သူမနှင့် ချစ်သူကောင်လေးတို့ ပျော်မြူးနေကြတဲ့ ပုံတွေ Instagram မှာ ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာ

Zawgyi Version



Unicode Version

သူမနှင့် ဖီလီပိုင်နိုင်ငံက ခပ်ချောချော စာဖိုမှုးတစ်ယောက် တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေ အွန်လိုင်းမှာ ပြန့်နှံ့နေခဲ့တာဘဲဖြစ်ပါတယ်။အခုလို ချစ်သူရည်းစားရရှိထားတယ် ဆိုတဲ့ အပေါ်ကိုတော့ တရားဝင်ပြောပြထားခြင်းမျိုးတော့မရှိသေးပါဘူး။

ဒါပေမယ့် သူတို့အသုံးပြုနေတဲ့ လူမှု့ကွန်ရက်စာမျက်နှာတွေမှာတော့ နှစ်ယောက်တွဲ ဓာတ်ပုံတွေဟာ မှိုလိုပေါက်လို့နေပါတယ်။ချစ်သူကောင်လေးရဲ့ နာမည်ကတော့ Jose Sarasola ဖြစ်ပြီး ဖီလီပိုင်နိုင်ငံသားတစ်ယောက်အဖြစ် သရုပ်ဆောင်မင်းသားနှင့် စာဖိုမှုး အလုပ်ကို လုပ်ကိုင်နေသူဖြစ်ပါတယ်။

Zawgyi Version



Unicode Version

နှစ်ယောက်စလုံးကတော့ Instagram မှာ အသည်းပုံစတစ်ကာလေးနှင့် ဓာတ်ပုံတွေကို အတူတကွ တင်ထားကြတာကိုလည်း သူတို့ရဲ့ Instagram အကောင့်တွေမှာ မြင်တွေ့နိုင်ပါတယ်။စုံတွဲပုံကို တွေ့ခဲ့တဲ့ အသိမိတ်ဆွေတွေကတော့ ဂုဏ်ပြုစကားတွေ ဖောင်ဖွဲ့ပြောဆိုခဲ့ကြပါတယ်။

Sarasola ပိုင်ဆိုင်တဲ့ Sprots Bar မှာ Ozawa တစ်ယောက် ပုံမှန်လာရောက်သူဖြစ်ခဲ့ပြီးတဲ့နောက်ပိုင်း သူတို့နှစ်ယောက် အချိန်တွေကို အတူတကွကုန်ဆုံးခဲ့တယ်လို့ သိရပါတယ်။အခုချိန်မှာတော့ Ozawa ဟာ အသက် ၃၁နှစ်ရှိပြီဖြစ်ပြီးတော့ ဖီလီပိုင်နိုင်ငံမှာဘဲ အခြေချနေထိုင်တော့မှာဖြစ်ပြီးတော့ ညစ်ညမ်းဗီဒီယိုလောကမှ အနားယူကာ ပြည်တွင်းအလုပ်အကိုင်တစ်ခုခုကိုသာ ပြောင်း၍လုပ်ကိုင်တော့မယ်လို့ စိတ်ကူးထားကြောင်း သိရှိရပါတယ်။

source : ns

Pyae Phyoe(Buzzy.com.mm)

Buzzy Team မှ စီစဉ်တင်ဆက်သော buzzy.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Facebook Conversations