သွက်တာဆိုတာ ဟိုကောင်တောင် ဘာမှပြန်လုပ်လိုက်ချိန်မရဘူး



အမည်မဖော်တဲ့ ကောင်လေးဟာ မိန်းကလေးငယ်တစ်ဦးကို FB ကနေ အနိုင်ကျင့်တဲ့စကားတွေ ၊ စာသားတွေနဲ့ အနိုင်ကျင့်ခဲ့ပြီးတော့ ကောင်မလေး ကျောင်းတက်တဲ့အခါကျရင်လည်း ကောင်မလေးရဲ့ မျက်နှာကိုရေနဲ့ပက်ပြီး အနိုင်ကျင့်တာမျိုးတွေကိုပြုလုပ်ပါတယ်။

နှစ်ယောက်စလုံးကတစ်ကျောင်းထဲမှာဆိုတော့ အမြဲတမ်းတွေ့တိုင်း နှိပ်စက်နေပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ သည်းခံနိုင်စွမ်းမရှိတော့တဲ့ကောင်မလေးက ပြန်လည်တိုက်ခိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဘယ်လို ပြန်ပြီး ဆုံးမခဲ့သလည်းဆိုတော့ ကျောင်းကသူငယ်ချင်းအားလုံးရဲ့ရှေ့မှာ MMA ပြိုင်ပွဲက ထိုးနည်းမျိုးစုံကိုသုံးပြီး ပြန်လည် ထိုးသွားခဲ့တာပါဘဲ။



ကျန်တဲ့ကျောင်းသားတွေကတော့ အော်တဲ့သူနဲ့ အားပေးတဲ့သူနဲ့ များပြားနေခဲ့ပါတယ်။ကောင်မလေး ထိုးကြိတ်နေတုန်း ကျောင်းကဆရာမပြေးလာပြီးတော့ ဘယ်ကမိန်းကလေးလည်း ဒီလိုလုပ်နေတာဆိုပြီးတော့ ကောင်မလေးကို ဖမ်းဖို့ပြေးလာခဲ့ပါတယ်။ဒါပေမယ့် ကောင်မလေးက အရင်ပြေးထွက်ခဲ့ပါတယ်။ဒါကြောင့်မို့လို့ ကောင်မလေးလည်း ဆရာမလက်ကလွတ်ခဲ့ရပါတယ်။

အထိုးခံရတဲ့ ကျောင်းသားကတော့ မျက်လုံးတဝိုက်ညိုမဲနေပေမယ့် ကျောင်းတော့ လာတက်နိုင်ပါသေးတယ်တဲ့။ အခုလို အထိုးခံရမျိုးကနေတဆင့် အသိတရားရပြီး နောက်ဆို မိန်းကလေးတွေကိုအနိုင်မကျင့်လောက်တော့ပါဖူးလို့ သူ့ရဲ့ သူငယ်ချင်းတွေကမျှော်လင့်နေကြပါတယ်။

source : viral

Pyae Phyoe(Buzzy.com.mm)

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations