ကြက်သွန်နီအခွံတွေအဲ့လောက်တန်ဖိုးရှိမယ်မှန်းစောစောကမသိခဲ့တာနာတယ်
Zawgyi Version
Unicode Version
စာဖတ်သူတော်တော်များများက ကျွန်တော့်လိုဘဲ ကြက်သွန်နီမလှီးခင်မှာ အခွံတွေကိုခွာပစ်တက်ကြမှာပါ။ပြီးတော့ အဲ့ဒီအခွံတွေကို အမှိုက်ပုံးတွေ၊အမှိုက်အိတ်တွေထဲ လွှင့်ပစ်တက်ကြမှာပါ။ဖြစ်နိုင်ပါတယ်။ဘာလို့ဆိုတော့ စစ်တမ်းတွေအရ ဥရောပနိုင်ငံတွေမှာဆိုရင် ကြက်သွန်နီအခွံံပေါင်း တန် ၅သိန်းကိုနှစ်စဉ်နှစ်တိုင်းလွှင့်ပစ်နေကြပါတယ်။ဒါပေမယ့် ကြက်သွန်နီအခွံတွေရဲ့တန်ဖိုးကို သိလိုက်ရတဲ့အခါမှာတော့စာရေးသူကိုယ်တိုင်ကိုက နောက်တခါကြက်သွန်နီလှီးတိုင်း အခွံတွေကိုခွာပြီးတော့မလွှင့်ပစ်တော့ဖို့ကို စဉ်းစားနေပါပြီ။သင်သိပါသလား?ကြက်သွန်နီအခွံတွေမှာပါတဲ့ ဓာတ်တွေက သင့်ရဲ့ ခန္ဓာကိုယ်အတွက်ကောင်းကျိုးဖြစ်စေတယ်ဆိုတာကိုပေါ့။သုတေသနပညာရှင်တွေကတော့ အဲ့ဒီကြက်သွန်နီအခွံတွေမှာ ပါတဲ့ antioxidant တွေဟာဆိုရင် သွေးလည်ပတ်အားကောင်းစေပြီးတော့ နှလုံးရောဂါဖြစ်နိုင်ချေကိုလည်း လျော့နည်းစေတယ်ဆိုတာကိုသက်သေပြခဲ့ကြပါတယ်။ကြက်သွန်နီအခွံရဲ့ တန်ဖိုးရှိတဲ့အချက်တွေကို ပြောပြပါ့မယ်။
Zawgyi Version
Unicode Version
(၁) ကိုလက်စတောကိုထိန်းညှိပေးပါတယ်။
Dr.Victor Gurewich ရဲ့ပြောကြားချက်အရ ကြက်သွန်နီ(သို့) ကြက်သွန်နီအခွံကိုစားသုံးတဲ့ ကိုလက်စတောကျနေတဲ့လူနာတွေကို ကောင်းမွန်တဲ့ ကိုလက်စတောရောက်အောင်ကူညီပေးနိုင်ပါတယ်။တိုင်းတာသူတွေကတော့ ကြက်သွန်နီ(သို့)ကြက်သွန်နီအခွံတွေကို ၂လကနေ ၃အထိစားသုံးတဲ့သူတွေဟာ သူတို့ရဲ့ HDL လယ်ဗယ်ကို ပျမ်းမျှအားဖြင့် ၃၀ ရာခိုင်နှုန်းထိရောက်အောင် ထိန်းညှိပေးနိုင်တယ်ဆိုပြီး သက်သေပြနိုင်ခဲ့ပါတယ်။
(၂) သွေးပေါင်ချိန်ကိုကာကွယ်ပေးတယ်။
နောက်ထပ်သက်သေပြချက်ကတော့ ကြက်သွန်နီအခွံတွေမှာပါတဲ့ အရာဝတ္ထုတွေဟာဆိုရင် သွေးအားလျော့နည်းတဲ့သူတွေကို များလာစေနိုင်ပြီးတော့ သွေးတိုးနေတဲ့သူတွေကိုကျတော့ သွေးကျစေနိုင်ပါတယ်တဲ့။
(၃) ရောဂါဖြစ်ပွားမှု့တွေကနေလျော့ကျပေးစေနိုင်တယ်။
သုတေသနပညာရှင် Vanesa Benitez ဆိုသူကတော့ ကြက်သွန်နီအခွံကိုစားသုံးတဲ့သူတွေဟာ အူမကြီးကင်ဆာလိုမျိုး၊ဆီးချိုရောဂါလိုမျိုးတွေနဲ့ နှလုံးရောဂါတွေကိုကာကွယ်နိုင်တယ်လို့ပြောပါတယ်။ကြက်သွန်နီအခွံမှာပါတဲ့ phenolic ဓာတ်ပေါင်းဟာ နှလုံးရောဂါနဲ့ ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေကိုကာကွယ်ပေးထားနိုင်တာပါ။
Zawgyi Version
Unicode Version
(၄) Antioxidants ပြည့်ဝစွာပါ၀င်တယ်။
ကြက်သွန်နီအခွံတွေမှာ antioxidants ပြည့်ဝစွာပါ၀င်တာကြောင့်မို့လို့ သင့်ရဲ့ခန္ဓာကိုယ်ကို အလွန်ကောင်းမွန်စေပြီးတော့ ရောဂါဘယတွေကနေလည်းကင်းဝေးစေနိုင်ပါတယ်။
(၅) အဝလွန်တာကိုလည်း ကာကွယ်ပေးတယ်။
ဆရာဝန်ကြီး Vanesa ရဲ့ပြောပြချက်အရ ကြက်သွန်နီအခွံဟာ အဝလွန်ရောဂါခံစားနေရတဲ့သူတွေနဲ့ နှလုံးရောဂါခံစားနေရတဲ့သူတွေကိုလည်း သက်သာပျောက်ကင်းစေနိုင်တယ်လို့ပြောပါတယ်။
(၆) ဆံပင်ကိုလည်း သန်စေတယ်။
ကြက်သွန်နီအခွံမှာ ဆာလဖာလည်းပြည့်ဝစွာပါ၀င်တာကြောင့် ဆံပင်ကိုကောင်းမွန်စေပြီး ကြီးထွားသန်မာစေနိုင်ပါတယ်။ပြီးတော့ ကြက်သွန်နီအခွွံတွေကိုဆံပင်ဆိုးဆေးတွေအစာလည်းအသုံးပြုနိုင်ပါသေးတယ်။
Zawgyi Version
Unicode Version
ကြက်သွန်နီကိုစားခိုင်းနေတာကြောင့် စစပြီးစားမယ့်သူတွေကအခက်အခဲတွေ့နိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ အဆင်ပြေအောင်စားသုံးလို့ရမယ်နည်းလမ်းလေးတွေကိုပါတပါတည်းပြောပြလိုက်လို့ရပါတယ်။အကောင်းဆုံးနှင့်အရသာအရှိဆုံးနည်းလမ်းကတော့ ကြက်သွန်နီအခွံတွေကိုဒီအတိုင်းမစားနိုင်ရင် အချဉ်ရည်နှင့်ဘဲဖြစ်ဖြစ်တူတူတွဲဖက်စားသုံးပေးပါ။နောက်တစ်နည်းကတော့ ကြက်သွန်နီအခွံတွေကို ရေနဲ့ ၁၀မိနစ်ကနေ ၁၅မိနစ်ကြားလောက်ပြုတ်ထားပေးပြီးတော့ ရလာတဲ့ အရည်တွေကိုအားစိုက်သောက်ပေးပါ။တခုသတိထားရမှာက ကြက်သွန်နီတွေကို စိုက်ခင်း(သို့)စျေးကွက်တွေထဲမှာ အော်ဂဲနစ်ဓာတ်ပေါင်းတွေ ဖြန်းထားနိုင်တာကြောင့်သေချာဆေးကြောပြီးမှ ပြုတ်သောက်တာကောင်းပါတယ်။ကဲ၊ဒီလိုဆိုရင်တော့ ကြက်သွန်နီအခွံက အမှိုက်ဖြစ်ရတာထက်စာရင်တော့ အများကြီးပိုပြီး အသုံးဝင်တာသိသွားလောက်ပါပြီ။ဒါ့ကြောင့် ဒီလောက်ကောင်းတဲ့နည်းလမ်းတွေကို ကိုယ့်ရဲ့ချစ်သူခင်သူတွေလည်းသိရအောင် share ပေးကြရင်းနှင့် ပိုမိုကျန်းမာတဲ့ လောကကြီးကိုအတူတူတည်ဆောက်ကြပါစို့။
ref : news
Pyae Phyoe(Buzzy.com.mm)
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations