ပတ်ဝန်းကျင်မှာ အလွယ်တကူရနိုင်တဲ့ ပစ္စည်းတွေက ပိုပြီးတော့အကျိုးသက်ရောက်တယ်ဆိုတာ...
ရှောက်ရည်နှင့် အုန်းနို့
အုန်းသီးကိုကြိတ်ပါ။ အုန်းနို့မှာက ဆံပင်ကိုဖြောင့်စင်းစေနိုင်တဲ့ အစွမ်းသတ္တိတွေပါ၀င်တာကြောင့် အုန်းနို့ကိုထည့်သွင်းရခြင်းဖြစ်ပါတယ်။ဒါပေမယ့် ရှောက်ရည်ကိုသာ ထပ်ထည့်လိုက်မယ်ဆိုရင်တော့ ပိုပြီးတော့ ကောင်းမွန်တဲ့ ရလာဒ်ကိုပိုင်ဆိုင်နိုင်မှာဘဲဖြစ်ပါတယ်။အဲ့ဒီနှစ်ခုကိုရောပြီးတော့ အေးအောင်ပြုလုပ်လိုက်ပါ။ နာရီအနည်းငယ်ကြာတဲ့အခါမှာတော့ ကရမ်င် လိုအနှစ်တွေ အပေါ်ကိုတက်လာပါလိမ့်မယ်။အဲ့ဒီ ကရမ်င်တွေကို သင့်ရဲ့ ဆံပင်ပေါ်ကို သုတ်လိမ်းပေးပြီးတော့ မျက်နှာသုတ်ပုဝါလိုအရာမျိုးကို အပူပေးပြီး အုပ်ထားလိုက်ပါ။
အနည်းဆုံးတစ်နာရီလောက်အထိထားပေးပါ။ပြီးတဲ့အခါမှာတော့ ကောင်းမွန်တဲ့ခေါင်းလျှော်ရည် တမျိုးမျိုးနှင့် လျှော်ချပစ်ပြီးတော့ ခြောက်သွေ့အောင်ထားလိုက်ပါ။သင့်ရဲ့ ဆံပင်တွေ ပျော့ပျောင်းနူးညံ့ပြီးတော့ လိပ်တွန့်တက်နေတဲ့ ဆံပင်တွေတောင် ပြေလျော့ကျဆင်းနေတာကိုတွေ့ရမှာဘဲဖြစ်ပါတယ်။
ပုံမှန် ဆီဖြင့် ပြုပြင်ခြင်း
တော်တော်များများကတော့ သူတို့ရဲ့ ဆံပင်ကို အာဟာရဖြစ်အောင် ပြုစုစောင့်ရှောက်သင့်တယ်ဆိုတာကိုမသိကြပါဘူး။ပုံမှန် အနေအထားရှိတဲ့ ဆီနှင့် ဆံပင်ကိုပြုပြင်တာကလည်း ဖြောင့်စင်းလာစေပြီးတော့ ချောမွတ်တောင်ပြောင်လာစေပါတယ်။အုန်းဆီကို သံလွင်ဆီနှင့်ရောလိမ်းပါ။ လိမ်းနေစဉ်အတွင်းမှာလည်း ဆံပင်ကို နှိပ်နယ်ပေးပါ။အပူပေးထားတဲ့ မျက်နှာသုတ်ပုဝါကို ခေါင်းမှာ ပတ်ထားပါ။ ၄၅မိနစ်လောက်အထိ ထားပြီးတဲ့နောက်မှာတော့ ခေါင်းလျှော်ရည်နှင့် လျှော်ချလိုက်ယုံပါဘဲ။
သဘာဝပျော့ဆေး
သဘာဝပျော့ဆေး
ဆံပင်ပျော့ဆေးကို ပုံမှန်သုံးတာဟာလည်း ဆံပင်ကို အထောက်အကူဖြစ်စေပါတယ်။ဒါကြောင့် သဘာဝပျော့ဆေးအနေနဲ့ လက်ဖက်ခြောက်အရည်ကို ဆံပင်တွေဖြောင့်စင်းသွားဖို့အတွက် ပျော့ဆေးအနေနဲ့ သုံးလို့ရပါတယ်။
နို့
နို့
နို့က တကယ်ကိုအသုံးဝင်ပါတယ်။ သင့်ရဲ့ ဆံပင်ကို ကောင်းမွန်ဆုံး ပြုစုပေးနိုင်တဲ့ အရာဘဲဖြစ်ပါတယ်။စပရေးဖြန်းတဲ့ဗူးထဲကို နို့တွေလောင်းထည့်ပြီးတော့ ဆံပင်အနှံ့ကို စပရေးဖြန်းသလိုလိုက်ဖြန်းပေးပါ။တစ်နာရီခွဲလောက် ကြာအောင်စောင့်ပေးလိုက်ပါ။ဆံပင်တွေ နို့တွေကို စုပ်ယူနိုင်အောင်ဘဲဖြစ်ပါတယ်။ပြီးတဲ့အခါမှာတော့ သင့်ဆံပင်ရဲ့ အနေအထားအသစ်ကို ကြည့်နိုင်ဖို့အတွက် ခေါင်းလျှော်ချလိုက်ပါတော့။
နို့နှင့် ပျားရည်
နို့နှင့် ပျားရည်
နို့နှင့် ပျားရည်ကိုရောလိုက်ပါ။ပိုကောင်းပြီး ထိရောက်တဲ့ ရလာဒ်ရလာစေဖို့အတွက် စတော်ဘယ်ရီသီး(သို့)ဌက်ပျောသီးကို ခြေပြီးတော့ အရောထဲကိုထည့်လိုက်ပါ။ဆံပင်ကို လိမ်းလိုက်ပါ။ ခြောက်တဲ့အထိထားပြီးတော့ လျှော်ချလိုက်ပြီဆိုရင် အရင်ကထက်ပိုမိုကောင်းမွန်တဲ့ သင့်ရဲ့ ဆံသားတွေကို တွေ့ရမှာဘဲဖြစ်ပါတယ်။
သံလွင်ဆီနှင့် ဥ
သံလွင်ဆီနှင့် ဥ
နှစ်ခုစလုံးကတော့ ဆံပင်နှင့် ပတ်သက်တဲ့ နေရာမှာ နာမည်ကြီးတွေပါဘဲ။ဒါပေမယ့် သူတို့နှစ်ခုသာပေါင်းလိုက်ရင် တကယ်ကို အံ့ဩစရာကောင်းတဲ့ အဖြေထွက်လာတယ်ဆိုတာကတော့ လူသိနည်းပါတယ်။ကြက်ဥ(သို့) ဘဲဥနှစ်လုံးကို ခွဲပြီးတော့ ပမာဏတူညီတဲ့ သံလွင်ဆီထဲကိုထည့်လိုက်ပါ။ရောမွှေပြီးတော့ ဆံပင်ကိုသုတ်လိမ်းထားလိုက်ပါ။ တစ်နာရီလောက်အနည်းဆုံးကြာအောင်ထားပြီးတော့ အရည်အသွေးကောင်းမွန်တဲ့ ခေါင်းလျှော်ရည်နှင့် လျှော်ချလိုက်ပါ။စိတ်ကျေနပ်တဲ့ ရလာဒ်ကိုရဖို့အတွက် အာမခံပါတယ်။
REF : STYLE
Pyae Phyoe(Buzzy.com.mm)
Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Facebook Conversations