အီးပေါက်ခြင်းဆိုတာကိုစေ့စေ့စပ်စပ်သိချင်တယ်ဆိုရင်တော့ဝင်ရောက်ဖတ်ရှု့လိုက်ပါ။
လူတွေဘာကြောင့်အီးပေါက်ကြတာလည်း?ဓာတုဗေဒနည်းအရတွက်ရင် လူတွေ ခန္ဓာကိုယ်ကနေ ဓာတ်ငွေ့ထွက်တာ ပါဘဲ။ဒါကိုလူအတော်များများကရှက်ကြပါတယ်။ ဒါပေမယ့်ထူးခြားတာက လွပ်လွပ်လပ်လပ် အီးပေါက်လိုက်ရတဲ့ အရသာ က ဘယ်အရာသာနဲ့မှလဲလို့မရနိုင်ဘူးဆိုတာငြင်းလို့မရနိုုင်ပါဘူး။ လူတိုင်းအီးပေါက်ဖူးပါတယ်။ ဟိုးအောက်ခြေလူတန်းစားကနေအင်္ဂလန်ဘုရင်မကြီးကအစ ပေါက်ဖူးပါတယ်။ နောက်တစ်ခုကအီးပေါက်ခြင်းဆိုတဲ့ ဝေါဟာရစကားလုံးကို အင်္ဂလိပ်ဘာသာမှာ "fart"လို့ခေါ်ပါတယ်။ အဲ့ဒီစကားလုံးဟာ အင်္ဂလိပ်ဘာသာစကားမှာ ရှေးအကျဆုံး စကားလုံးတွေထဲကတစ်လုံးဖြစ်ကြောင်းလေ့လာမှတ်သားခဲ့ဖူးပါတယ်။ တကယ်တော့ကျွန်တော်တို့လို၊ စာဖတ်သူတို့လို သာမာန်လူတွေအနေနဲ့က အီးပေါက်တာနဲ့ပတ်သက်ပြီးထွေထွေထူးထူး မသိပေမယ့် သိပ္ပံပညာ ရှင်တွေကတော့ ကက်သီးကက်သက်နိုင်စွာအီးပေါက်တာကို သုတေသနပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ သုတေသနတွေနဲ့ ပတ်သက်ပြီးလေ့လာရှာဖွေတွေ့ရှိတာလေးတွေကို ဗဟုသုတဖြစ်ဖွယ်ဖော်ပြလိုက်ရပါတယ်။
Zawgyi Version
Unicode Version
(၁) အီးပေါက်တယ်ဆိုတာ ကိုအဓိပ္ပာယ် တိတိကျကျဘယ်လိုဖွင့်မလည်း?
အီးပေါက်ခြင်းဖြစ်ပေါ်လာတယ်ဆိုတာကပိတ်လှောင်ထားတဲ့ လေတွေကြောင့် ဖြစ်ပေါ်လာတာဖြစ်ပါတယ်။နေ ရာပေါင်းစုံကလာနိုင်ပါတယ်။တချို့လေတွေကကျတော့ ရေသောက်ချလိုက်တာကြောင့်၊ ဒါမှမဟုတ်တခုခုကို ၀ါးပြီးမျိုချလိုက်တာကြောင့်ဖြစ်လာပြီးတော့ တချို့လေတွေကျတော့ ကိုယ်တွင်းအစိတ်အပိုင်းတွေ ထဲမှာရှိတဲ့သွေးတွေ ထဲက ထွက်လာတဲ့လေတွေဖြစ်ပြီး၊ တချို့လေတွေကျတော့လည်း ကိုယ်တွင်းအဂါင်္တွေထဲက ဘတ်တီးရီး ယားတွေကြောင့်ဖြစ်ပေါ်လာတဲ့ဓာတုဗေဒပေါင်းစပ်မှု့များကြောင့် ထွက်လာတာတွေလည်းရှိပါတယ်။ သမာရိုးကျ အီးပေါက်ခြင်းကိုနိုက်ထရိုဂျင်(၅၉) ရာခိုင်နှုန်း၊ဟိုက်ဒရိုဂျင်(၂၁)ရာခိုင်နှုန်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်(၉) ရာခိုင်နှုန်း၊ မီသိန်း(၇)ရာခိုင်နှုန်းနဲ့အောက်ဆီဂျင်(၄)ရာခိုင်နှုန်း နဲ့ ဖွဲ့စည်းထားပါတယ်။ပေါက်လိုက်တဲ့အီးရဲ့ တစ်ရာခိုင်နှုန်းခန့်ကသာ ဟိုက်ဒရိုဂျင် ဆာလဖိုက်ပါ၀င်ပါတယ်။၄င်းဓာတ်ငွေ့မှာ ဆာလဖာပါ၀င်ပြီးတော့ အဲ့ဒီ့ ဆာလဖာကြောင့် အီးပေါက်လိုက်ရင်အနံ့ နံတာဖြစ်ပါတယ်။ နောက်ပြီးတော့ အီးပေါက်ရင် ဘာလို့အသံထွက် တာလည်း? ဒါကတော့ရှင်းပါတယ်။အီးပေါက်လိုက်ခြင်းက ကိုယ်တွင်းကထွက်လာတဲ့လေဟာ စအိုဝရောက်တဲ့ အချိန်မှာ ဖြစ်ပေါ်လာတဲ့တုန်ခါမှု့ကြောင့်အသံထွက်လာခြင်းဖြစ်ပါတယ်။ အသံ တိုးတာ ကျယ်တာကတော့ ထွက်လာတဲ့လေရဲ့အနောက်မှာ ဖိအား ဘယ်လောက်ပါလဲဆိုတဲ့အပေါ်မှာရယ်၊ သင့်စအိုဝရဲ့ ချုံ့ခြင်း၊ ချဲ့ခြင်းတွေအပေါ်မှာရယ်မူတည်နေပါတယ်။
(၂) အီးပေါက်ရင် အနံ့က ဘာလို့ ဆိုးဝါးတာလည်း?
 ဒါကတော့ သင်ကိုယ်ထဲမှာဆာလဖာ ပိုများလေနံလေပါဘဲ။ တချို့အစားအစာတွေဆိုရင် တခြားဟာတွေထပ် ပိုပြီးတော့ဆာလဖာပိုများပါတယ်။ ဥပမာ- မြေပဲ၊ကော်ဖီထုပ်၊ဒိန်ခဲ၊ဆိုဒါ၊ကြက်ဥ၊ဘဲဥ စတာတွေက တော်တော်ကြီးကို ဆာလာဖာပါ၀င်မှု့များတာကြောင့်အီးပေါက်လိုက်လို့ အနံ့ထွက်ရင်လည်း သူများနဲ့ကိုမတူပါဘူး။
(၃) လူတစ်ယောက်ဟာ တစ်နေ့ကို ၁၄ ကြိမ်အထိအီးပေါက်နိုင်ပါတယ်။
 ပျမ်းမျှလူတစ်ယောက်ကတစ်နေ့ချင်းစီကို လီတာဝက်လောက် ပမာဏရှိတဲ့အီး ပေါက်နိုင်ပါတယ်။ တချို့ အမျိုးသမီးတွေဆိုဝန်မခံကြပါဘူး။သူတို့တွေကဆိုရင် အမျိုးသားတွေထက်တောင် ပိုပြီးပေါက်နိုင်ပါတယ်။ အဲ့တာကိုသက်သေပြဖို့အတွက် သိပ္ပံပညာရှင်တွေက အမျိုးသားတစ်ယောက်ကိုကော၊အမျိုးသမီးတစ်ယောက်ကိုကော ခေါ်ပြီးတော့တူညီတဲ့အစားအစာတွေကိုစားခိုင်းခဲ့ပါတယ်။ထို့နောက် နှစ်ယောက်စလုံးရဲ့ အီးပေါက်တဲ့အကြိမ်ရေ ကိုစောင့်ကြည့်ခဲ့ရာ အမျိုးသမီးက အမျိုးသားထက် အီးပေါက်ခြင်းအရာမှာပိုပြီး အာရုံစိုက်နိုင်တာကိုတွေ့ခဲ့ရပါတယ်။ နောက်ထပ်ထူးထူးခြားခြားလေ့လာတွေ့ရှိချက်ကတော့တကယ်လို့များ လူတစ်ယောက်က(၆)နှစ်နဲ့ (၉)လတိတိ အီးပေါက်နိုင်မယ်ဆိုရင် ၄င်းအီးပမာဏဟာ Atomicbomb ထဲမှာ ပါ၀င်တဲ့စွမ်းအင်ရဲ့ ပမာဏနဲ့ထပ်တူညီနေတာဖြစ်ပါတယ်။
Zawgyi Version
(၆) တချို့နိုင်ငံတွေအတွက်ကတော့ အီးပေါက်တယ်ဆိုတာ အဆန်းတကြယ် မဟုတ်တော့ပါဘူး။
Unicode Version
(၄) အီးတစ်လုံးရဲ့အမြန်နှုန်းက တစ်စက္ကန့်ထဲမှာဘဲဆယ်ပေအထိရောက်ပါတယ်။
အီးဟာ အမြန်နှုန်းအမျိုးအမျိုးနဲ့ထွက်လာသော်လည်းသူ့ရဲ့အနံကို ကျွန်တော်တို့တွေက ပေါက်ပေါက်လိုက်ချင်း၁၀-၁၅ စက္ကန့်အတွင်းကို မရနိုင်သေးပါဘူး။ အဲ့ဒါဘာလို့လည်းဆိုတော့ သင့်ရဲ့နှာခေါင်းပေါက်ဆီကိုရောက် ဖို့အတွက် အဲ့ဒီအနံ့အသက်ဟာ အချိန်ယူနေရသေးလို့ဘဲဖြစ်ပါတယ်။
(၅) အီးမပေါက်ဘဲ အောင့်ထားမယ်ဆိုရင်ကျန်းမာရေးကိုထိခိုက်နိုင်ပါသလား?
ဆရာဝန်အတော်များများမှာကိုအငြင်းအခုန်ဖြစ်ကြတဲ့ မေးခွန်းပါဘဲ။ တချို့ဆရာဝန်တွေကျတော့လည်း အီးပေါက် တယ်ဆိုတာကလူတစ်ယောက်အစာအိမ်စနစ်ထဲက သာမာန်ဖြစ်ရပ်တစ်ခုပါဘဲ။အဲ့တော့ အီးမပေါက် ဘဲအောင့်ထား လိုက်လည်းကိစ္စမရှိနိုင်ပါဘူးဆိုတာကို လက်ကိုင်ထားပါတယ်။ တဖက်ကအမြင်ကျတော့ လည်းအောင့်ထား လိုက်မယ်ဆိုရင် လေအဟောင်းတွေများလာပြီး ပွလာမယ်၊အခြားသောရောဂါ လက္ခဏာတွေပြ လာမယ်၊အဆိုးဆုံး ကတော့ အဲ့ဒီ လေတွေကိုသိမ်းထားလိုက်ခြင်းဟာ လိပ်ခေါင်းရောဂါနဲ့ အူမကြီးရောင်ယမ်း တာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်တဲ့။
(၆) တချို့နိုင်ငံတွေအတွက်ကတော့ အီးပေါက်တယ်ဆိုတာ အဆန်းတကြယ် မဟုတ်တော့့ပါဘူး။
နိုင်ငံတော်တော်များများမှာတော့လူကြားထဲအီးပေါက်ရင် ရိုင်းသလိုဖြစ်သွားတဲ့ ဓလေ့စွဲတွေရှိနေကြတုန်း ဘဲဖြစ်ပါတယ်။တချို့နိုင်ငံတွေကျတော့လည်း လူတွေကြားထဲကိုလေထုထဲ့တဆင့်အီးပေါက်ခြင်းကို ဖြန့်လွှင့်လိုက် သည့်တိုင်အောင် စိတ်မဆိုးကြပါဘူး။တောင်အမေရိကနိုင်ငံမှာလူမျိုးစုတစ်စုမှာ အီးပေါက်ခြင်းနဲ့တောင် နှုတ်ဆက်ရပါတယ်။တရုတ်ပြည်မှာဆိုရင်တော့ အီးနံ့ခံတာကိုသာ ကျွမ်းကျင်မယ်ဆိုရင် အလုပ်တစ်ခုပါရနိုင် ပါတယ်။ရှေးဟောင်းရောမမြို့မှာ Claudius အင်ပါယာ ဟာဆိုရင် အီးမပေါက်ဘဲအောင့် ထားရင်ကျန်းမာရေး ထိခိုက်မှာကိုအရမ်းကြောက်ပါတယ်။ဒါကြောင့်မို့လို့ အီးမပေါက်ဘဲအောင့်မထားရဆိုတဲ့ဥပဒေပါထုတ်ထားရပါတယ်။
Zawgyi Version
မအိပ်ခင်သန့်ရှင်းရေးလုပ်တာတောင်မှ သူတို့တွေက သင်အနားယူအိပ်စက်နေတဲ့အချိန်မှာထွက်လာနိုင်ပါတယ်။
Unicode Version
(၇)အီးမပေါက်ဘဲအောင့်ထားလိုက်မယ်ဆိုရင်သင်အိပ်နေတဲ့အချိန်မှာ သူတို့ထွက်လာပါလိမ့်မယ်။
မအိပ်ခင်သန့်ရှင်းရေးလုပ်တာတောင်မှ သူတို့တွေက သင်အနားယူအိပ်စက်နေတဲ့အချိန်မှာထွက်လာနိိုင်ပါတယ်။
(၈) အီးပေါက်ခြင်းဟာမီးလောင်စေနိုင်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့အတိုင်းဘဲဘတ်တီးရီးယားတွေကြောင့်ဖြစ်လာတဲ့ မီသိန်းနဲ့ဟိုက်ဒရိုဂျင် တွေကြောင့် ဂတ်စ်ထွက်နှုန်းဟာ မြင့်မားပြီး မီးလောင်စေနိုင်တာဖြစ်ပါတယ်။
(၉) လူသေတွေတောင်မှ အီးပေါက်နိုင်ပါသေးတယ်။
လူသေသေပြီးချင်းသုံးနာရီနောက်ပိုင်းမှာ ဂတ်စ်တွေအမြောက်အများထွက်တာကြောင့် နဲ့ ကြွက်သားတွေ ကျုံ့တာ ဆန့်တာတွေကြောင့် လူတစ်ယောက်သေဆုံးပြီးတာတောင်မှ အီးပေါက်နိုင်ကြောင်းသက်သေပြ နိုင်ခဲ့တာပါ။
source : oddee
Pyae Phyoe(Buzzy.com.mm)
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations