လြယ္္လြယ္ကူကူလုပ္လို႔ရတာဆိုလို႔ဒီတစ္နည္းဘဲရွိတယ္

Zawgyi Version

ေျခေထာက္ေလးေတြလွေနေအာင္လုပ္ဖို႔ဆိုတာက ဖိနပ္စီးရင္ ျကည္႔ေကာင္းေနယံုတစ္ခုထဲနဲ႔ မဟုတ္ဘူးဆိုတာအရင္ဆံုးသိထားေစခ်င္ပါတယ္။ဘာလို႔လည္းဆိုေတာ႔ ေျခေထာက္ကက်န္းမာေရးဟာဆိုရင္ ခႏၶာကုိယ္တစ္ခုလံုးက အေျခခံက်တဲ႔က်န္းမာေရးနဲ႔ဆက္စပ္ေနပါတယ္။ ဒါေပမယ္႔လည္း လူအေတာ္အမ်ားစုကေတာ႔ ေျခေထာက္က်န္းမာေရးနဲ႔ပတ္သက္ျပီးပစ္စလက္ခတ္ထားတက္ျကပါတယ္။ဒါေျကာင္႔မို႔လို႔ တခုစဥ္းစားမိသြားတာက သင္႔ရဲ႕ေျခေထာက္ေလးေတြ
သာ ပ်က္စီးေနတယ္ဆိုရင္ ပုိက္ဆံအကုန္အက်မ်ားစရာမလိုဘဲနဲ႔ ရိုးရွင္းတဲ႔နည္းလမ္းေလးနဲ႔ကုသသြားႏိုင္ဖို႔အတြက္ေျပာျပစရာေလးရွိတယ္ဆိုတာကုိပါဘဲ။လိုအပ္တဲ႔ပစၥည္းဆိုလို႔ သင္႔ရဲ႕ မီးဖိုခန္းထဲကေနရႏိုင္တဲ႔ ပစၥည္းေလးႏွစ္ခုထဲပါဘဲ။ တခ်ိဳ႕သူေတြက်ေတာ႔လည္း ေငြကုန္ေျကးက်မ်ားတဲ႔ေနရာေတြကုိသြားပီးေတာ႔ ေျခေထာက္ေတြကုိျပဳျပင္ေနျကပါတယ္။မေကာင္းဘူးလို႔မေျပာခ်င္ေပမယ္႔ အဲ႔ဒီလို SPA ေတြကုိသြားတာမ်ိဳးနဲ႔ အလွကုန္ပစၥည္းေတြကုိ၀ယ္သံုးတာမ်ိဳးက်ေတာ႔ ကုန္က်စရိတ္အပိုေတြတက္လာႏိုင္ပါတယ္။ အခုေျပာျပမယ္႔နည္းလမ္းေလးကေတာ႔ အရမ္းကုိလြယ္ကူျပီးေတာ႔ သက္လည္းသက္သာတာေျကာင္႔ေဖာ္ျပေပးလိုက္ခ်င္ပါတယ္။

Unicode Version

ခြေထောက်လေးတွေလှနေအောင်လုပ်ဖို့ဆိုတာက ဖိနပ်စီးရင် ကြည့်ကောင်းနေယုံတစ်ခုထဲနဲ့ မဟုတ်ဘူးဆိုတာအရင်ဆုံးသိထားစေချင်ပါတယ်။ဘာလို့လည်းဆိုတော့ ခြေထောက်ကကျန်းမာရေးဟာဆိုရင် ခန္ဓာကိုယ်တစ်ခုလုံးက အခြေခံကျတဲ့ကျန်းမာရေးနဲ့ဆက်စပ်နေပါတယ်။ ဒါပေမယ့်လည်း လူအတော်အများစုကတော့ ခြေထောက်ကျန်းမာရေးနဲ့ပတ်သက်ပြီးပစ်စလက်ခတ်ထားတက်ကြပါတယ်။ဒါကြောင့်မို့လို့ တခုစဉ်းစားမိသွားတာက သင့်ရဲ့ခြေထောက်လေးတွေသာ ပျက်စီးနေတယ်ဆိုရင် ပိုက်ဆံအကုန်အကျများစရာမလိုဘဲနဲ့ ရိုးရှင်းတဲ့နည်းလမ်းလေးနဲ့ကုသသွားနိုင်ဖို့အတွက်ပြောပြစရာလေးရှိတယ်ဆိုတာကိုပါဘဲ။လိုအပ်တဲ့ပစ္စည်းဆိုလို့ သင့်ရဲ့ မီးဖိုခန်းထဲကနေရနိုင်တဲ့ ပစ္စည်းလေးနှစ်ခုထဲပါဘဲ။ တချို့သူတွေကျတော့လည်း ငွေကုန်ကြေးကျများတဲ့နေရာတွေကိုသွားပီးတော့ ခြေထောက်တွေကိုပြုပြင်နေကြပါတယ်။မကောင်းဘူးလို့မပြောချင်ပေမယ့် အဲ့ဒီလို SPA တွေကိုသွားတာမျိုးနဲ့ အလှကုန်ပစ္စည်းတွေကို၀ယ်သုံးတာမျိုးကျတော့ ကုန်ကျစရိတ်အပိုတွေတက်လာနိုင်ပါတယ်။ အခုပြောပြမယ့်နည်းလမ်းလေးကတော့ အရမ်းကိုလွယ်ကူပြီးတော့ သက်လည်းသက်သာတာကြောင့်ဖော်ပြပေးလိုက်ချင်ပါတယ်။

Zawgyi Version

လိုအပ္ေသာပစၥည္းမ်ား

- ႏို႔ တစ္လီတာခန္႔
- မုန္႔ဖုတ္ဆိုဒါ စားပြဲတင္ဇြန္းျဖင္႔ သံုးဇြန္း

ျပဳလုပ္နည္းအဆင္႔ဆင္႔

ႏို႔ကုိ မီးဖိုေပၚမွာအပူေပးျပီးေတာ႔ မဆူေစဘဲနဲ႔ ပူလာတဲ႔အထိဘဲ မီးပူေပးပါ။အဲ႔ဒီေနာက္ သင္႔ရဲ႕ ေျခေထာက္ထည္႔လို႔ဆန္႔ႏိုင္မယ္႔ ဇလံုးတစ္ခုခုထဲသို႔ ၄င္းႏို႔ေတြကုိေလာင္းထည္႔ေပးပါ။ေနာက္တဆင္႔အေနနဲ႔ မုန္႔ဖုတ္ေဆာ္ဒါေတြကုိ ေပါင္းထည္႔ျပီး ေရာေမႊေပးပါ။၄င္းေနာက္ အပူဒဏ္ခံႏိုင္ေလာက္တဲ႔အပူခ်ိန္ေရာက္ျပီဆိုရင္ေတာ႔ သင္႔ရဲ႕ေျခေထာက္ကုိ ထိုဇလံုထဲသို႔ႏွစ္ခ်လုိက္ပါ။ျပီးတဲ႔အခါမွာေတာ႔ ေနာက္ေက်ာကုိမွီထိုင္ျပီး အနားယူေပးရင္းနဲ႔ ၁၀ မိနစ္ခန္႔အရည္ထဲမွာစိမ္ေနေပးပါ။ေနာက္ဆံုးမွာေတာ႔ သင္႔ရဲ႕ေျခေထာက္ကုိေရေႏြးေလးနဲ႔ေဆးေပးျပီးေတာ႔ ေျခာက္ေအာင္သုတ္ထားလိုက္ပါ။ထုိကဲ႔သုိ႔ တစ္ပတ္တစ္ခါ ျပဳလုပ္ေပးမယ္ဆိုရင္ေတာ႔ သင္႔ရဲ႕ ေျခေထာက္ေလးဟာ ႏူးညံ႔လာမယ္၊ ေခ်ာမြတ္လာမယ္ျပီးေတာ႔ အေရးျကီးဆံုးအေနနဲ႔ က်န္းမာလာမယ္ျဖစ္ပါတယ္။

ကဲ အခုလို ကုန္က်စရိတ္လည္းသက္သာ အခ်ိန္လည္းမေပးရ အက်ိဳးလည္းသက္ေရာက္တဲ႔နည္းေလးကုိ ကုိယ္တိုင္ကုိယ္က်သိရွိျပီးျပီဆိုရင္ေတာ႔ ကုိယ္႔ရဲ႕မိတ္ေဆြသူငယ္ခ်င္းေတြကုိလည္း ဒီလိုတန္ဖိုးရွိတဲ႔နည္းလမ္းေလးကုိလက္ဆင္႔ကမ္းႏိုင္ဖို႔အတြက္ facebook မွာ share ေပးလိုက္ပါအံုးေနာ္။


Unicode Version

လိုအပ်သောပစ္စည်းများ

- နို့ တစ်လီတာခန့်

- မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်းဖြင့် သုံးဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

နို့ကို မီးဖိုပေါ်မှာအပူပေးပြီးတော့ မဆူစေဘဲနဲ့ ပူလာတဲ့အထိဘဲ မီးပူပေးပါ။အဲ့ဒီနောက် သင့်ရဲ့ ခြေထောက်ထည့်လို့ဆန့်နိုင်မယ့် ဇလုံးတစ်ခုခုထဲသို့ ၄င်းနို့တွေကိုလောင်းထည့်ပေးပါ။နောက်တဆင့်အနေနဲ့ မုန့်ဖုတ်ဆော်ဒါတွေကို ပေါင်းထည့်ပြီး ရောမွှေပေးပါ။၄င်းနောက် အပူဒဏ်ခံနိုင်လောက်တဲ့အပူချိန်ရောက်ပြီဆိုရင်တော့ သင့်ရဲ့ခြေထောက်ကို ထိုဇလုံထဲသို့နှစ်ချလိုက်ပါ။ပြီးတဲ့အခါမှာတော့ နောက်ကျောကိုမှီထိုင်ပြီး အနားယူပေးရင်းနဲ့ ၁၀ မိနစ်ခန့်အရည်ထဲမှာစိမ်နေပေးပါ။နောက်ဆုံးမှာတော့ သင့်ရဲ့ခြေထောက်ကိုရေနွေးလေးနဲ့ဆေးပေးပြီးတော့ ခြောက်အောင်သုတ်ထားလိုက်ပါ။ထိုကဲ့သို့ တစ်ပတ်တစ်ခါ ပြုလုပ်ပေးမယ်ဆိုရင်တော့ သင့်ရဲ့ ခြေထောက်လေးဟာ နူးညံ့လာမယ်၊ ချောမွတ်လာမယ်ပြီးတော့ အရေးကြီးဆုံးအနေနဲ့ ကျန်းမာလာမယ်ဖြစ်ပါတယ်။

ကဲ အခုလို ကုန်ကျစရိတ်လည်းသက်သာ အချိန်လည်းမပေးရ အကျိုးလည်းသက်ရောက်တဲ့နည်းလေးကို ကိုယ်တိုင်ကိုယ်ကျသိရှိပြီးပြီဆိုရင်တော့ ကိုယ့်ရဲ့မိတ်ဆွေသူငယ်ချင်းတွေကိုလည်း ဒီလိုတန်ဖိုးရှိတဲ့နည်းလမ်းလေးကိုလက်ဆင့်ကမ်းနိုင်ဖို့အတွက် facebook မှာ share ပေးလိုက်ပါအုံးနော်။

source : newsner

Pyae Phyoe(Buzzy.com.mm)

Buzzy Team မွ စီစဥ္တင္ဆက္ေသာ buzzy.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Facebook Conversations