ဒီအချက်တွေကိုဖတ်ပြီးတာနဲ့ Single ဖြစ်ရတာကိုဂုဏ်ယူလိုက်ပါ။
Single အဖြစ်နဲ့ ဘဝမှာတစ်ယောက်ထဲဖြတ်သန်းနေရတဲ့အချိန်တွေက ပျင်းဖို့ကောင်းချင်ကောင်းနိုင်ပါတယ်။ဒါပေမယ့် အခုခေတ်ရေစီးကြောင်းက အဲ့ဒီအချက်ကိုပြောင်းလဲ လိုက်နိုင်ပါပြီ။ အခုချိန်ကစပြီးတော့ single ဖြစ်ရတာဂုဏ်ယူလိုက်ပါတော့။ တစ်ကိုယ်ထဲသမားတွေဆိုတာက ကိုယ့်ကိုကိုယ်သေသေချာချာလေးဂရုစိုက်နိုင်ဖို့၊ ဘဝရည်မှန်းချက်တွေနှင့်ကိုယ်လိုချင်တာတွေကို အာရုံစိုက်နိုင်ဖို့အတွက်အကောင်းဆုံး အနေအထားတစ်ရပ်ပါဘဲ။ အခုနှစ်ပိုင်းမှာတော့ သိပ္ပံပညာရှင်တွေကိုယ်တိုင်  single ဖြစ်ရတာဟာ အကျိုးကျေးဇူးပိုများတယ်ဆိုတာကို သက်သေပြခဲ့လိုက်ပါပြီ။ ချစ်သူရည်းစားရှိတဲ့သူတွေထက် တကိုယ်ထဲသမားတွေကပိုပြီးတော့ ပျော်ပျော်ရွှင်ရွှင်နေတက် ပါတယ်။ဘာလို့လည်းဆိုတော့ ဒီအချက်ကို single အတော်များများသိပါတယ်။ RS သမားတွေပြော ပြောနေတဲ့ အသည်းတစ်ခြမ်း ဆိုတာကြီး ရှိရှိမရှိရှိ ကိုယ်ပိုင်အသည်းတစ်ခြမ်းနဲ့ဘဲ အရာရာကိုဖြည့်တွေးပြီး ပျော်ပျော်ရွှင်ရွှင်နေနိုင်တယ်ဆိုတာ ကို Single ရပ်ကွက် တစ်ရပ်ကွက်လုံးသိကြပါတယ်။အခုအောက်မှာပြောပြမယ့်အချက်တွေကတော့ single ဖြစ်ရခြင်းရဲ့ အကျိုးတရားတွေပါဘဲ။ ဒါတွေဖတ်ပြီးတာနဲ့ နောက်ဘယ်သူဘဲလာမေးလာမေး Single is the best ဆိုတာကိုသက်သေပြလို့ရပါပြီ။
(၁) ပိုပြီးရင်းရင်းနှီးနှီးပေါင်းသင်းလို့ရတဲ့သူငယ်ချင်းတွေရှိလာတယ်။
သူတို့ရည်းစားရသွားတိုင်း ကိုယ့်ကို ပစ်ပစ်သွားတဲ့ သူငယ်ချင်းမျိုးတွေကို အမြဲတွေ့ဖူးပါတယ်။ဒါပေမယ့်  သူတို့ပြန်လာပါတယ်။ သူတို့ရဲ့ချစ်သူနဲ့ ပြတ်သွားတဲ့ အချိန်တွေမှာပေါ့။ သုတေသီတွေက တစ်ကိုယ်ထဲသမားတွေက  မိသားစုတွေ၊ သူငယ်ချင်းတွေနဲ့အိမ်နီးနားချင်းတွေနဲ့ပါပိုပြီးဆက်ဆံရေးကောင်းမွန်တာကိုထောက်ပြနိုင်ခဲ့ပါတယ်။
(၂) ပိုပြီးတော့ကြည့်ကောင်းလာမယ်။(ခန္ဓာကိုယ်၊မျက်နှာအစရှိသဖြင့်)
လေ့လာချက်တွေအရ အိမ်ထောင်သည်အတော်များများက တစ်ပတ်ကို မိနစ်ပေါင်း ၁၅၀ပြည့်အောင် လေ့ကျင့်ခန်းမလုပ်နိုင်ကြတာကိုတွေ့ရပါတယ်။ ဒါပေမယ့် single တွေကတော့ အဲ့ဒီလိုလေ့ကျင့်ခန်းတွေကို ကောင်းကောင်းမွန်မွန်ပျော်ပျော်ရွှင်ရွှင်လုပ်နိုင်တာကိုလည်း တွေ့ရပါတယ်။ ၂၀၁၃ခုနှစ်ရဲ့လေ့လာချက်တွေအရ လက်ထပ်ပြီးတဲ့လူအများစုဟာ လက်ထပ်ပြီးလေးနှစ်အကြာမှာ အလေးချိန်တက်လာတာကိုလည်း သိရှိရပါတယ်။ Single တွေက သန်သန်နဲ့မြန်မြန်ဆိုတော့ ခန္ဓာကိုယ်လေးက လှလို့ ကြော့လို့ပါဘဲ။
(၃) အလုပ်ခွင်မှာလည်းအဆင်ပြေလာတယ်။
သင်ဟာ single တစ်ယောက်ဆိုရင် သင်ရဲ့သက်မွေးဝမ်းကြောင်းအလုပ်ပေါ်ကို တခြားဘယ်ကိစ္စကိုမှခေါင်းထဲထည့်ထားစရာမလိုဘဲနဲ့အချိန်များများပေးနိုင်ပါလိမ့်မယ်။အလုပ်တွေရှုပ်နေတုန်းဖုန်းဆက်ရစ်မယ့်သူမရှိတော့ အလုပ်ကိုဘဲအာရုံစိုက်လုပ်နိုင်တယ်ဆိုတာထင်ရှားပါတယ်။ သုတေသီတွေက ဘာပြောခဲ့သလည်းဆိုတော့ single တွေကအလုပ်မှာပိုပျော်ကြပါတယ်။ဘာလို့လည်းဆိုတော့ သူတို့တွေက အလုပ်ကိုအဓိပ္ပာယ်ပြည့်ဝစွာနှင့်ပိုပြီးတော့ လုပ်ဆောင်နိုင်ကြလို့ပါဘဲ။
(၄) ၀င်ငွေလည်းကောင်းလာတယ်။
ကိုယ့်ဘာသာကိုယ် ခရီးထွက်တာတို့၊ အသိမိတ်တွေတွေကိုလက်ဆောင်ပေးရတာတို့ကလွဲပြီး ပိုက်ဆံမကုန်ပါဘူး။ Rsတွေကတော့ နှစ်ယောက်ပေါင်းတစ်စိတ်ဆိုတော့ single တွေထပ်ပိုပြီး အကုန်အကျများတယ်ဆိုတာထင်ရှားပါတယ်။ သူသွားချင်လည်းလိုက်၊ကိုယ်သွားချင်လည်းလိုက်နဲ့ တစ်နေရာကိုနှစ်ယောက်သွားနေရတော့ ပိုက်ဆံပိုကုန်တာပေါ့နော်။နောက်ထပ်သက်သေပြချက်ကတော့  Rs တွေက Single တွေထက် အကြွေးပိုများပါတယ်တဲ့။
(၅) ကောင်းကောင်းအိပ်လာရတယ်။
အိပ်ယာထဲကိုအိပ်ဖို့သွားလိုက်ပြီဆိုကထဲက တစ်ယောက်ယောက်ကရစ်လို့၊ဖုန်းဆက်လို့ ရန်ဖြစ်နေရလို့၊ သီချင်းဆိုပြနေရလို့ စတဲ့ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ညတိုင်းမခံစားရပါဘူး။ အကုန်သိတဲ့အတိုင်း ညဘက်သာကောင်းကောင်းအိပ်လိုက်ရမယ်ဆိုရင် နောက်တစ်ရက်အတွက်အသာယာဆုံးသောနေ့ရက်တွေကို ဖြတ်သန်းသွားနိုင်မှာဖြစ်ပါတယ်။
အကြုံပြုလိုက်ရပါတယ်။
အဲ့တာကြောင့်ပြောတာပေါ့။ Single ဖြစ်ရတာ အကျိုးအမြတ်တွေရှိပါတယ်လို့။ ဒါပေမယ့် Single ဆိုတာကလည်းဖြစ်ချင်တိုင်းဖြစ်လို့ရတာလည်းမဟုတ်တော့ လက်ရှိsingle ဘဝလေးကိုသာ တန်ဖိုးထားတက်ကြပါစေလို့ အကြုံပြုလိုက်ရပါတယ်။
source : independent
Pyae Phyoe(Buzzy.com.mm)
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations