ကိုယ်ကိုတိုင်နံပါတ် ဘယ်လောက်ထဲပါမလည်းဆိုတာကို ကြည့်လိုက်ကြရအောင်လား
မြောက်များလှစွာသော selfie ပုံတွေ(မှန်ရှေ့မှာ၊ ဓာတ်လှေကားထဲမှာ အစရှိသဖြင့်)
 မြောက်များလှစွာသော selfie ပုံတွေ(မှန်ရှေ့မှာ၊ ဓာတ်လှေကားထဲမှာ အစရှိသဖြင့်)
အကောင့်တစ်ခုထဲမှာကို selfie ပုံတွေအများကြီးတင်ထားခြင်းဟာ အခြားသူတွေရဲ့ သဘောကျခြင်း၊ အသိအမှတ်ပြုခံခြင်းတို့ကို လိုအပ်တယ်ဆိုတာကို ဖွင့်ဟပြောသလိုပါဘဲ။
Sexy Selfies
Sexy Selfies
ဘဲမျက်နှာပုံစံနှင့် ဆွဲဆောင်မှု့ရှိတဲ့ ခန္ဓာကိုယ်ကိုပြသထားတဲ့ပုံတွေတင်ထားမယ်ဆိုရင်တော့ "လွတ်မြောက်နေသော အရွယ်ရောက်သူတစ်ယောက်ဖြစ်ကြောင်း" ကိုပြောပြချင်နေတဲ့ စိတ်အပြည့်ရှိတဲ့လူဘဲဖြစ်ပါတယ်။
စုံတွဲပုံတွေ
စုံတွဲပုံတွေ
ဒီလိုပုံတွေကတော့ သင့်ရဲ့ အချစ်ရေးအချစ်ရာကို သိသာထင်ရှားစေနိုင်တဲ့ပုံတွေဖြစ်ပြီးတော့ သင်တို့ရဲ့ ခရီးလမ်းဟာ တောင့်တင်းခိုင်မာနေပြီးတော့ အချိန်အတော်ကြာနေပြီဆိုတာကို သက်သေပြတဲ့သဘောပါဘဲ။ပုံတွေကပြောနေတဲ့ စကားလုံးတွေကတော့ "ငါဟာတစ်ယောက်ထဲမဟုတ်ဘူး။ ငါ့မှာ အချစ်ရှိတယ်။ ငါ့မှာ ခံစားမှု့တွေလိုအပ်တယ်။ ခံစားမှု့တွေလည်း ရထားတယ်" ဆိုတဲ့ အချက်တွေကိုပြောပြနေပါတယ်။
အဖွဲ့လိုက်ပုံတွေ
အဖွဲ့လိုက်ပုံတွေ
တကယ်လို့ အကောင့်ထဲက ဓာတ်ပုံတော်တော်များများက အသင်းအဖွဲ့လိုက် ရိုက်ထားတဲ့ပုံတွေများနေပြီဆိုရင်တော့ သင်ဟာ သင့်ရဲ့ သူငယ်ချင်းတွေနဲ့သာဆိုရင်ဘယ်လောက်တောင် ပျော်နေပါတယ်ဆိုတာကို ပြောပြနေသလိုပါဘဲ။အဲဒီပုံတွေကနေမှတဆင့် သင့်ရဲ့ စိတ်အတွင်းပိုင်းမှာ အထီးကျန်ဆန်နေတာတွေနှင့် ဘာမှမရှိတာတွေကိုလည်း မြင်တွေ့နိုင်သလို ဓာတ်ပုံထဲမှာပါတဲ့ အဖွဲ့နှင့်ပေါင်းသင်းရတာကို ဂုဏ်ယူမြှောက်ပင့်နေသလိုသဘောလည်းရပါတယ်။
အပိုင်းနှစ်ပိုင်းရှိပါတယ်။ တကယ်လို့များ သင်ဟာ သင့်ရဲ့ ငယ်ဘဝပုံတွေကို သင့်ရဲ့ profile အဖြစ်တင်ထားမယ်ဆိုရင်တော့ သင်ဟာ အခုလို အရွယ်ရောက်နေတဲ့ ဘဝမှာ ပင်ပန်းနေပြီဆိုတဲ့ သဘောသက်ရောက်ပါတယ်။မိသားစုအရေး တာဝန်ယူမှု့အပိုင်းတွေနှင့် ချေးထားမိတဲ့ အကြွေးတွေ အစရှိသဖြင့်ပေါ့။ကလေးဘဝကိုပြန်သွားချင်နေတဲ့ စိတ်တွေပုန်းအောင်းနေပြီးတော့ ဂရုစိုက်မှု့ကိုလည်း ခံချင်နေသူဖြစ်ပါတယ်။ငိုချင်လာတိုင်း ပုခုံးပေးမယ့် လူကိုလည်း မျှော်လင့်နေမိတာအမှန်ပါဘဲ။နောက်တစ်ပိုင်းကတော့ အခြားကလေးပုံတွေ(သို့) ကလေးတွေနှင့်ရိုက်ထားတဲ့ပုံတွေတင်ထားတယ် share ထားတယ်ဆိုရင်တော့ သင်ဟာ ကလေးလိုချင်နေသူတစ်ယောက်၊ ကလေးအမေတစ်ယောက်၊ ကလေးအဖေတစ်ယောက်ဆိုဖြစ်ပြီးတော့ ဒီအချက်ကိုလည်းဘဝကပေးတဲ့ ဆုလာဒ်တစ်ခုလို ခံယူနေသူဖြစ်ပါတယ်။
တိရစ္ဆာန်လေးတွေနှင့်ရိုက်တဲ့ပုံတွေ(သို့) တိရစ္ဆာန်လေးတွေရဲ့ပုံ
တိရစ္ဆာန်လေးတွေနှင့်ရိုက်တဲ့ပုံတွေ(သို့) တိရစ္ဆာန်လေးတွေရဲ့ပုံ
ဓာတ်ပုံဆရာတစ်ယောက်ရဲ့ wall မှာ တိရစ္ဆာန်ပုံတွေတင်ထားတာဟာ မထူးဆန်းပေမယ့် သာမာန်လူတစ်ယောက်က သူ့ရဲ့ profile မှာ ကျားသစ်တစ်ကောင်ပုံတင်ထားတယ်ဆိုရင်တော့ သူဟာ ထင်ရှားပြီ သန်မာနေချင်တဲ့ လူတစ်ယောက်ဘဲဖြစ်ပါတယ်။အမျိုးသမီးတစ်ယောက်ဟာ ချစ်စရာကောင်းတဲ့ ယုန်လေးတွေ ခွေးလေးတွေ ကြောင်လေးတွေ အစရှိတဲ့ ပုံတွေကို တင်ထားပြီဆိုရင်တော့ အကောင့်ပိုင်ရှင်ရဲ့ စိတ်ကူးယဉ်ဆန်မှု့တွေ ၊ မရင့်ကျက်မှု့တွေကိုဖော်ပြနေတာဘဲဖြစ်ပါတယ်။
သဘာဝရှု့ခင်းပုံတွေ
သဘာဝရှု့ခင်းပုံတွေ
အပေါ်မှာပြောခဲ့သလိုဘဲ ဓာတ်ပုံဆရာတစ်ယောက်မဟုတ်ဘဲ သင့်ရဲ့ အကောင့်ထဲမှာ သဘာဝနှင့် ဆိုင်တဲ့ ပုံတွေများနေပြီဆိုရင်တော့ အဲ့ဒီ အရာဟာ ဘဝရဲ့ စိတ်ကျေနပ်မှု့တွေကိုဖော်ပြနေတာဘဲဖြစ်ပါတယ်။သင့်ရဲ့ ဘဝဟာအောင်မြင်ပြီးတော့ တန်ဖိုးထားနေသူတစ်ယောက်ဖြစ်ပါတယ်။ နေ့စဉ်လှုပ်ရှားနေမှု့မှာ မောပန်းနွမ်းလျနေသူဖြစ်ပြီး သဘာဝတရားရဲ့ အေးချမ်းမှု့ ဆိတ်ငြိမ်မှု့တွေကို လိုအပ်နေသူတစ်ယောက်ဖြစ်တယ်လို့လည်း ယူဆလို့ရပါတယ်။
ခရီးသွားခဲ့တဲ့ပုံတွေ
ခရီးသွားခဲ့တဲ့ပုံတွေ
တချို့လူတွေအတွက်တော့ ဒီလိုပုံတွေဟာ သူတို့တွေရဲ့ လူနေမှု့အဆင့်အတန်းကို အလေးထားနေသူတွေဖြစ်တာကြောင့် တင်ခဲ့တာဖြစ်ပါတယ်။ဘယ်လိုနေရာမှာ ဘယ်လိုပုံမျိုးနှင့် သွားပြီး အနားယူခဲ့သလည်းဆိုတာ ကြည့်လိုက်ကြပါ ဆိုပြီး ပြောနေသလိုပါဘဲ။အခြားလူတွေအတွက်ကတော့ ခရီးထွက်ရင်းရရှိလာတဲ့ အတွေ့အကြုံတွေ၊ ခံစားချက်တွေကို ဝေမျှပေးခြင်တဲ့ စိတ်တွေပါပါတယ်။
ဓာတ်ပုံနောက်ခံက ဈေးကြီးပြီး တန်ဖိုးရှိတဲ့ အရာတွေဖြစ်နေမယ်ဆိုရင်
ဓာတ်ပုံနောက်ခံက ဈေးကြီးပြီး တန်ဖိုးရှိတဲ့ အရာတွေဖြစ်နေမယ်ဆိုရင်
ဒါကတော့ သင့်ရဲ့အောင်မြင်မှု့ကိုပြချင်တာဘဲဖြစ်ပါတယ်။(သူများကားရှေ့သွားရပ်ပြီး ရိုက်တာမျိုးကိုပြောတာမဟုတ်)
သင့်ရဲ့ ရီရတဲ့ပုံတွေ
သင့်ရဲ့ ရီရတဲ့ပုံတွေ
ဒီပုံတွေအများကြီးတင်ထားတဲ့ သူတွေကတော့ ကိုယ်ကိုကိုယ်ယုံကြည်မှု့ရှိတဲ့ သူတွေဖြစ်ပြီးတော့ သင်သာ မိန်းကလေးဖြစ်မယ်ဆိုရင်တော့ သင်ဟာ ရဲစွမ်းသတ္တိနှင့်ပြည့်စုံတဲ့ သူတစ်ယောက်ဘဲဖြစ်ပါတယ်။ဒါမှမဟုတ်ရင်လည်း သင့်ရဲ့ ပြသနာတွေကို ဖုံးကွယ်ဖို့အတွက် ရီနေရတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
အလုပ်မှာ ရိုက်တဲ့ပုံတွေများနေရင်တော့
အလုပ်မှာ ရိုက်တဲ့ပုံတွေများနေရင်တော့
ရုံးခန်းတွေ အလုပ်တွေမှာ ရိုက်ထားတဲ့ပုံတွေ တင်တာများနေပြီဆိုရင်တော့ ဒီလိုလူတွေအတွက် လူမှု့ပတ်ဝန်းကျင်နှင့် ကျွမ်းကျင်တဲ့ဘဝတွေဟာ တကယ်ကိုအရေးပါနေပြီဖြစ်ပါတယ်။သူတို့တွေဟာ ရည်မှန်းချက်တွေလည်းကြီးမားကြတဲ့သူတွေဖြစ်ပါတယ်။
ref : bs
Pyae Phyoe(Buzzy.com.mm)
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations