လွတ်မိလွတ်ရာလုပ်မိရာမှ အိမ်နီးနားချင်းရဲ့ ကင်မရာအောက် ကျားရှေ့မှောက်ရက်လဲသလိုဖြစ်ခဲ့ရ

Zawgyi Version




Unicode Version

ကြည့်ရတာတော့ကိုယ်တုံးလုံးနဲ့ သူများမယားကို ဖောက်ပြန်နေတုန်း အမျိုးသမီးရဲ့ ယောက်ကျားပြန်လာလို့ ဘာမှဝတ်ချိန်တောင်မရလိုက်ဘဲ ကိုယ်တုံးလုံးအနေအထားနဲ့ ထွက်ပြေးလာရပုံပေါက်ပါတယ်။

ကံဆိုးတာက သူပုန်းလိုက်တဲ့နေရာကမှ တကယ့်ကို မကောင်းတဲ့နေရာဖြစ်နေပါလေရော။ဘာလို့လည်းဆိုတော့ တကယ်ကို မျက်စိလျင်လျင် နှင့် အိမ်နီးနားချင်းတစ်ယောက်က တွေ့သွားပီ ကင်မရာနှင့် ဓာတ်ပုံအလျင်အမြန်ရအောင် ရိုက်လိုက်နိုင်တာကြောင့်ဖြစ်ပါတယ်။

ဗီဒီယိုထဲမှာတော့ တစ်စုံတစ်ယောက်တွေ့မှာစိုးလို့ အခန်းထဲကနေထွက်လို့ ပြတင်းပေါက်ကနေတဆင့် လမ်းမဘက်ကိုထွက်ပြေးမယ့်ပုံစံကိုတွေ့ရပါတယ်။

Zawgyi Version




Unicode Version

ရိုက်ကူးခဲ့မိတဲ့ အိမ်နီးနားချင်းကတော့ အဲ့ဒီဗီဒီယိုကို ဖေစ့်ဘုတ်ပေါ်တင်ဖို့အတွက် စိတ်ကူးရခဲ့ပြီး ကြည့်ရှု့သူ ၁ဒဿမ၃ သန်းကျော်တောင်ရှိခဲ့ပါတယ်။

အဲ့ဒီဗီဒီယိုကို ပြင်သစ်ဘာသာဖြင့် "ငါဘယ်နားသွားနေရမလည်းဟင်" ဆိုပြီး ခေါင်းစဉ်တပ်ပြီး တင်ခဲ့တာဖြစ်ပါတယ်။ကွန်မန့်ပေးသူတွေကတော့ သူများမိန်းမကို ကြာခိုတာကြောင့် အပြစ်တင်ကြတာတွေရှိကြသလို တချို့တွေကျတော့လည်း ကောင်လေးဟာ သူ့ရဲ့ ချစ်သူကောင်မလေးနဲ့ ချိန်းတွေ့နေတုန်း မိန်းကလေးရဲ့ မိဘတွေရောက်လာတာကြောင့် အခုလိုထွက်ပြေးလာတာလည်း ဖြစ်နိုင်တာဘဲ ဆိုပြီး မှတ်ချက်ပေးခဲ့ကြပါတယ်။

ကြည့်ရှု့သူလူတစ်ယောက်ရဲ့ ကွန်မန့်ကတော့ " ဒီဗီဒီယိုကိုသာ အဲ့ဒီအမျိုးသမီးရဲ့ ခင်ပွန်းသာ FB မှာရုတ်တရက်တွေ့သွားခဲ့ရင် အရင်ဆုံး စက္ကန့် ၃၀လောက်ရီမိပြီး နောက်ကျတော့ မှ သူ့အိမ်နဲ့တူမှန်းသိသွားရင် ဒေါသပုန်ထနေတော့မှာ အမှန်ပါဘဲ" ဟု မှတ်ချက်ပေးခဲ့ပါတယ်။

source : mirror

Pyae Phyoe(Buzzy.com.mm)

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations