တရုတ္သိုင္းေလာက ထိပ္ေခါင္ေတြကုိ ေရြးခ်ယ္စိန္ေခၚ

Zawgyi Version

Xu Xiaodongလို႔ေခၚတဲ႔ MMA တိုက္ခိုက္ေရးသမားတစ္ေယာက္ဟာ ျပည္တြင္းမွာရွိတဲ႔ ရိုးရာတရုတ္သိုင္းဆရာတစ္ေယာက္ႏွင္႔ ျပီးခဲ႔တဲ႔ အပတ္က စိန္ေခၚတိုက္ခိုက္ခဲ႔ျပီး အံ႔ၾသသင္႔စရာေကာင္းေသာ အေနအထားအျဖစ္နဲ႔ ၁၀ စကၠန္႔အတြင္း အႏိုင္ရရွိခဲ႔ပါတယ္။သူအႏိုင္ရရွိခဲ႔တဲ႔ တရုတ္သိုင္းပညာရွင္ကေတာ႔ စီခြ်မ္ျပည္နယ္ ခ်န္ဒူးမွာေနထိုင္တဲ႔ Wei Lei ဆိုသူဘဲျဖစ္ပါတယ္။Wei အေနႏွင္႔က ပံုမွန္ႏွင္႔ အေႏွး ပံုစံ ထိုက္က်ိ (Yang) ကုိေလ႔က်င္႔ထားခဲ႔တာပါ။

အသက္ ၃၈ႏွစ္အရြယ္ရွိျပီျဖစ္တဲ႔ အႏိုင္ရရွိသူ MMA တိုက္ခိုက္ေရးသမားဟာ ရိုးုရာသိုင္းပညာဟာ ေခတ္ကုန္ေနျပီျဖစ္ေၾကာင္း အခုေခတ္အေနအထားႏွင္႔ တြက္ၾကည္႔မယ္ဆိုလို႔ရွိရင္ ခႏၶာကုိယ္ထိန္းသိမ္းဖုိ႔ တစ္ခုအတြက္သာေကာင္းမြန္ေတာ႔တာျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာခဲ႔ပါတယ္။၎အျပင္ သူကဘဲ လြတ္လြတ္လပ္လပ္ ထုိးရတဲ႕ ေဘာက္ဆင္လိုအားကစားမ်ိဳးကသာ တကယ္႔ တိုက္ခိုက္မႈ႕ေတြမွာ ပိုျပီး အသံုး၀င္တာျဖစ္ေၾကာင္းလည္း ထပ္မံေျပာခဲ႔ပါတယ္။အဲ႔ဒီေနာက္မွာေတာ႔ သူရဲ႕ ယံုၾကည္ခ်က္ကုိ သက္ေသျပႏိုင္ဖို႔အတြက္ ထိုက္က်ိဆရာတစ္ေယာက္ကုိ လံုး၀ ျပန္မတြန္းလွန္ႏိုင္တဲ႔ အထိ ထိုးျပခဲ႔ပါေတာ႔တယ္။

Unicode Version

Xu Xiaodongလို့ခေါ်တဲ့ MMA တိုက်ခိုက်ရေးသမားတစ်ယောက်ဟာ ပြည်တွင်းမှာရှိတဲ့ ရိုးရာတရုတ်သိုင်းဆရာတစ်ယောက်နှင့် ပြီးခဲ့တဲ့ အပတ်က စိန်ခေါ်တိုက်ခိုက်ခဲ့ပြီး အံ့သြသင့်စရာကောင်းသော အနေအထားအဖြစ်နဲ့ ၁၀ စက္ကန့်အတွင်း အနိုင်ရရှိခဲ့ပါတယ်။သူအနိုင်ရရှိခဲ့တဲ့ တရုတ်သိုင်းပညာရှင်ကတော့ စီချွမ်ပြည်နယ် ချန်ဒူးမှာနေထိုင်တဲ့ Wei Lei ဆိုသူဘဲဖြစ်ပါတယ်။Wei အနေနှင့်က ပုံမှန်နှင့် အနှေး ပုံစံ ထိုက်ကျိ (Yang) ကိုလေ့ကျင့်ထားခဲ့တာပါ။

အသက် ၃၈နှစ်အရွယ်ရှိပြီဖြစ်တဲ့ အနိုင်ရရှိသူ MMA တိုက်ခိုက်ရေးသမားဟာ ရိုးုရာသိုင်းပညာဟာ ခေတ်ကုန်နေပြီဖြစ်ကြောင်း အခုခေတ်အနေအထားနှင့် တွက်ကြည့်မယ်ဆိုလို့ရှိရင် ခန္ဓာကိုယ်ထိန်းသိမ်းဖို့ တစ်ခုအတွက်သာကောင်းမွန်တော့တာဖြစ်ကြောင်း ထုတ်ဖော်ပြောခဲ့ပါတယ်။၎င်းအပြင် သူကဘဲ လွတ်လွတ်လပ်လပ် ထိုးရတဲ့ ဘောက်ဆင်လိုအားကစားမျိုးကသာ တကယ့် တိုက်ခိုက်မှု့တွေမှာ ပိုပြီး အသုံးဝင်တာဖြစ်ကြောင်းလည်း ထပ်မံပြောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ သူရဲ့ ယုံကြည်ချက်ကို သက်သေပြနိုင်ဖို့အတွက် ထိုက်ကျိဆရာတစ်ယောက်ကို လုံးဝ ပြန်မတွန်းလှန်နိုင်တဲ့ အထိ ထိုးပြခဲ့ပါတော့တယ်။

Zawgyi Version

အခုလို တဖတ္ေစာင္းနင္းျဖစ္ခဲ႔ရတဲ႔ တိုက္ခိုက္ပြဲေၾကာင္႔ တရုတ္ျပည္သူအမ်ားၾကားမွာ တရုတ္ရိုးရာ သုိင္းပညာဟာ တကယ္ကုိဘဲ ေခတ္ေပၚတိုက္ခိုက္ေရးသိုင္းပညာထက္ အဆင္႔နိမ္႔ေနသလားဆိုတဲ႔ ေမးခြန္းေတြေပၚလာခဲ႔ပါေတာ႔တယ္။အင္တာနက္သံုးစြဲသူေတြကေတာ႔ Xu အေပၚကုိ ေ၀ဖန္ရႈံ႕ခ်ေနသူေတြရွိျပီး ေမာက္မာသူတစ္ေယာက္ျဖစ္ေၾကာင္း မိမိတို႔ရဲ႕ ရိုးရာ သိုင္းပညာကုိ ေစာ္ကားတာေၾကာင္႔ ေဒါသ၀ိုင္းထြက္ခဲ႔ၾကပါတယ္။

ဘယ္လိုေတြဘဲျဖစ္ျဖစ္ Xu ကေတာ႔ သူ႕ရဲ႕ ယံုၾကည္မႈ႕ကုိ သက္ေသ ထပ္ျပႏိုင္ဖို႔အတြက္ အျခားေသာ သိုင္းပညာရွင္ေတြကုိ ထပ္မံစိန္ေခၚခဲ႔ျပန္ပါတယ္။စိန္ေခၚတဲ႔ေနရာမွာလည္း သံုးေယာက္တစ္ေယာက္ဘဲျဖစ္ျဖစ္ ေလးေယာက္တစ္ေယာက္ဘဲျဖစ္ျဖစ္ သူ႔အေနႏွင္႔ တိုက္ခိုက္ႏိုင္ေၾကာင္း၊ ထိုကိစၥႏွင္႔ ပတ္သက္ျပီး ေၾကာက္ရြံ႕ထိတ္လန္႔ စိတ္လံုး၀မရွိေၾကာင္း ကုိလည္း ထပ္မံေျပာျပခဲ႔ေၾကာင္း တရုတ္သတင္းဌာနမ်ားမွာေဖာ္ျပပါရွိပါတယ္။

Unicode Version

အခုလို တဖတ်စောင်းနင်းဖြစ်ခဲ့ရတဲ့ တိုက်ခိုက်ပွဲကြောင့် တရုတ်ပြည်သူအများကြားမှာ တရုတ်ရိုးရာ သိုင်းပညာဟာ တကယ်ကိုဘဲ ခေတ်ပေါ်တိုက်ခိုက်ရေးသိုင်းပညာထက် အဆင့်နိမ့်နေသလားဆိုတဲ့ မေးခွန်းတွေပေါ်လာခဲ့ပါတော့တယ်။အင်တာနက်သုံးစွဲသူတွေကတော့ Xu အပေါ်ကို ဝေဖန်ရှုံ့ချနေသူတွေရှိပြီး မောက်မာသူတစ်ယောက်ဖြစ်ကြောင်း မိမိတို့ရဲ့ ရိုးရာ သိုင်းပညာကို စော်ကားတာကြောင့် ဒေါသဝိုင်းထွက်ခဲ့ကြပါတယ်။

ဘယ်လိုတွေဘဲဖြစ်ဖြစ် Xu ကတော့ သူ့ရဲ့ ယုံကြည်မှု့ကို သက်သေ ထပ်ပြနိုင်ဖို့အတွက် အခြားသော သိုင်းပညာရှင်တွေကို ထပ်မံစိန်ခေါ်ခဲ့ပြန်ပါတယ်။စိန်ခေါ်တဲ့နေရာမှာလည်း သုံးယောက်တစ်ယောက်ဘဲဖြစ်ဖြစ် လေးယောက်တစ်ယောက်ဘဲဖြစ်ဖြစ် သူ့အနေနှင့် တိုက်ခိုက်နိုင်ကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး ကြောက်ရွံ့ထိတ်လန့် စိတ်လုံးဝမရှိကြောင်း ကိုလည်း ထပ်မံပြောပြခဲ့ကြောင်း တရုတ်သတင်းဌာနများမှာဖော်ပြပါရှိပါတယ်။

source : ns

Pyae Phyoe(Buzzy.com.mm)

ထိုင္က်ိသိုင္းပညာရွင္ ႏွင္႔ MMA Fighter တို႔ယွဥ္ျပိဳႈ္င္တိုက္ခိုက္ခဲ႔ေသာ ဗီဒီယိုဖိုင္

Buzzy Team မွ စီစဥ္တင္ဆက္ေသာ buzzy.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Facebook Conversations