ကြောက်တက်သူများ၊နှလုံးရောဂါရှိသူများလုံးဝမကြည့်သင့်ပါဘူး
Zawgyi Version
Unicode Version
အခုလိုအဖြစ်အပျက်ကိုတော့ Santa Fe မှာရှိတဲ့ ဆေးရုံတစ်ခုမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး CCTV မှတ်တမ်းကနေပြန်လည်တွေ့မြင်ခဲ့ရတာဘဲဖြစ်ပါတယ်။ဒါပေမယ့်လည်း မရှင်းမလင်းပုံရိပ်တွေဖြစ်နေတာကြောင့် ယုံကြတဲ့သူတွေရှိသလို မယုံကြည်ကြတဲ့သူတွေလည်းရှိပါသေးတယ်။
ဖြစ်ပုံက ဆေးရုံအတွင်းမှာရှိတဲ့ အလောင်းတင်ကုတင်တစ်ခုဟာ ရုတ်တရက် မူလရှိနေရာနေရာကနေ တခြားနေရာကို သူ့အလိုလိုု ပြောင်းရွှေ့ခဲ့တာဘဲဖြစ်ပါတယ်။အဲ့ဒီလိုပြောင်းရွှေ့ပြီးနောက်မှာလည်း နောက်ထပ်တစ်နေရာကို နောက်ထပ်တစ်ကြိမ် ထပ်မံပြောင်းရွှေ့ခဲ့ပြန်ပါတယ်။တကယ်ကို ထူးဆန်းအံ့သြစရာကောင်းလှပါတယ်။ ဘာလို့လည်းဆိုတော့ ငလျင်လှုပ်တာကြောင့်မဟုတ်ပါဘူး။ ငလျင်သာလှုပ်ခဲ့မယ်ဆိုရင် အခြားအခြားသော အရာတွေကပါ လိုက်လံ ရွှေ့စောင်းရတော့မှာဖြစ်ပါတယ်။အခုကတော့ ၄င်းကုတင်တစ်ခုထဲ ပြောင်းလဲနေတာဖြစ်ပါတယ်။ ဆေးရုံဝန်ထမ်းတချို့ကတော့ အရင်တုန်းကလည်း အခုလိုမျိုး အဖြစ်အပျက်မျိုးကို တခါတလေမှာ ကြုံရတက်ကြောင်း ပြောပြခဲ့ကြပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် လူအချို့ကတော့ ဒီဖြစ်စဉ်ကို ပုဏ္ဏကတိုက်တယ် ဟု ထင်ကြေးပေးနေကြပြီး အထိတ်တလန့်ရှိနေကြတယ်လို့ Mirror သတင်းမှာဖော်ပြထားပါတယ်။၄င်းအဖြစ်အပျက်ကို စိတ်ဝင်စားလို့ကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာ ဗီဒီယိုလေးတင်ထားပါတယ်။
source : mirror
Pyae Phyoe(Buzzy.com.mm)
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations