ယုံချင်ယုံ မယုံချင်နေ တကယ်တည်ရှိခဲ့တဲ့ သတ္တ၀ါဆန်းတွေရဲ့အကြောင်းစုံစုံလင်လင်
ရေသူမ
ရေသူမ
ဒီမျိုးနွယ်ကိုတော့ အတော်များများ သိကြမှာဖြစ်ပါတယ်။ လူတစ်ပိုင်း ငါးတစ်ပိုင်း ခန္ဓာကိုယ်နဲ့ ရေနေသတ္တဝါ တစ်မျိုးဖြစ်ပြီး ကောင်းသောအကြောင်းအရာများနှင့် နာမည်ကျော်ကြားပေမယ့်လည်း အန္တရာယ်အဖြစ်များတဲ့ တစ်ခုပါဘဲ။ဒီရေသူမ ဇာတ်လမ်းစတင်လာခဲ့ပုံကတော့ Atargatis လို့ခေါ်တဲ့ နတ်ဘုရားမဟာဆိုရင် သူမရဲ့ ချစ်သူအသတ်ခံရတဲ့ ရေကန်ထဲကိုကုန်ချခဲ့တဲ့ နောက်ပိုင်းမှာ ပထမဦးဆုံးသော ရေသူမဇာတ်လမ်းဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့်လည်း အဲ့ဒီ နတ်ဘုရားမဟာ အလွန်တရာချောမောလှပနေတာကြောင့် ရေကန်ဟာ သူမကို မသတ်နိုင်ဘဲ ရေသူမအဖြစ်သို့ပြောင်းလဲပေးခဲ့ပါတော့တယ်။ ဒါကြောင့် ရေသူမကို ချစ်တဲ့ မြတ်နိုးတဲ့ လူတိုင်းကတော့ အဲ့ဒီရေကန်ကို တကယ်ကျေးဇူးတင်နေမိမှာအမှန်ပါဘဲ။ဘာလို့လည်းဆိုတော့ အဲ့ဒီရေကန်က အခုခေတ် လူကြီး လူငယ် ပါးစပ်ဖျားမှာရေပန်းစားနေတဲ့ ရေသူမကိုစတင်ဖန်တီးပေးနိုင်ခဲ့တဲ့ ရေကန်ဖြစ်နေလို့ပါဘဲ။
အံ့သြမင်သက်ဖွယ်ကောင်းတဲ့ ခန္ဓာကိုယ်၊ ရှည်လျားလှတဲ့ လှလှပပဆံနွယ်တွေ၊ သာယာနာပျော်ဖွယ် အသံလေးတွေနဲ့ ချစ်စဖွယ်မျက်နှာလေးတွေပိုင်ဆိုင်ထားတဲ့ ရေသူမတွေက အန္တရာယ်ပေးနိုင်ပါတယ်ဆိုရင်တောင်မှ ကျွန်တော်တို့တွေက ချစ်ခင်စုံမက်နေကြတုန်းပါဘဲ မဟုတ်လား။ရေသူမနဲ့ ပတ်သက်ပြီးတော့ တခြားတခြားသော ယုံကြည်မှု့ ပါးစပ်ရာဇဝင်လေးတွေလည်း အမြောက်အများရှိပါသေးတယ်ဆိုတာ....။
နတ်သူငယ်
နတ်သူငယ်
မွေးရာပါ သဘာဝလွန်စွမ်းအားတွေနဲ့ ရိုးရာမပျက်ထိန်းသိမ်းစောင့်ရှောက်လာခဲ့တဲ့ အမျိုးအနွယ်တွေဖြစ်ကြပြီးတော့ စွမ်းအားကြီးမားသူတွေအဖြစ်အပြင် ရုပ်ရည်ချောမောလှပသူတွေအဖြစ်လည်း သူတို့တွေကို ယုံကြည်ကြပါတယ်။လိင်ပိုင်းဆိုင်ရာ အရှုပ်အထွေးတွေနဲ့ မာယာများကိုသုံးကာ လူတွေကို ဖျားယောင်းသွေဆောင်ပြီး ဒဏ်ရာအနာတရဖြစ်အောင်ပြုလုပ်တက်ကြပါတယ်။
သူတို့ရဲ့ နားရွက်တွေကတော့ အပေါ်ဘက်ကိုထောင်တက်နေကြပါတယ်။ Tolkien လူမျိုးတွေဟာ Elvish ဘာသာစကားကို စတင်လေ့လာပြီးတော့ အဲ့ဒီ နတ်သူငယ်တွေနဲ့ စတင်စကားပြောခဲ့ကြောင်း သမိုင်းမှတ်တမ်းများမှာပါရှိပါတယ်။ပုံမှာပြထားတဲ့ မင်းသားကတော့ နတ်သူငယ်ဇာတ်ရုပ်နဲ့ အင်မတန်လိုက်ဖက်ပြီး နာမည်ကြီး ဇာတ်ကားတွေမှာ ၀င်ရောက်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Orlando Bloom ဘဲဖြစ်ပါတယ်။
ပုံပြင်ထဲကနတ်သမီး
ပုံပြင်ထဲကနတ်သမီး
ကျွန်တော်တို့ တော်တော်များများမှာ ကိုယ်ပိုင်မှော်ဆန်ဆန် စိတ်ကူးယဉ်ဇာတ်လမ်းတွေရှိတက်ကြပါတယ်။အခုမရှိတော့ရင်တောင် ငယ်ရွယ်စဉ်ကာလမှာတုန်းကတော့ ရှိခဲ့ဖူးကြပါတယ်။ပြီးတော့ Fairy နတ်သမီးလေးတွေကို လူတွေနဲ့ တူပြီး မှော်ပညာတက်ကျွမ်းတဲ့ အကောင်သေးသေးနတ်သမီးလေးတွေလို့လည်း စိတ်ကူးပုံဖော်ခဲ့ကြဖူးပါတယ်။အထူးသဖြင့်တော့ ကလေးငယ်တွေကြည့်ဖို့ ရိုက်ကူးထားတဲ့ ဇာတ်ကားတွေမှာတော့ Fairy လေးတွေဟာ မျက်စိထဲကကိုမဖျောက်နိုင်အောင် စွဲလမ်းခံခဲ့ရဖူးပါတယ်။
သူတို့တွေဆီမှာတောင်ပံလေးတွေရှိကြပြီး အမြဲတမ်းတော့ မမြင်တွေ့နိုင်ကြပါဘူး။နောက်တစ်ခုက သူတို့တွေဟာ ပုံပြောင်းပုံလွှဲလည်းလုပ်တက်ကြပါတယ်။အချို့ ဒဏ္ဍာရီလာပုံပြင်တွေမှာဆိုရင်တော့ သူတို့တွေဆီမှာ မျက်လုံး အစိမ်းတွေပိုင်ဆိုင်ထားပြီး မကြာခဏလည်း ကိုက်တက်ကြတယ်လို့ဖော်ပြပါရှိပါတယ်။ထူးခြားချက်ကတော့ သူတို့တွေဟာ လုံးဝမလိမ်တက်ပါဖူး။ဒါကြောင့်လည်း သူတို့ရဲ့ ချစ်ခြင်းမုန်းခြင်းတရားကို ချက်ချင်းသိနိုင်ပါတယ်။
သူတို့တွေအမုန်းဆုံးကတော့ " ကျေးဇူးတင်ပါတယ်" လို့ပြောတာကိုပါဘဲတဲ့။
Vampire ခေါ် သွေးစုပ်ဖုတ်ကောင်
Vampire ခေါ် သွေးစုပ်ဖုတ်ကောင်
နှစ်ထောင်ပေါင်းများစွာ နေထိုင်လာခဲ့ကြတဲ့ သတ္တဝါတွေဖြစ်ကြပြီး များသောအားဖြင့် သွေးကို စားသောက်ရင်း အသက်ရှင်သန်ကြပါတယ်။ဒီသတ္တဝါတွေကတော့ မနှစ်မြို့စရာကောင်းပြီးတော့ အန္တရာယ်ရှိတဲ့ မျိုးနွယ်တွေဘဲဖြစ်ပါတယ်။သူတို့တွေဟာ သွေးတွေကို သောက်သုံးခဲ့တာကြောင့် နီနီမြန်းမြန်း၊ ခရမ်းရင့်ရောင်အပြင် အမှောင်ဘက်သွားသော အရောင်တွေအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။သူတို့တွေရဲ့ မပိုင်ဆိုင်ထားတဲ့အရာကတော့ ညှို့ငင်ဆွဲဆောင်နိုင်ခြင်းနဲ့ ကျက်သရေမင်္ဂလာနဲ့ပြည့်စုံခြင်းတို့ဘဲဖြစ်ပါတယ်။
မှော်ဆရာ
မှော်ဆရာ
သူတို့တွေကတော့ တကယ်ကို ထူးဆန်းအံ့သြဖွယ်ကောင်းပါတယ်။သူတို့တွေရဲ့ ဂါထာတွေ၊ ကြိမ်တုတ်တံတွေနဲ့ တံမြက်စည်းပျံတွေကတော့ ကျွန်တော်တို့တွေ အကုန်လုံး လိုချင်တပ်မက်ကြတဲ့ မှော်ပညာဆိုင်ရာ ပစ္စည်းတွေပါဘဲ။ဟယ်ရီပေါ်တာဇာတ်လမ်းကလည်း အဲ့ဒီပစ္စည်းတွေကို လူကြိုက်များလာအောင် စွဲဆောင်နိုင်ခဲ့တဲ့ ဇာတ်လမ်းတစ်ခုပါဘဲ။စာရေးဆရာမ JK Rowling ကတော့ သူမရဲ့ ၀တ္ထုကမ္ဘာထဲမှာ ကလေးငယ်အတော်များများကို သိမ်းသွင်းထားနိုင်ခဲ့တာကလည်း တကယ်ကို မှော်ဆန်လွန်းပါတယ်။ဘယ်တော့မှ မပြီးဆုံးစေချင်ခဲ့တဲ့ ဇာတ်လမ်းတစ်ပုဒ်လည်းဖြစ်ခဲ့တာအမှန်တရားပါဘဲ။ဒါကြောင့် မှော်ဆရာတွေနဲ့ စုန်းတွေကို လူအတော်များများ စိတ်ဝင်စားခဲ့တယ်ဆိုတာက ကွယ်ဝှက်ထားလို့မရနိုင်ပါဘူး။
စုန်းမ
စုန်းမ
သူတို့တွေရဲ့ ဆိုးသွမ်းလှတဲ့ ရုပ်ရည်တွေကို စုန်းအတက်ပညာနှင့် ဖုံးကွယ်ရင်း ယောက်ကျားအများစုကို ဖျားယောင်းသွေးဆောင်တဲ့ မျိုးနွယ်ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများ ၊ ရုပ်ရှင် အများစုမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။
သမုဒ္ဒရာစောင့်နတ်သမီး
သမုဒ္ဒရာစောင့်နတ်သမီး
ဒဏ္ဍာရီလာ စိတ်ကူးယဉ်မျိုးနွယ်တွေဖြစ်ပြီး လှပသန့်ရှင်းသော မြစ် ၊ သစ်သား နဲ့ အခြားသော နေရာများမှာနေထိုင်တယ်လို့ ပုံဖော်ခဲ့ကြဖူးပါတယ်။ရေသူမတွေနဲ့ တူတယ်လို့ အပြောများကြသော်လည်း သူတို့တွေက အများကြီး ကွာခြားပါတယ်။ သူတို့တွေကို ယေဘူယျအားဖြင့် အလွန်မြင့်မြတ်သော စိတ်ဝိဉာဉ်များအဖြစ် သတ်မှတ်ကြပြီး သီချင်းဆိုခြင်းနှင့် ကခုန်ခြင်းတို့ကို နှစ်သက်မြတ်နိုးကြတဲ့ အပျိုစင်လှတပတလေးတွေဆိုပြီး သတ်မှတ်ထားခဲ့ကြပါတယ်။
သူတို့တွေရဲ့ မိတ်ဖော်နတ်ဘုရားအနေနဲ့ မသေဆုံးခြင်းစွမ်းအင်ကို သူတို့ကို ပေးနိုင်ပြီး အဲ့ဒီလို စွမ်းအင်မျိုးကို သူတို့ရရှိပိုင်ဆိုင်ခဲ့ပြီဆိုရင်လည်း သူတို့တွေဟာ ဘယ်တော့မှ အသက်ကြီးခြင်းကြောင့်သော်လည်းကောင်း ၊ နေမကောင်းဖျားနာခြင်းကြောင့်သော်လည်းကောင်း သေဆုံးတော့မှာမဟုတ်ပါဘူး။
တောစောင့်နတ်
တောစောင့်နတ်
ကာမစိတ်ဆန္ဒအလွန်ပြင်းထန်တဲ့ တောတောင်နဲ့ သက်ဆိုင်သောနတ်ဘုရားမျိုးနွယ်တွေဖြစ်ပြီး ဆိတ်ရဲ့ ဦးချို၊နားရွက်၊ခြေထောက် နဲ့ အမြီးတို့ပေါင်းစပ်ပါ၀င်ထားသော အမျိုးသားတွေဖြစ်ကြပါတယ်။ဆိတ်ခြေထောက်တွေပေါက်နေတဲ့ ယောက်ကျားတစ်ယောက်အကြောင်းကို အချိန်ကြာကြာမစဉ်းစားချင်ကြပေမယ့် သူတို့နဲ့ ချစ်ကြိုက်လာအောင် တေးဂီတတွေဖန်တီးမြူဆွယ်တက်တဲ့ယောက်ကျားတွေကိုကို မေ့လို့ရမှာမဟုတ်ပါဘူး.
သမန်းဝံပုလွေ
သမန်းဝံပုလွေ
ဒီစိတ်ကူးယဉ်သတ္တဝါကတော့ ပုံပြောင်းပုံလွှဲလုပ်နိုင်တဲ့ စွမ်းအင်ကိုပိုင်ဆိုင်ထားပြီးတော့ ရည်ရွယ်ချက်ကြောင့်ဖြစ်စေ ကျိန်စာဒဏ်ကြောင့်ဖြစ်စေ ပုံပြောင်းကြရပါတယ်။ဒါပေမယ့် သူတို့ရဲ့ ပုံပြောင်းပုံလွှဲခြင်းဟာ တခဏတာမျှဘဲ ရှည်ကြာပါတယ်။သူတို့တွေဟာ ၀ံပုလွေတွေရဲ့ ကျိန်စာတွေကို ခံစားနေရတဲ့အရာတွေဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
သူတို့တွေ သမန်းဝံပုလွေပုံစံကိုပြောင်းလိုက်တဲ့ အချိန်မှာတော့ သူတို့ဘယ်သူဘယ်ဝါဆိုတာကိုမေ့လျော့သွားကြပြီး သူတို့ဆီက သနားညှာတာမှု့အတွက်တစ်စုံတစ်ယောက်ကသာလျင်ရရှိနိုင်တော့တယ်လို့ရေးသားဖော်ပြဖူးပါတယ်။
စွဲမက်ဖွယ် မှော်ဆရာမ
စွဲမက်ဖွယ် မှော်ဆရာမ
ဒီဒဏ္ဍာရီလာမျိုးနွယ်ကတော့ လင်းပိုင်များ ၊ ပင်လယ်မြွေများဆိုပြီး လူသိများကြပါတယ်။သူတို့တွေကတော့ လူသားမျိုးနွယ်ပုံစံကိုပြောင်းလဲနိုင်ပါတယ်။အချိုတွေယုံကြည်ထားတာကတော့ နေ့ဘက်မှာ လင်းပိုင် ပုံစံနှင့် ညဘက်မှာ လူသားပုံစံနေထိုင်ရတယ်လို့ ယုံကြည်ထားကြပါတယ်။သူတို့တွေဟာ သန်မာတယ်။ ဖျားယောင်းသွေးဆောင်နိုင်တယ်။ ပြီးတော့ ဂီတ အကနဲ့ လိင်ပိုင်းဆိုင်ရာမှာ ပျော်မွေ့ကြပါတယ်။၄င်းမျိုးနွယ်တွေဟာ အမျိုးသမီးတွေကို သွေးဆောင်ဖြားယောင်းလို့ သူတို့ရဲ့ ရေအောက်ကမ္ဘာက နတ်ဘုံနတ်နန်းကို ခေါ်ဆောင်သွားကြကာ သူတို့မျိုးနွယ်ဖြစ်အောင်ပြောင်းလဲပေးကြပါတယ်။သူတို့တွေရဲ့ အဓိက စွမ်းရည်ကတော့ လူသားတွေကို သူတို့လိုချင်တဲ့ အတိုင်းဖြစ်လာအောင် သွေးဆောင်ဖျားယောင်းနိုင်တာဘဲဖြစ်ပါတယ်။
source : internet
Pyae Phyoe(Buzzy.com.mm)
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations