အဲ့လိုလူမျိုးတွေကိုပိုင်ဆိုင်ထားပြီဆိုရင်တော့ကံကောင်းပြီသာမှတ်။


ဒီကမ္ဘာလောကကြီးမှာ မည်သူမှမပြည့်စုံကြပါဘူး။ဒါပေမယ့်လည်း အချစ်နဲ့တွေ့ကြတဲ့ အခါမှာတော့ မိမိရဲ့ချစ်သူဟာ ကောင်းတယ်၊ ချောတယ် ၊လှတယ်၊ တကယ့်လက်တွဲဖော်အမှန်ကို တွေ့ပြီဆိုပြီးတော့ ထင်နေတက်ကြပါတယ်။ ပြီးတဲ့အခါမှာတော့ ကိုယ်ရွေးချယ်ခဲ့တဲ့ သူဟာ တကယ်ကော ကောင်းတဲ့သူလားဆိုတာကို စတင်ပြီးတော့ သံသယတွေဝင်လာကြပါလိမ့်မယ်။ အဲ့ဒီလိုသံသယဝင်တိုင်း အဖြေရှာမရခဲ့ရင် မည်သည့်နည်းလမ်းတွေနဲ့ အဖြေရှာနိုင်သလည်းဆိုတာကတော့..

(၁) သူကဘယ်လိုအခက်အခဲမျိုးကိုမဆို မကြောက်ဘဲနဲ့ ပြဿနာတွေအားလုံးကိုဖြေရှင်းဖို့အဆင်သင့်ပါဘဲ။

(၁) သူကဘယ်လိုအခက်အခဲမျိုးကိုမဆို မကြောက်ဘဲနဲ့ ပြဿနာတွေအားလုံးကိုဖြေရှင်းဖို့အဆင်သင့်ပါဘဲ။ Photo : The Rock (Instagram)


တကယ့်ယောက်ကျားကောင်းတစ်ယောက်က စကားလုံးလှလှလေးတွေကိုပြောတက်ယုံတင်မဟုတ်ဘဲ တကယ်လက်တွေ့လည်း ပြုလုပ်ပေးပါတယ်။ အရမ်းခက်ခဲတဲ့အခြေအနေမျိုးမှာတောင် သင်ငိုစရာများရှိနေရင် သူရဲ့ပုခုံးက အမြဲတမ်းအဆင်သင့်ပါဘဲ။

(၂) သူ့ဘာသာသူလည်း ချက်စားနိုင်တယ်။

(၂) သူ့ဘာသာသူလည်း ချက်စားနိုင်တယ်။ Photo : instagram


အခုခေတ်အမျိုးသမီးတော်တော်များများက ယောက်ကျားပီသတဲ့အမျိုးသားတွေနဲ့ ချက်နည်းပြုတ်နည်း တက်တဲ့ယောက်ကျားတွေ ကို ရွေးချယ်ကြတာများပါတယ်။ ပြီးတော့လည်း ယောက်ကျားလေး တစ်ယောက်ချက် ဖို့ပြုတ်ဖို့ ဆိုရင်ထွေထွေထူးထူးဘာမှမလိုအပ်ပါဘူး။ မီးဖိုချောင်ထဲမှာ ခေါက်ဆွဲပြုတ်တစ်ထုပ်ရှိရင်တောင် ပြုတ်စားတက်တဲ့ယောက်ကျားတွေ က မိန်းကလေးတွေကို ပိုပြီး ပျော်စေနိုင်ပါတယ်တဲ့။

(၃) သင်အမှားအကြီးကြီးကျူးလွန်မိရင်တောင်မှ အမြဲခွင့်လွှတ်ပေးမယ်နိုင်တယ်။

 (၃) သင်အမှားအကြီးကြီးကျူးလွန်မိရင်တောင်မှ အမြဲခွင့်လွှတ်ပေးမယ်နိုင်တယ်။ Photo : Megan Fox (Instagram)


လူတိုင်းအမှားနဲ့မကင်းပါဖူး။ သင်အမှားလုပ်ပြီးတိုင်း တခြားသူတွေက ဆန့်ကျင်ဘက်နေရာမှာရှိနေရင်တောင် သင့်ရဲ့ချစ်သူအမျိုးသားက အပြစ်တင်ပြောဆိုမနေဘဲ အမြဲတမ်း သင့်ဘက်ကရပ်တည်နေပါလိမ့်မယ်။

(၄) အမှတ်တရ သေးသေးလေးတွေကအစ သူအမြဲဂရုတစိုက်နဲ့သိမ်းထားတယ်။

 (၄) အမှတ်တရ သေးသေးလေးတွေကအစ သူအမြဲဂရုတစိုက်နဲ့သိမ်းထားတယ်။ Photo : celebrity(Instagram)


အခုပြောတဲ့အဓိပ္ပာယ်က သင့်ရဲ့ချစ်သူခင်ပွန်းက သင်ဘယ်နေ့မှာဘာဝတ်လာတယ်ဆိုတာများကို အမြဲထိုင်မှတ်နေ တာမျိုးကိုဆိုလိုချင်တာမဟုတ်ပါဖူး။ ဒါပေမယ့် သင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုတော့  သူအမြဲတမ်း မှတ်ထားပါလိမ့်မယ်။ ဥပမာ သင်ကော်ဖီ သောက်ရင် သကြားဘယ်နှစ်ဇွန်းလောက် ထည့်သောက်သလည်း ဆိုတာမျိုးပေါ့။

(၅) စမတ်မကျရင်တောင်မှ ပညာတော့ရှိပါတယ်။

(၅) စမတ်မကျရင်တောင်မှ ပညာတော့ရှိပါတယ်။ Photo : Kimkardashian(Instagram)


ဘေးနားက ရူပဗေဒသဘောတရားတွေကိုအကျယ်တဝင့်ရှင်းပြနေတဲ့လူထက် ဘဝရဲ့ပြဿနာတွေကိုဖြေရှင်းဖို့ အဖြေထုတ်နေတဲ့သူကပိုပြီးတော့ သင့်တော်ပါတယ်။ သင့်အမေနဲ့ သင်စကားများလာတဲ့အခါ ကောင်းမွန်တဲ့ အကြံလေးတွေပေးမယ့်သူ ပိုင်ဆိုင်ထားတယ်ဆိုရင်တော့ သင်ဟာ ကံကောင်းတဲ့သူတယောက်ဖြစ်နေပါပြီ။

(၆) သူ့ရဲ့ချစ်သူကိုအားမငယ်အောင်အမြဲတမ်းအားပေးတက်တယ်။

(၆) သူ့ရဲ့ချစ်သူကိုအားမငယ်အောင်အမြဲတမ်းအားပေးတက်တယ်။ Photo : Vindeseal(Instagram)


အရမ်းစိတ်ဓာတ်ကျနေတဲ့အချိန်တွေမှာ ပြန်ပြီးတော့ နိုးထလာနိုင်ဖို့ ဟာသတွေပြောပေးနေလိမ့်မယ်။ အားပေးစကားတွေပြောနေမယ်။ဒါမှမဟုတ်လည်း သူရဲ့ချစ်သူပိုပြီးစိတ်ဓာတ်တက်ကြွလာအောင် တခုခုလုပ်ပေးမယ့် သူတွေကလည်း ဘဝလက်တွဲဖော်အစစ်အမှန်တွေပါဘဲ။

(၇) ဘယ်လိုညှိနှိုင်းရမလည်းဆိုတာ သူကောင်းကောင်းသိတယ်။

(၇) ဘယ်လိုညှိနှိုင်းရမလည်းဆိုတာ သူကောင်းကောင်းသိတယ်။ Photo : Eminem(Instagram)


ပြဿနာတစ်စုံတစ်ရာတက်လာတိုင်းအော်ဟစ်ဆူပူမနေဘဲ ဘယ်လိုဘယ်ပုံဖြေရှင်းရင်အဆင်ပြေသွားနိုင်တယ်ဆိုတာ ကို သူကောင်းကောင်းသိပါတယ်။

(၈) အပြင်ရောက်နေတဲ့အချိန်တွေမှာတောင် သင့်ရဲ့ပြဿနာတွေကိုသူလုံးဝမမေ့ပါဖူး။

(၈) အပြင်ရောက်နေတဲ့အချိန်တွေမှာတောင် သင့်ရဲ့ပြဿနာတွေကိုသူလုံးဝမမေ့ပါဖူး။ Photo : jlo(Instagram)


ယောက်ကျားတွေက အချိန်တချိန်ထဲမှာခက်ခဲတဲ့ပုစ္ဆာတွေကို အာရုံမစိုက်နိုင်ကြပါဘူး။ ဒါပေမယ့် တကယ်ချစ်တက် တဲ့ လူကတော့ ချစ်သူမိန်းကလေးရဲ့ပြဿနာတွေကို သူ့ရဲ့ ကိုယ်ပိုင်ပစ္စည်းလို အမြဲတမ်းရှေ့ တန်းတင်ဖြေရှင်းပေးပါတယ်။

(၉) သင့်ရဲ့စကားတခွန်းဘဲသူ့အတွက်အရေးကြီးဆုံးအရာ။

(၉) သင့်ရဲ့စကားတခွန်းဘဲသူ့အတွက်အရေးကြီးဆုံးအရာ။ Photo : jensenackles(Instagram)


ချစ်သူ၊လင်မယားစုံတွဲတွေဆို ချစ်ရည်လူးနေယုံနဲ့မပြီးပါဘူး။တစ်ယောက်ကိုတစ်ယောက် သူငယ်ချင်းတွေလို အကြံပေးနိုင်တဲ့သူတွေလိုလည်းနေထိုင်ရပါတယ်။ အဲ့တာမှလည်း တစ်ယောက်အခက်အခဲကို တစ်ယောက်က နားလည်ပြီးဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

(၁၀) သင့်ရဲ့အိမ်အလုပ်တွေကိုသူဝိုင်းကူလုပ်ပေးနိုင်တယ်။

 (၁၀) သင့်ရဲ့အိမ်အလုပ်တွေကိုသူဝိုင်းကူလုပ်ပေးနိုင်တယ်။ Photo : rentvkrd(Instagram)


တကယ်လို့များ သင့်ရဲ့ချစ်သူ၊ခင်ပွန်းက သင့်ကိုတကယ်လေးစားတယ်ဆိုရင် သင့်ကို ကိုယ်ရေးကိုယ်တာ အသုံးပြုဖို့ရှာထားတဲ့သူလိုဘယ်တော့မှမတွေးပါဘူး။ သင် အလုပ်တွေပင်ပန်းတာကိုသူနားလည်ပြီး ဘယ်လိုကူညီရမလည်းဆိုတာကိုဘဲ သူအမြဲတမ်း စဉ်းစားနေတာဘဲဖြစ်တယ်။ပြီးတော့လည်းချစ်သူစုံတွဲတွေအတွက် အကောင်းဆုံးသော ပျော်ရွှင်ကြည်နှုးစရာအချိန်ကလည်း နှစ်ယောက်အတူတူ ထမင်းဟင်းချက်စားကြတဲ့ အချိန်ဘဲဖြစ်ပါတယ်။


နိဂုံးချုပ်အနေနဲ့ကတော့ လူတိုင်းလူတိုင်းက သာယာဖြောင့်ဖြူးတဲ့ မိသားစုဘဝကိုလိုချင်ကြပါတယ်။ အဲ့လိုဘဝရနိုင်ဖို့ကိုလည်း စံပြထိုက်တဲ့ ယောက်ကျား၊မိန်းမ တွေကို ကိုယ့်ရဲ့စိတ်ကြိုက်ရှာဖွေတက်ကြပါတယ်။ ဒါပေမယ့် တကယ်ရွေးသင့်တာကတော့ သင်ရဲ့စိတ်ထဲ ဘယ်သူ့ကို ပထမနေရာထားမလည်း? ဘယ်သူကသင့်ကိုပထမနေရာထားမလည်း? ဆိုတဲ့အချက်ကတော့ ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝကို ရရှိဖို့အတွက်အကောင်းဆုံးသော့ချက်ဘဲဖြစ်ပါတယ်ဆိုတာအကြံပြုလိုက်ရပါတယ်။

Pyae Phyoe(Buzzy.com.mm)

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations