အင်းလေ ဟုတ်လည်းဟုတ်တာဘဲ ရှုးရှုးပေါက်ဖို့ တစ်ခုထဲအတွက်မှမဟုတ်တာကြီးကို
Zawgyi Version
Unicode Version
အိန္ဒိယနိုင်ငံက အမျိုးသမီးတစ်ယောက်ဟာ သူမရဲ့ ယောက်ကျားအနေနဲ့ လိင်ဆက်ဆံဖို့ ငြင်းဆိုခဲ့တယ်ဆိုပြီးတော့ အခုလို တိုက်ခိုက်မှု့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ဒေါသတကြီးနဲ့ကို ရက်ရက်စက်စက် ဖြတ်ပစ်ခဲ့တာဖြစ်ပါတယ်။သူမဟာ ကလေးလိုချင်နေခဲ့တာဖြစ်ပေမယ့် လည်း သူမရဲ့ ယောက်ကျားကတော့ ပြီးခဲ့တဲ့ ဆယ်နှစ်တာကာလလုံးမှာ အခုလို ဆက်ဆံဖို့ကို ငြင်းဆန်နေခဲ့တာဘဲဖြစ်ပါတယ်။
အမျိုးသမီးရဲ့ နာမည်ကတော့ Rita Yadav ဖြစ်ပြီးတော့ အသက် ၂၈ ရှိပြီဖြစ်ပါတယ်။ ၃၁နှစ်အရွယ် အမျိုးသား Ved Prakash ကိုအလုပ်ကပြန်လာတိုင်း ရေမိုုးချိုး သန့်စင်လို့ စောင့်ဆိုင်းနေခဲ့တာဖြစ်ပါတယ်။ဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့နေ့မှာလည်း သူမက ရေမိုးချိုးစောင့်လို့ ယောက်ကျားဖြစ်သူ အိမ်ကိုပြန်ပြန်ရောက်ချင်း သူ့ရဲ့ ခေါင်းကို အရာတစ်ခုခုနဲ့ ထုရိုက်ခဲ့ပါတော့တယ်။ 
ပြီးတဲ့ အခါမှာတော့ သူတို့နှစ်ယောက်ရဲ့ သမိုင်းမှာ အဆိုးဆုံး ဖြစ်ရပ်တစ်ခုဖြစ်လာမယ့်အရာကို သူမပြုလုပ်ခဲ့ပါတော့တယ်။
Zawgyi Version
Unicode Version
အဲ့တာကတော့ မီးဖိုချောင်က ဓားကို ယူလို့ ယောက်ကျားဖြစ်သူရဲ့ ငယ်ပါကို ဖြတ်ပစ်ခဲ့တာဘဲဖြစ်ပါတယ်။ ပြီးတဲ့ နောက်မှာတော့ သူ့ကို ရေချိုးခန်းထဲ ပိတ်ထားခဲ့ပါတော့တယ်။ ဒီနောက်တော့ ထူးဆန်းစွာနဲ့ သူမဘာသာ ၄င်းဖြတ်ထားတဲ့ အရာဖြင့် လိင်ဆက်ဆံခဲ့ပါတယ်ဆိုပြီး Viral သတင်းဌာနမှာဖော်ပြထားပါတယ်။
ပြည်တွင်း ရဲစခန်းမှာ စစ်ဆေးခံရတဲ့ အခါမှာတော့ သူမအနေနဲ့ ယောက်ကျားဖြစ်သူဟာ လိင်ဆက်ဆံဖို့ ငြင်းဆိုနေခဲ့တာကြောင့် အခုလို ဖြတ်ပြီး ဆက်ဆံခဲ့ရတာဟာ တရားမလွန်ဘူးလို့ ပြန်လည်ချေပခဲ့ပါတယ်။ရေချိုးခန်းထဲမှာ ပိတ်ခံထားခဲ့ရတဲ့ အမျိုးသားကတော့ မိနစ်သုံးဆယ်ကြာအောင် သတိလစ်နေခဲ့ပြီး ပြန်လည် သတိရလာတဲ့ အခါ သူ့ရဲ့ သူငယ်ချင်းဖြစ်သူကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်။
သူငယ်ချင်းရောက်လာတော့မှဘဲ ဆေးရုံကို ပို့ဆောင်ပေးခဲ့တာကြောင့် ဆရာဝန်တွေရဲ့ ကုသမှု့ကိုခံယူခဲ့ရပါတယ်။ကံတရားရဲ့ ထောက်ပံ့မှု့ကြောင့် သူ့ရဲ့ အသက်ကော အရှက်ကိုပါ ကယ်တယ်လိုက်နိုင်ကြောင်း တာဝန်ကျဆရာဝန်တစ်ဦးရဲ့ ပြောပြချက်အရသိရပါတယ်။
source : viral
Pyae Phyoe(Buzzy.com.mm)
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations