မေ့ပစ်ချင်ပေမယ့်မေ့လို့မရဘူးဖြစ်နေတယ်ဆိုရင်တော့ဝင်သာဖတ်လိုက်ပါ။
Zawgyi Version
Unicode Version
"လမ်းပေါ်မှာလည်းတွေ့နိုင်တယ် စာသင်ခန်းနဲ့လက်ဖက်ရည်ဆိုင်ထဲ နေရာအနှံ့ ပြန့်ကျဲ ...................နိုင်ငံတကာဝေဒနာရှင်များအတွက် အမှတ်တရဖြစ်စေဖို့ ကမ္ဘာမှာအပြည်ပြည်ဆိုင်ရာ အသည်းကွဲသောနေ့ အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့ ကျေးဇူးပြု၍ ကျေးဇူးပြု၍ သတ်မှတ်ပေးပါ" ကြားဖူးနေကြသီချင်းလေးတစ်ပုဒ်။ ကိုယ်တိုင်လည်း ကြုံတွေ့ခဲ့ဖူးသလို စာဖတ်သူဘော်ဒါတွေလည်းခံစားဖူးကြမှာဘဲ ဆိုပြီး ကိုယ်ချင်းစာမိတာနဲ့ ဒီအကြောင်းအရာလေးကို သေသေချာချာ လေးလေးနက်နက်နဲ့ ပြောပြချင်မိခဲ့တယ်။ အခုတော့ အခွင့်အခါကြံုတာနဲ့ ပြောပြခွင့်ရခဲ့ပါပြီ။ ကိုယ်အသေအလဲချစ်ရပါတယ်။ကြိုက်ရပါတယ်ဆိုတဲ့ကောင်မလေးက ကိုယ့်ကိုပြန်မကြိုက်လို့ဆိုတာကတစ်မျိုး၊ ချစ်သူရသွားလို့ ကိုယ့်ကိုပစ်သွားတာကတစ်မျိုး၊ အမျိုးမျိုးသောအကြောင်းအရာတွေနဲ့ဘဲ စိတ်တွေညစ် အရက်တွေေသာက် သီချင်းတွေအော်ဆိုကြ အလုပ်တွေပျက်ကြနဲ့ တမှိုုင်မှိုင်တတွေတွေဖြစ်နေကြတဲ့ ဘော်ဒါတွေအများကြီးတွေ့ဖူးပါတယ်။ အဲ့ဒီနည်းလမ်းတွေကအမှားကြီးမှားပါတယ်။ တကယ်ပြုလုပ်သင့်တဲ့ အရာတွေကို အကြမ်းဖျင်းပြောရမယ်
ဆိုရင် နံပါတ်တစ်(ကိုယ့်ကိုကိုယ်ပြန်ဂရုစိုက်လိုက်ပါ) နံပါတ်နှစ်(သူမအနားကနေခွာနေပါ)။ ရှင်းရှင်းလေးပါဘဲ။
ဒါပေမယ့် အဲ့ဒီနှစ်ချက်ကိုသေသေချာချာလေး ထပ်ရှင်းပြပါရစေ။
(၁) ကိုယ့်ကိုကိုယ်ပြန်ဂရုစိုက်လိုက်ပါ။
(၁) ကိုယ့်ကိုကိုယ်ပြန်ဂရုစိုက်လိုက်ပါ။ credit : photo
Zawgyi Version
Unicode Version
*မိမိကိုယ်ကို မိမိ ချစ်ပါ။ဂရုစိုက်ပေးပါ။ သင့်ကိုမချစ်နိုင်တဲ့လူတစ်ယောက်အတွက် သင့်မှာပြောင်းလဲစရာဘာမှမရှိဘူးဆိုတာကိုသိနားလည်းထားပါ။
*အဲ့ဒီမိန်းကလေးနဲ့သင်နဲ့ကြားထဲမှာ ဘာတွေကြောင့်အခုလိုဖြစ်ခဲ့တာလည်းဆိုတာကိုနားလည်ဖို့ကြိုးစားပါ။အဆက်အသွယ်မလုပ်တာများလို့လား?အဆက်အသွယ်လုပ်တာဘဲများသွားလို့လား? ခဏလေးတွေ့၊ခဏလေးပြနလို့လား? သူမှားတာလား? ကိုယ်မှားတာလား? နှစ်ယောက်လုံးဘဲမှားနေတာလား? အဲ့ဒီမေးခွန်းတွေကို ကိုယ့်ဘာသာကိုပြန်မေးရင်းနဲ့ ဘယ်အရာကြောင့် မှားယွင်းခဲ့တာလည်းဆိုတာကို အဖြေရှာပါ။  အမှားတွေကနေ သင်ယူပါ။နာကျင်ခံစားလိုက်ပါ ပြီးရင်တော့ ဘယ်အရာကပိုကောင်းလဲဆိုတာကိုရွေးချယ်ဆုပ်ကိုင်ထားလိုက်ပါ။
*သူငယ်ချင်းတွေနဲ့အပြင်သွားပါ။ ဘောလုံးကန်မယ်။ လက်ဖက်ရည်ဆိုင်ထိုင်မယ်။ TV ကြည့်မယ်။ ၀ါသနာအသစ်တွေကိုရှာဖွေကြမယ်။ ဒီလိုပြုလုပ်ပေးခြင်းဟာ သင်ရောက်ရှိနေတဲ့ အလွမ်းကမ္ဘာထဲကနေသင့်ကိုကယ်ထုတ်ပေးနိုင်ပါတယ်။ စကားအတော်ကြာအောင်မပြောဖြစ်ခဲ့တဲ့မိသားစုနဲ့လည်း အချိန်ကုန်ပေးလိုက်ပါ။
(၂)သူမအနားကနေခွာနေပါ။
(၂)သူမအနားကနေခွာနေပါ။ credit : photo
Zawgyi Version
Unicode Version
*လုံးဝမတွေ့အောင်တော့ရှောင်မနေပါနဲ့။ သဘောထားကြီးတဲ့သူပီပီနေထိုင်လိုက်ပါ။ သူမရဲ့ အရင်းနှီးဆုံးသူငယ်ချင်းလည်းဖြစ်စရာမလိုပါဘူး။ သူမ ဘာကိုဆုံးရှုံးသွားသလည်း? သူမဘာကို လက်လွှတ်လိုက်လည်းဆိုတာကို သူမကိုယ်တိုင်မြင်လာအောင်လွှတ်ပေးထားလိုက်ပါ။
*သနားကြင်နာပေးပါ။ သူမရဲ့အနားကနေထွက်သွားပြီးတဲ့နောက် ဘယ်အချိန်မှာပြန်ဆုံတွေ့နိုင်မလည်း ဆိုတာမသိတဲ့အတွက် နောက်ဆုံးတခေါက်လောက်ဖြစ်ဖြစ်တော့ သနားကြင်နာမှု့ပေးလိုက်ပါ။
*သူမရဲ့လက်ရှိအနေအထားကိုထိခိုက်အောင် ဘယ်လိုပြဿနာမျိုးမှလုပ်မိဖို့မကြိုးစားပါနဲ့။ မီးကိုမီးနဲ့ငြိမ်းလို့မရပါဘူး။ ကိုယ့်ဘာသာကိုယ်ဘဲကောင်းအောင်နေပေးပါ။ ရှေ့ဆက်လျှောက်ရမယ့်ဘဝမှာဘယ်လိုအခက်အခဲမျိုးတွေ၊ဘယ်လိုအမှားမျိုးတွေ ထပ်ကြုံရအုံးမလည်းဆိုတာကို သင်ကိုယ်တိုင်တောင်မသိနိုင်တဲ့အတွက် အကောင်းဆုံးသာ ပြင်ဆင်နေထိုင်လိုက်ပါ။
ကဲ ဒီလောက်ဆိုရင် အဓိပ္ပာယ်အပြည့်အစုံကိုနားလည်သဘောပေါက်ပြီးတော့ ဒီအခိုက်အတန့်လေးကိုဘယ်လိုကျော်ဖြတ်ရမလည်းဆိုတာကို သိသွားလောက်ပြီးထင်ပါတယ်။ဒါဆိုရင် အပြည်ပြည်ဆိုင်ရာအသည်းကွဲသောနေ့ သီချင်းကိုဆိုနေမယ့်အစား နောက်ထပ် ကြားကြားဖူးနေတဲ့ "ဟေး ငါအဆင်ပြေသွားပီ၊ နာကျင်စရာများမရှိ၊ စားလို့ကောင်း အိပ်လို့ကောင်းလို့အရင်ကထက်ဝလာတယ် .............ပြီးခဲ့သောကိစ္စများအတွက် ငါကျေးဇူးအရမ်းတင်တယ်" ဆိုတဲ့သီချင်းလေးသာ ပြောင်းဆိုလိုက်ပါတော့လား ကိုယ့်ဘော်ဒါတို့ရေ။
ref : wiki
Pyae Phyoe(Buzzy.com.mm)
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations