး တစ်ယောက်ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ Alt-right ရဲ့အမှတ်သင်္ကေတတစ်ခုဖြစ်လာခဲ့ပါတယ်။ Weiler က 2017, Jan 31ရက်နေ့မှာTrash Dovesလေးတွေ ကိုစတင်ထုတ်ပြခဲ့ပါတယ်။ Trash Doves ထဲမှာစတစ်ကာ စုစုပေါင်း(၂၄)ခုပါ၀င်ပြီး စတစ်ကာအကုန်လုံးမှာ ခရမ်းရောင်ရှိတဲ့ ဌက်ကလေးရဲ့ပုံရိပ်တွေနဲ့ ဖွဲ့စည်းထားကာ ကိုတွေ့ရပါသည်။ ဒါပေမယ့်ထူးထူးခြားခြားအနေနဲ့ ဌက်တွေအကုန်လုံးuserတွေကြားထဲပေါက်မသွားဘဲ နာမည်အကြီးဆုံးနဲ့ ပေါ်ပြူလာဖြစ်သွားတာက ပျော့ဖတ်ဖတ်ပုံစံလေးနဲ့ ကိုယ့်ခေါင်းကိုကိုယ် ဆောင့်ချနေတဲ့ ဌက်ကလေးဖြစ်ပါတယ်။
Trash Doves ရဲ့ပထမဦးဆုံးနာမည်ကြီးလာခဲ့တဲ့ ခြေလှမ်းကတော့ ထိုင်းနိုင်ငံက ဖြစ်တဲ့ "Animals with Paws"ဆိုတဲ့ Music Vedioမှာကထဲက ကြည့်ရှု့သူပေါင်း 5 မီလီယံကျော်ရရှိခဲ့ပြီးတဲ့နောက် ယခုလက်ရှိ facebook စာမျက်နှာတွေရဲ့ ကွန်မန့်တွေမှာ နဲ့ Youtube တွေပေါ်မှာကျယ်ပြန့်စွာပါ၀င်လာပါသည်။
၄င်း စတစ်ကာကို ချီးမွမ်းသောစာတွေရှိသလို ကဲ့ရဲ့ဝေဖန်တာတွေလည်းရှိပါသည်။ ကိုယ့်ရဲ့ သူငယ်ချင်းတွေ၊ရန်သူတွေကို စနောက်ဖို့အတွက်အကောင်းဆုံးလက်နက်တစ်ခုအဖြစ် မြင်တဲ့သူတွေရှိသလို စိတ်ပျက်စရာအဖြစ်မြင်တဲ့သူတွေလည်းရှိပါတယ်။ အနောက်ပိုင်းနိုင်ငံတွေက page အချို့ မှာဆိုရင် အဲ့ဒီစတစ်ကာလေးကို အကြီးကျယ်ဆုံး Meme စစ်ပွဲရဲ့အစကနဦးလို့တောင် နာမည်ပေးနေကြပါတယ်။ အထူးခြားဆုံးကတော့Trash Doves စတစ်ကာကို Facebookပေါ်ကနေ ဖယ်ရှားပစ်ဖို့အသနားခံစာ တင်ခဲ့တဲ့သူတွေပါရှိလာပါတယ်တဲ့။
source : everipedia
Pyae Phyoe(Buzzy.com.mm)
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations