မသိသေးတဲ့သူတွေအတွက် ဝေမျှပေးချင်လို့ပါ
Zawgyi Version
Unicode Version
မိန်းကလေးတွေ ကိုယ့်ကို စကားမပြောမှာ၊ အဖတ်မလုပ်မှာ ကြောက်နေသလား? အဲ့တာဆိုရင် သင့်ကိုသင်ပြန်လည်ကောင်းမွန်အောင်အရင်လုပ်သင့်တယ်ဆိုတာသိပါသလား။ အခုပြောပြမယ့် နည်းလမ်းတွေကိုလိုက်လုပ်ပြီးတာနဲ့ မိန်းကလေးတစ်ယောက်နဲ့ အပြင်သွားဖို့တောင်းပန်နေရတဲ့ဘဝကနေ သူတို့ကိုယ်တိုင် လိုက်လိုက်လျောလျောနဲ့ လိုက်လာပါလိမ့်မယ်။
Zawgyi Version
ပါးစပ်အကျယ်ကြီးဟပြီး မပြုံးပါနဲ့။ ပြီးတော့ နှုတ်ခမ်းရဲ့ တစ်ဖက်ထောင့်က ကျန်တဲ့တစ်ဖက်ထောင့်ထက် ပိုမြင့်အောင် ပြုံးပါ။
Unicode Version
(၁) သင့်ရဲ့ ၀တ်ပုံစားပုံကို စတင်ပြန်လည်ပြုပြင်ပါ။
စတိုင်ဖြစ်နိုင်တဲ့ အဝတ်အစားတွေကို၀တ်ပါ။ ပြီးတော့ ခန္ဓာကိုယ်နဲ့ ကွက်တိကျတဲ့ အဝတ်အစားတွေကို၀တ်ပါ။ ဆံပင်အရောင်၊ အသားအရည်နဲ့လိုက်ဖက်မယ့် အရောင်ကိုရွေးဝတ်ပါ။အဖြူရောင်တို့လို၊ အပြာရောင်တို့လို  အကျီင်္တွေအမဲရောင်ဂျင်းတို့အပြင် နာရီါတစ်လုံးလောက်ကိုပါ ထိန်းသိမ်းထားပါ။
(၂) လေ့ကျင့်ခန်းလုပ်ပါ။ ကာယသင်တန်းတွေသွားပေးပါ။
အတော်ကိုခက်ခက်ခဲလုပ်ရမယ့်ပုံစံတွေထိလုပ်စရာမလိုပါဘူး။ဒါပေမယ့် သင်လိုချင်တဲ့ ပုံစံရအောင်တော့ ပြုလုပ်ပေးရပါမယ်။
(၃)အသေးစိတ်တခုချင်းစီကိုဂရုစိုက်ပေးရပါမယ်။
စတိုင်ကျကျ ဆံပင်ညှပ်ရပါမယ်။ လက်သည်းတွေညှပ်ရပါမယ်။ မျက်နှာပေါ်က နှုတ်ခမ်းမွှေးတွေ၊ မုတ်ဆိတ်မွှေးတွေရိတ်ပေးရပါမယ်။
(၄) သင့်ခန္ဓာကိုယ်ကို အနံ့အသက်ကောင်းအောင်ပြုလုပ်ထားရပါမယ်။
တကိုယ်လုံးရေမွှေးနံ့မွှန်ထွန်နေအောင်မပြုလုပ်ရပါဘူး။ ဒါပေမယ့်ရေတော့ချိုးရပါမယ်။ သင့်ရဲ့ အသက်ရှုမှု့တိုင်းဟာ လတ်ဆတ်သန့်ရှင်းနေရပါမယ်။ ဘယ်လောက်ဘဲ ကြည့်လို့ကောင်းကောင်း၊ ဖက်ရှင်ဘဲကျကျ သင့်ဆီက ချွေးနံ့ သို့ အနံ့ဆိုးတစ်ခုခုကိုရလိုက်တာနဲ့ဘဲ သင်တစ်ယောက်ထဲဘဝနဲ့ဖြတ်သန်းရဖို့ ရာခိုင်နှုန်းများသွားပါပီ။
(၅) သင့်ရဲ့ မျက်လုံးနှင့် မျက်နှာရဲ့ အမူအရာတွေကနေ အဓိပ္ပာယ်ဖော်ပြနိုင်အောင်ပြုလုပ်ပါ။
တကယ်ကိုမိုက်တဲ့ မင်းသားတွေပါတဲ့ ရုပ်ရှင်ကားတွေကိုကြိုးစားစောင့်ကြည့်ပေးပါ။အဲ့ဒီမင်းသားတွေ အမျိုးသမီးတွေကိုကြည့်တဲ့အကြည့်အတိုင်း သင်လိုက်ကြည့်ပါ။ ရွှေပါဘဲ။
(၆) အပြုံးတွေကိုအသက်ဝင်လာအောင်လေ့ကျင့်ပါ။
ပါးစပ်အကျယ်ကြီးဟပြီး မပြံုးပါနဲ့။ ပြီးတော့ နှုတ်ခမ်းရဲ့ တစ်ဖက်ထောင့်က ကျန်တဲ့တစ်ဖက်ထောင့်ထက် ပိုမြင့်အောင် ပြံုးပါ။
(၇) ဆွဲဆောင်မှု့ရှိအောင် လမ်းလျှောက်ပါ။
ခြေထောက်တစ်ချောင်းနဲ့တစ်ချောင်းကြား ကွာဟမှု့ အနည်းငယ်သာထားပြီး ဖြည်းဖြည်းလျှောက်ပါ။ သင့်ရဲ့လမ်းလျှောက်ပုံဟာ အမျိုးသမီးတွေကို ရူးသွပ်သွားအောင်ပြုလုပ်နိုင်ပါတယ်။
Zawgyi Version
Unicode Version
(၈) ကောင်းမွန်တဲ့ နေထိုင်ပုံရအောင်လေ့ကျင့်ပါ။
ယုံကြည်မှု့အပြည့်နဲ့ တောင့်တောင့်တင်းတင်းရပ်နေတဲ့ ယောက်ကျားတစ်ယောက်ဖြစ်တာပိုပြီးကောင်းပါတယ်။ ကောင်းမွန်တဲ့ နေထိုင်ပုံတွေကိုတိုးတက်လာအောင် ပြုလုပ်ပြီးတော့ သင်ဟာ စွဲဆောင်မှု့ရှိတဲ့သူတစ်ယောက်ဖြစ်ကြောင်း ဖော်ပြလိုက်ပါ။အဲ့ဒီလိုပြုလုပ်ခြင်းဟာလည်း မိန်းကလေးတစ်ယောာက် ကိုယ့်ကို ကြွေစေနိုင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
(၉) သြဇာပါတဲ့ အသံမျိုးကလည်း တစ်ခုအပါအဝင်ပါဘဲ။
သတင်းကြေညာတဲ့သူ၊ အစီအစဉ်တင်ဆက်တဲ့သူရဲ့ အသံကိုတုပပြီးပြောတာမျိုးကိုရှောင်ကျဉ်ပါ။အဲ့ဒီအစား  ရုပ်ရှင်ထဲက sexy ကျတဲ့ လူရဲ့အသံမျိုးနဲ့သာပြောကြည့်လိုက်ပါ။ မိန်းကလေးတွေကဘယ်သူများပြောနေတာပါလည်းဆိုပြီးတော့ လည်ပြန်လှည့်ကြည့်လာပါလိမ့်မယ်။ ပြီးတော့ သင်နဲ့စကားပြောဖို့အကြောင်းဖန်လာပါလိမ့်မယ်။
(၁၀) တည်တည်ငြိမ်ငြိမ်နဲ့ သန်မာလာအောင်နေထိုင်ပါ။
အကယ်၍များ သင်စကားပြောနေတဲ့ပုံစံဟာ အငြိမ်မရဘဲ လှုပ်လှုပ်ရှားရှားပြောနေမယ်ဆိုရင်တော့ ကိုယ်ကိုကိုယ်ပြုပြင်ဖို့ ကြိုးစားပါတော့။ သူမရဲ့ စိတ်ပိုင်းဆိုင်ရာကိုအနိုင်ရဖို့ဆိုရင်တော့တည်တည်ငြိမ်ငြိမ်နဲ့ ပိုးသားလေးလိုနူးညံ့တဲ့ စကားပြောဆိုပုံမျိုးတော့လိုပါလိမ့်မယ်။
(၁၁) သင့်ရဲ့အပြုအမူကိုအသုံးပြုပါ။
လူကြီးလူကောင်းဆန်တဲ့လူတွေဟာ တံခါးပေါက်မှာ အမျိုးသမီးတစ်ယောက်နဲ့ ဆုံပြီဆိုရင် တံခါးလက်ကိုင်ကိုကိုင်၊ဖွင့်ပေးပြီးတော့ သူ့ကိုဦးစားပေးသွားခိုင်းကြပါတယ်။
(၁၂)သူမပြောတဲ့စကားတွေအပေါ်အာရုံစိုက်ထားပါ။
သင့်အကြောင်းကိုသင်ပြောနိုင်ပါတယ်။ ဒါပေမယ့် သာမာန်ထက်လွန်ကဲစွာမပြောပါနဲ့။ သူမပြန်ပြောဖို့အတွက်ကု်လည်း အလှည့်ပေးရပါမယ်။
(၁၃) အခွင့်အရေးကိုအမိအရဆုပ်ကိုင်ပါ။
အမျိုးသမီးတစ်ယောက်နဲ့ပတ်သက်ပြီး ဘယ်မှာနေတယ်။ ဘာလုပ်တယ်ဆိုတာကို သင်သိကောင်းသိနိုင်ပါတယ်။ဒါပေမယ့် အခွင့်အရေးကို အမိအရ မဆုပ်ကိုင်နိုင်ဘူးဆိုရင်တော့ ချစ်စကားပြောမယ့်အစီအစဉ်ဟာ ပျက်ပြားသွားပြီး သူငယ်ချင်းဆိုတဲ့အဆင့်ထင်ပိုလာမှာမဟုတ်တော့ပါဘူး။
(၁၄) အကယ်လို့များ သင့်ကိုသင် သူမကိုဆွဲဆောင်နိုင်ပြီလို့ ခံစားနေရပြီဆိုရင်တော့ သူမနဲ့ နှစ်ယောက်ထဲတွေ့ဖို့အတွက်ကြိုးစားလိုက်ပါတော့ ။ ဘာလို့လည်းဆိုတော့ သူမဟာ တခြားသင့်လိုဆွဲဆောင်နိုင်တဲ့သူနောက်ကို ပါသွားရင် သင် ကျန်ရစ်ဖြစ်နေတော့မှာမို့လို့ပါဘဲ။
ref : wiki
Pyae Phyoe(Buzzy.com.mm)
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations