Zawgyi Version
ပါတယ်။
Unicode Version
ယောက်ကျားလေးအတော်များများဟာသူတို့ရဲ့ငယ်ပါ(ဖွားဖက်တော်)ကိုဖြည်းဖြည်းလေး ကန်မိရင်တောင် တွန့်လိမ်နေအောင်ခံစားကြရတဲ့အချိန်မှာတောင် အခုတော့ ဆောက်လုပ်ရေးသမားတစ်ယောက်က ပေါင်ကြားထဲကသူရဲ့ ဖွားဖက်တော်ကို သံရိုက်တဲ့ Gun ကိုအရှိန်ပြင်းဆုံးအနေအထားမှာမှ သူကိုယ်တိုင်မတော်တဆပြန်ပစ်မိခဲ့ ပါတယ်။
Zawgyi Version
Unicode Version
Swansea ရဲ့ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာအလုပ်လုပ်နေတဲ့ အလုပ်သမားတစ်ယောက်ဟာ လေဖိအားနဲ့အသုံးပြုရတဲ့သံရိုက်ပစ္စည်းကို ချိန်ကိုက်သားမှားပြီးတော့ ပစ်ချလိုက်ရာအရှိန်ပြင်းထန်စွာထွက်လာတဲ့သံချောင်းတစ်ချောင်းလုံးကတော့ သူ့ရဲ့ပေါက်ခြံကိုတည့်တည့်သွားစိုက်နေလေရဲ့။သူ့ရဲ့ဖွားဖက်တော်နဲ့ဆို စင်တီမီတာအနည်းငယ်သာကွာနေပါတယ်။ အဲ့ဒီ(၂၂)နှစ်အရွယ်အမျိုးသားဟာMathew Meagherဖြစ်ပြီးတော့ အဲ့ဒီလိုကြောက်စရာကောင်းလှတဲ့ဒဏ်ရာရခဲ့တာတောင်မှ ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်။ဘာလို့ရိုက်ခဲ့ရတာလည်းဆိုတဲ့အကြောင်းပြချက်ကတော့ ဒီအနာပျောက်ကင်းသွားတဲ့အချိန်ကျရင် မေ့ပျောက်မှာစိုးလို့ ဒီလိုလုပ်ရင် ဒီလိုဖြစ်တက်ပါလားဆိုတာကို ကိုယ့်ဘာသာကိုယ်သတိပေးနိုင်အောင် ရိုက်ခဲ့တာလို့ပြောပါတယ်။
Zawgyi Version
Unicode Version
Mathew Meagher ဟာအဲ့ဒီဒဏ်ရာကို Wales နိုင်ငံ Swansea ကဆောက်လုပ်ရေးတစ်ခုမှာ ကြာသပတေးနေ့ကရရှိခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုဒဏ်ရာရခဲ့တဲ့အတွက်ကြောင့် Mathewတစ်ယောက် စိတ်ဓာတ်ကျနေမယ်လို့ထင်လိုက်ပါသလား?ကြည့်ရသလောက်ကတော့ အဲ့လိုပုံစံမပေါက်ပါဘူး။သူက သူရဲ့ချစ်သူကိုတောင် အဲ့ဒီဒဏ်ရာကိုမကြောက်ဘူးမဟုတ်လားဆိုပြီး ပြောခဲ့ပါသေးတယ်။ဆရာဝန်ကတော့ "သံချောင်းဟာ ဒီထက်သာဖြောင့်တန်းပြီးဝင်သွားရင်တော့Mathewရဲ့တန်ဖိုးကြီးအရာတစ်ခုလုံးကို ဖြတ်ပစ်လိုက်ရမှာပါ "ဆိုပြီး ပြောပြခဲ့ပါတယ်။
source : mirror
Pyae Phyoe(Buzzy.com.mm)
Facebook Conversations