ဘယ်လိုအလုပ်အကိုင်တွေမျိုးလည်းဆိုတာကိုသိရှိနိုင်ဖို့အတွက်
ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ
ခရီးသွားလုပ်ငန်းလုပ်ကိုင်သူ
ဒီလိုအလုပ်ကိုလုပ်ကိုင်တဲ့ သူတွေကတော့ သူတို့ရဲ့ ခရီးစဉ်တွေမှာ customer တစ်ယောက်ချင်းစီတိုင်းကို အဆင်ပြေအောင်လို့ အကောင်းဆုံး ၀န်ဆောင်မှု့ပေးရတဲ့ လူတွေဘဲဖြစ်ပါတယ်။သူတို့တွေ့ရဲ့ လုပ်ငန်းဆောင်တာတွေမှာ များစွာသော ဖိအားတွေ၊ စိတ်ညစ်စရာတွေကို ရှိနေတက်ပါတယ်။ ဘာလို့လည်းဆိုတော့ ကိုယ့်ရဲ့ဖောက်သည် ဘာလိုအပ်သလည်း၊ ဒီလလတ်မှတ်ဘယ်လောက်ထိကုန်အောင်ရောင်းနိုင်ရမလည်း စတဲ့ အချက်တွေကြောင့် ဖိအားတွေ စိတ်ဖိစီးမှု့တွေကိုခံစားရတာဘဲဖြစ်ပါတယ်။ပိုဆိုးတာက သူတို့တွေဟာ ထိုင်နေရတဲ့ နာရီတွေများလွန်းလို့ဘဲဖြစ်ပါတယ်။
ရှေ့နေ
ရှေ့နေ
ဒီအပိုင်းမှာတော့ စိတ်ဖိစီးမှု့တွေ ဖိအားတွေဆိုတာ ထုံးထမ်းစဉ်လာလိုဖြစ်နေပါပြီ။ဒါကြောင့် အစားများများစားဖြစ်ကြပါတယ်။ ဘာလို့လည်းဆိုတော့ စိုးရိမ်ပူပန်ကြလို့ပါဘဲ။ဒီအချက်ကြောင့် ရှေ့နေအလုပ်ဟာ လူတစ်ယောက်ကို ၀ိတ်တက်လာအောင်ပြုလုပ်နိုင်တဲ့ အလုပ်တစ်ခုအဖြစ်ပါ၀င်လာခဲ့တာဘဲဖြစ်ပါတယ်။
အွန်လိုင်းမှတဆင့်အလုပ်လုပ်ကိုင်သူ
 အွန်လိုင်းမှတဆင့်အလုပ်လုပ်ကိုင်သူ
ခရီးသွားလုပ်ငန်းလုပ်တဲ့သူတွေလိုဘဲ အွန်လိုင်းပေါ်က အလုပ်သမားတွေဟာ တကယ်ကိုများစွာသောနာရီတွေကို ထိုင်နေကြရတာပါ။ထိုင်နေရင်းနဲ့ဘဲ စားရတဲ့ အချိန်တွေ ၊ လေ့ကျင့်ခန်းဖြစ်ဖြစ် အခြား ကိုယ်လက်လှုပ်ရှားမှု့ဘဲဖြစ်ဖြစ် လုပ်ဖို့ အခွင့်မသာတာကြောင့် သူတို့တွေဟာလည်း ၀လာဖို့အတွက် အခွင့်အလမ်းပိုများတဲ့သူတွေဘဲဖြစ်ပါတယ်။
ဆရာ၊ဆရာမ
ဆရာ၊ဆရာမ
ဆရာ ဆရာမလို့ပြောလိုက်တာနဲ့ သင့်ရဲ့ မျက်လုံးထဲမှာ စားပွဲခုံပေါ်မှာထိုင်နေတဲ့ လူတစ်ယောက်ကိုဘဲပြေးမြင်မိလိုက်တယ်မဟုတ်လား?စာထရှင်းရတဲ့ အချိန်လောက်မှာဘဲ မတ်တပ်ရပ်ရပြီးတော့ အခြားသောအချိန်တွေမှာ အထိုင်များနေရတာ ဆရာ၊ဆရာမတွေပါဘဲ။
စီမံခန့်ခွဲမှု့လက်ထောက်
စီမံခန့်ခွဲမှု့လက်ထောက်
အမြဲတမ်းအခြားလူတစ်ယောက်ကိုကူညီဖို့အတွက် အဆင်သင့်ဖြစ်နေရတဲ့ လူတစ်ယောက်ပါ။ဒါကြောင့်လည်း စိတ်ဖိစီးမှု့တွေများပြီးတော့ နေ့တိုင်းနေ့တိုင်းမှာ စိုးရိမ်ပူပန်နေရတဲ့ အရာတွေဖြစ်ပေါ်နေပါတယ်။သာမာန်ပုံစံအတိုင်း နေ့လည်စာကိုတောင် ကောင်းကောင်းမွန်မွန် မစားသောက်နိုင်ဘဲ ကွန်ပျုတာရှေ့မှာဘဲ ထမင်းစားလိုက်ရတဲ့နေ့တွေကို များစွာ ဖြတ်သန်းကြရပါတယ်။
ဒီဇိုင်နာ၊ ဗိသုကာပညာရှင် နှင့် အနုပညာသည်
ဒီဇိုင်နာ၊ ဗိသုကာပညာရှင် နှင့် အနုပညာသည်
ဒီအလုပ်တွေဆိုတာဟာ တကယ်ကို စိတ်နှစ်ပြီး အချိန်ပေါင်းများစွာကို ကုန်ဆုံးရတဲ့ အလုပ်တွေဘဲဖြစ်ပါတယ်။တကယ့် ကျွမ်းကျင်သူတွေဆိုရင် ဖန်တီးနိုင်စွမ်းနဲ့ စိတ်ပါ၀င်စားမှု့အတွက် အချိန်အမြောက်အမြားပေးဆပ်ခဲ့ကြတာဘဲဖြစ်ပါတယ်။သူတို့တွေမှာ စားချိန်မမှန်တာတွေနဲ့ အထိုင်များတာတွေ ၊ လှုပ်လှုပ်ရှားရှားမရှိတာတွေကြောင့် ၀လာနိုင်တာဘဲဖြစ်ပါတယ်။
သိပ္ပံပညာရှင်
သိပ္ပံပညာရှင်
ဦးနှောဏ်စွမ်းအင်နဲ့ တချိန်လုံးအလုပ်လုပ်နေရတဲ့ သူတွေဖြစ်ပြီးတော့ အသစ်အသစ်သော အရာတွေကို လေ့လာစူးစမ်းရှာဖွေနေကြတဲ့သူတွေဖြစ်ပါတယ်။ဒီလိုလူတွေဟာဆိုရင် တခါတလေမှာ ကျန်းမာရေးနှင့် ညီညွှတ်အောင် ဘယ်လိုပြုမူနေထိုင်စားသောက်ရမလည်းဆိုတာကိုမေ့နေတက်ကြပါတယ်။
ရဲ
ရဲ
တကယ်ကို စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာ ဖိစီးမှု့အများဆုံးခံရတဲ့ လူတွေပါဘဲ။သူတို့တွေအတွက် စိတ်ဖိစီးမှု့တွေအတွက် လွတ်မြောက်ရာတစ်ခုထဲသောနည်းလမ်းကတော့ စားတာဘဲဖြစ်ပါတယ်။
မားကတ်တင်း
 မားကတ်တင်း
အချိန်ဇယား သတ်သတ်မှတ်မှတ် ထားဖို့မလွယ်ကူတဲ့ အလုပ်တစ်ခုဖြစ်တာကြောင့် ဘယ်အချိန် ထမင်းစားချိန်ရမလည်းဆိုတာကို ရှာဖွေရခက်ပါတယ်။အလုပ်ချိန် သတ်မှတ်စွာမရှိပေမယ့် တက်ရောက်ရတဲ့ ပွဲတွေများပြားတာကြောင့် အစားအသောက်တွေကို အဲ့အချိန်တွေမှာ မရွေးချယ်တော့ဘဲ စားပစ်တက်ကြပါတယ်။ဒါကြောင့်လည်း စားချိန်ပုံမှန်မရှိတာကြောင့် ၀ိတ်ကိုတက်လာစေနိုင်တဲ့ အလုပ်အကိုင်စာရင်းထဲမှာ ပါလာတာဖြစ်ပါတယ်။
IT ပညာရှင်
 IT ပညာရှင်
ဒီနယ်ပယ်ကတော့ သိပ္ပံပညာနှင့် တီထွင်ကြံဆမှု့တို့ပေါင်းစပ်ထားတဲ့ နယ်ပယ်ဘဲဖြစ်ပါတယ်။ကွန်ပျူတာတွေရဲ့ ရှေ့မှာ စိတ်ဖိစီးမှု့ပေါင်းများစွာနဲ့ အချိန်တော်တော်များများကို ကုန်ဆုံးခဲ့ရသူတွေပါ။သူတို့တွေဟာ များသောအားဖြင့် နောက်ကျတဲ့အထိအလုပ်လုပ်တက်ကြပြီးတော့ အိပ်ယာဝင်ခါနီးမှ စားသောက်တဲ့ အကျင့်တွေလည်း ရှိနေတာတွေက သူတို့တွေကို ၀ိတ်တက်လာစေပါတယ်။
Zawgyi Version
Unicode Version
ဒီလိုအလုပ်တွေကတကယ်ဘဲဝိတ်တက်လာစေတာလား?
မိမိကိုယ်တိုင်ကလည်း ရှောင်လွှဲလို့မရလောက်အောင် ဒီအလုပ်တွေကိုလုပ်ကိုင်နေသူတစ်ယောက်ဖြစ်နေပြီ/အဲ့တာဆို ဘယ်လိုလုပ်ရင် ၀ိတ်မတက်ဘူးလည်း?
နံပါတ်တစ်အချက်အနေနဲ့ အထိုင်များတဲ့ အလုပ်လုပ်နေသူဆိုရင် မကြာခဏ လမ်းထွက်လျှောက်ပေးပါ။ဓာတ်လှေကားတွေအစား ရိုးရိုးလှေကားကိုသုံးပါ။နေ့လည်နေ့ခင်း ရုံးမှာ မုန့်စုစားကြတဲ့ အခါ သူများတကာကို ၀ယ်ခိုင်းတာမျိုးမလုပ်ဘဲ ကိုယ်ကိုတိုင် သွားဝယ်လိုက်ပါ။
နံပါတ်နှစ် အချက် စားချိန်ကိုသတ်သတ်မှတ်မှတ်ထားပါ။ကျန်းမာစေပြီးတော့ အဆီမများတဲ့ အရာတွေစားပါ။ရွေးချယ်စားသောက်ပါ။
နံပါတ်သုံး အချက်ကတော့ ရေများများသောက်ပါ။သင့်ရဲ့ အနီးဆုံးမှာ ရေတစ်ပုလင်းတော့ ရှိပါစေ။
နံပါတ်လေးအချက် ကော်ဖီတွေအစား တခြားကျန်းမာရေး ကောင်းတဲ့ သောက်စရာတွေကိုသောက်ပေးပါ။
နောက်ဆုံးတစ်ချက်ကတော့ စိတ်ဖိစီးမှု့တွေ ကနေ ကင်းနိုင်သလောက်ကင်းအောင်နေပါ။သာယာငြိမ့်ငြောင်းတဲ့ သီချင်းတွေနဲ့ အသက် ခပ်ပြင်းပြင်းရှုတဲ့ ပုံစံမျိုး အလေ့အကျင့်တွေကိုပြုလုပ်ပေးပါ လို့အကြံပြုလိုက်ပါတယ်။
ref : bs
Pyae Phyoe(Buzzy.com.mm)
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations