နည်းလမ်းနှစ်သွယ်နဲ့ အဖြေရှာကြမယ်


ခေါင်းစဉ်ကိုတွေ့လို့ စိတ်ဝင်စားပြီး ဖတ်မယ် လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချလိုက်ပြီဆိုရင်တော့ ပထမဦးဆုံးအနေနဲ့ စပြီး လုပ်ရမှာကတော့ ပျိုမေတွေအနေနဲ့ ကိုယ်တွေဘာစားခဲ့သလည်းဆိုတာကို သတိပြုမိဖို့ဘဲဖြစ်ပါတယ်။မှန်ကန်တဲ့ အစားအစာကိုစားသုံးပေးခြင်းဟာလည်း လေ့ကျင့်ခန်းပြုလုပ်ခြင်းလောက်ကိုဘဲ အရေးကြီးပါတယ်။

အခြေခံ အချက်များ






လေ့ကျင့်ခန်းမလုပ်ဘဲနဲ့လည်း တင်သားအလှတွေမတိုးတက်လာနိုင်ပါဘူး။ ရည်မှန်းချက်တွေအတိုင်း တင်သားတွေလှလာဖို့အတွက်ဆိုရင်တော့ အောက်က အဆင့် ၂ခုကို ပြုလုပ်ဖို့ လိုအပ်ပါတယ်။

ကစီဓာတ်ကြွယ်ဝအောင်လေ့ကျင့်ခန်းပြုလုပ်ခြင်း

လေ့ကျင့်ခန်းပြုလုပ်နေစဉ်အတွင်း ပြီးတဲ့နောက်မှာ အဟာရပြည့်ဝစွာစားသုံးခြင်း

လေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့နောက်မှာ သင့်ရဲ့ တင်ပါးကြွက်သားတွေဟာဆိုရင်ပြန်လည်ပြင်ဆင်နေတဲ့ အပိုင်းကိုရောက်ရှိနေပြီဖြစ်ပါတယ်။အချိန်မှာ တင်ပါးကိုပိုမိုလှပလာအောင် ပိုမိုကြီးထွားလာအောင်မှန်ကန်တဲ့ ပမာဏနဲ့ မှန်ကန်တဲ့ အမျိုးအစားတွေကို ရွေးချယ်စားသောက်ရပါမယ်။၀ိတ်တိုးလာအောင် စားသောက်တဲ့ပုံမျိုးနဲ့ တင်ပါးကြီးလာအောင်စားသောက်တဲ့ ပုံမျိုးနဲ့ မတူပါဘူး။

ဒီအချက်ကို သေချာနားလည်ထားရပါမယ်။ ၀ိတ်တက်ချင်တယ်ဆိုလို့ရှိရင်  အစားအသောက်ကိုပိုမိုစားသောက်ရပြီး တင်ပါးကြီးထွားချင်တယ်ဆိုရင်တော့ အစားအသောက်ကို ပုံမှန်စားသောက်ရပါတယ်။တန်ဆေးလွန်ဘေး : ဘယ်အရာမဆို လွန်ကဲတာမျိုးကမကောင်းပါဘူး။ ဒါကြောင့်မို့လို့ ပရိုတိန်း(သို့) ကာဗွန်ဟိုင်ဒရိတ် ကိုလွန်ကဲစွာ စားသုံး အသုံးပြုမိပြီဆိုရင်တော့ ကျန်းမာရေးပြဿနာတွေဖြစ်ပေါ်လာနိုင်ပါတယ်။တစ်နေ့ကို အသီးအနှံတစ်မျိုးကိုတော့ စားသုံးရပါမယ်တကယ့်တကယ် အညွှန်းထဲမှာပါတာကတော့ တစ်နေ့ကို ၃မျိုးမှ ၅မျိုးအတွင်းလို့ဆိုပေမယ့် တစ်မျိုးထဲစားလည်းအဆင်ပြေပါစေ။

အရေးကြီးတာက နေ့တိုင်းစားနေဖို့ဘဲဖြစ်ပါတယ်။

ပရိုတိန်း

ကာဗွန်ဟိုက်ဒရိတ်


ပရိုတိန်း

တကယ်ကို အခြေခိုင်တဲ့ လုပ်ရိုးလုပ်စဉ် လေ့ကျင့်ခန်းတွေကို လုပ်ဆောင်ပြီးပြီဆိုရင်တော့ လေ့ကျင့်ခန်းလုပ်လုပ်ပြီးချင်းမှာ ပရိုတိန်းပါ၀င်တဲ့ အရာကိုသောက်သုံးပေးဖို့ အတွက် အကြံပေးပါရစေ။အချို့သောပရိုတိန်းကောင်းမွန်စွာပါ၀င်တဲ့ သဘာဝအစားအသောက်တွေကတော့ တူနာငါး ၊ ဥအမျိုးမျိုး ၊ ကြက် ၊ ပဲတောင့် ၊ ပဲသီး ၊ သန့်စင်ပြီးသားထောပတ် ၊ ကျစ်ကျစ်လျစ်လျစ် ဖြစ်သော အနီရောင်အသား နှင့် ငါးအမျိုးမျိုးတို့ဘဲဖြစ်ပါတယ်။

ကာဗွန်ဟိုက်ဒရိတ်

ကာဗွန်ဟိုက်ဒရိတ်ဟာဆိုရင် ကောင်းမွန်တဲ့ ကြွက်သားတွေရရှိလာအောင်ပြုလုပ်ပေးနိုင်ပြီး ကာဗွန်ဟိုက်ဒရိတ်ပါ၀င်တဲ့ စားသောက်ကုန်တွေကတော့ ဆန်ညို ၊ ဂျုံကြမ်း ၊ စပါး ၊ ကောက်ညှင်း ၊ အာလူး တို့ဖြစ်ပါတယ်။

အဆီဓာတ်မကောင်းတဲ့ အဆီဓာတ်မျိုးတွေမဟုတ်ဘဲ ကောင်းတဲ့ အဆီဓာတ်မျိုးတွေဟာ ကောင်းမွန်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကိုပေးနိုင်ပါတယ်။ အဲ့ဒီအဆီဓာတ်တွေဟာ သင်စိတ်ကူးထားတဲ့ သင့် အိမ်မက်ထဲက ခန္ဓာကိုယ်လေးဖြစ်လာအောင်ကူညီပေးနိုင်တဲ့အပြင် ၀ိတ်ပါချပေးနိုင်ပါတယ်။ကျန်းမာတဲ့ အဆီဓာတ်တွေကိုတော့ ငါးကြီးဆီ ၊ သဘာဝ သံလွင်ဆီ ၊ မက်မွန်ဆီ ၊ သစ်ချဆီ ၊ မြေပဲဆီတို့ကနေ ရရှိနိုင်ပါတယ်။

ဟင်းသီးဟင်းရွက်


လေ့ကျင့်ခန်း


ဟင်းသီးဟင်းရွက်

ပန်းမုန်လာ ၊ ဟင်းနုနွယ် ၊ ကိုက်လန် တို့အပြင် မည့်သည့် အစိမ်းရောင်ပါသည့် အသီးအရွက်မျိုးကိုမဆို အာရုံစိုက်စားသောက်သင့်ပါတယ်။သင်စားချင်တဲ့ ပမာဏအတိုင်းစားနိုင်ပါတယ်။

လေ့ကျင့်ခန်း

လေ့ကျင်းခန်းမလုပ်ဖူးဆိုရင် ရလာဒ်ကောင်းကိုတွေ့ရမဟုတ်ဘူးဆိုတာကို သတိရပါ။ပြီးတာနဲ့ သင်ချက်ချင်း ၀လာမယ်ဆိုတာလည်း သတိရပါတယ်။

source : bs

Pyae Phyoe(Buzzy.com.mm)

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations